Main menu

Background

ဖေဖော်ဝါရီလအတွင်း ပဲတန်ချိန် ရှစ်သောင်းခန့်နီးပါးတင်ပို့

Wed, 03/01/2023 - 14:25 -- journal_editor

ဖေဖော်ဝါရီ ၄ရက်မှ ၁၇ ရက်ထိ ကာလအတွင်း  ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် မတ်ပဲ  တင်ပို့မှုများအား  စုစည်းဖော်ပြပေး လိုက်ပါသည်။ 
ပဲတီစိမ်း
ပဲတီစိမ်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄၄၄ သန်း တန်ဖိုးရှိ ပဲတီစိမ်း တန်ချိန် ၃၄၀၈၀ ကျော်  တင်ပို့ပြီး နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန် ဒေါ်လာ ၇ ဒသမ ၄၇၆ သန်းဖိုးရှိ တန် ချိန် ၁၃၀ဝ၀ ကျော် တ​ေင်ပို့ခဲ့သဖြင့် စုစု ပေါင်း အမေရိကန်‌ဒေါ်လာ ၂၉ ဒသမ ၉၂၀ သန်းဖိုးနှင့်   တန်ချိန် ၄၇၀၈၀ ကျော်   တင်ပို့ခဲ့ကြောင်း   သိရသည်။ ပင်လယ်ရေကြောင်း   ကုန်သွယ်မှုမှ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ တရုတ်၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် အီးယူနိုင်ငံများ သို့ တင်ပို့ခဲ့သည်။ နယ်စပ်ကုန်သွယ်ရေး မှတင်ပို့မှုမှာ မြန်မာ-တရုတ်နယ်စပ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ် ကြောင်းသိရသည်။ 
ပဲစင်းငုံ
ပဲစင်းငုံ တင်ပို့မှုမှာ ပင်လယ်‌ရေ ကြောင်း  ကုန်သွယ်မှုမှ  အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၄၂၉ သန်းဖိုးနှင့် တန်ချိန် ၁၃၆၉၀  ကျော်ဖြစ်သည်။ ပဲစင်းငုံကို  အိန္ဒိယနိုင်ငံသို့ အများဆုံး တင်ပို့ခဲ့သည်။  
မတ်ပဲ
မတ်ပဲကို  ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁၀၃ သန်းဖိုးနှင့် မတ်ပဲတန်ချိန် ၁၈၆၈၀ ကျော် တင်ပို့ခဲ့သည်။ မြန်မာ- တရုတ်နယ်စပ်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၇၀ သန်းတန်ဖိုးရှိ မတ်ပဲ ၉၉ တန်ကို တင်ပို့ခဲ့သည်။ ဖေဖော်ဝါရီ လဝက်အတွင်း ပဲမျိုးစုံတန်ချိန် ၇၉၅၆၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ 

CJ