Main menu

Background

ဧရာမတ်ပဲဈေးနှင့်ဈေးကွက်အလားအလာ

Tue, 05/23/2023 - 10:47 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ပဲမျိုးစုံကုန်စည်ဒိုင်၏ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဈေးနှုန်းများအရ  ဧပြီလ စတုတ္ထပတ်မှစတင်ပြီး မတ်ပဲ တစ်တင်းလျှင် ကျပ် ၇၀ဝ၀ဝ အထက် ရောက်ရှိလာကြောင်း သိရသည်။ 
ဆက်လက်၍ မတ်ပဲဈေးနှုန်း တဖြည်းဖြည်း မြင့်တက်လာနေပြီး လွန်ခဲ့သည့် သီတင်းပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများ မှာ မေ ၈ ရက်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၇၀၃၀ဝ၊ ၉ ရက်တွင် ကျပ် ၇၁၁၀ဝ၊ ၁၀ ရက်တွင် ကျပ် ၇၁၇၀ဝ၊ ၁၁ ရက်တွင် ကျပ် ၇၁၁၀ဝ၊ ၁၂ ရက်တွင် ကျပ် ၇၁၄၀ဝ၊ ၁၃ ရက်တွင် ကျပ် ၇၂၀ဝ၀ အသီးသီးဖြစ်ခဲ့သည်။ ယခင်နှစ် ကာလတူဈေးနှုန်း  တစ်တင်းလျှင် ကျပ် ၅၀ဝ၀ဝ ဝန်းကျင်ရှိခဲ့ပြီး ယခုလက်ရှိ ဈေးနှုန်းသည် စံချိန်တင်နှုန်းထားတစ်ခု ဖြစ်လာကြောင်း သိရှိရသည်။
မေ ၁၁ ရက်တွင် အိန္ဒိယနိုင်ငံ စားသုံးသူရေးရာဝန်ကြီးဌာန သည် ပဲတင်သွင်းသူ ကုန်သည်အသင်းများ၊ မြန်မာဘက်မှ ပဲတင်ပို့ ရောင်းချသူ Exporters  များနှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး မြန်မာ ဘက်မှ ပဲတင်ပို့သူ နထစသမအနမ များအနေဖြင့် အိန္ဒိယနိုင်ငံသို့ တင်ပို့မှု အား ကြန့်ကြာစေရန် ဆောင်ရွက်နေကြောင်း၊ ထိုကဲ့သို့ တင်ပို့မှုဆက် လက်နှောင့်နှေးနေမည်ဆိုပါက အိန္ဒိယနိုင်ငံအနေဖြင့် အစိုးရချင်း  ွ အသ ွ စာချုပ်ချုပ်ဆို ဝယ်ယူသွားရန်သာရှိကြောင်း အဆိုပါအစည်း အဝေးတွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။ မြန်မာ Exporter များ ဘက်ကလည်း ပဲတင်ပို့မှုကို ကြန့်ကြာစေခြင်းမျိုး ဆောင်ရွက်ခြင်းမရှိ ကြောင်း ပြန်လည်ငြင်းဆိုထားသည်။
ယခုနှစ် မြန်မာမတ်ပဲစိုက်ဧကနှင့် အထွက်နှုန်းမှာလည်း သိသိ  သာသာလျော့ကျခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်မှာလည်း တိုးလာ နေသည်။ အိန္ဒိယနိုင်ငံအစိုးရသည် မတ်ပဲနှင့် ပဲစင်းငုံ   လွတ်လပ်စွာ တင်သွင်းခွင့်ကာလကို ၂၀၂၄ ခုနှစ် မတ်လကုန်အထိ တိုးမြှင့်သတ် မှတ်ပေးထားသဖြင့် ပဲစိုက်ပျိုးသူတောင်သူများနှင့် တင်ပို့မှုကွင်းဆက် တစ်လျှောက် ပါဝင်သူများ အကျိုးအမြတ် ပိုမိုရရှိ လာနိုင်ပြီး ယခုနှစ် စိုက်ပျိုးရာသီတွင် မတ်ပဲ၊ ပဲစင်းငုံ ပိုမိုစိုက်ပျိုးရေး၊ ရာသီအမီစိုက်ပျိုး နိုင်ရန် ကြိုတင်ပြင်ဆင်ရေးအတွက် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းက တိုက်တွန်းထားကြောင်း သိရှိရသည်။

ဧရာကုန်သွယ်မှုဗဟိုဌာန