Main menu

Background

မအူပင်မြို့နယ်၏ မတ်ပဲ၊ ပဲတီစိမ်း ဈေးကွက်နှင့်ဝယ်လိုအားအခြေအနေ

Tue, 05/23/2023 - 12:49 -- journal_editor

မအူပင်မြို့နယ်တွင်  ကျေးရွာ အုပ်စု ၇၆ အုပ်စုရှိပြီး ယခုနှစ်တွင် စိုက် ဧက  ၆၁၁၈၈ ရှိပြီး ပျမ်းမျှအထွက်နှုန်း  ၁၇ ဒသမ၂၉  တင်းနှုန်းဖြင့် ၁၀၅၇၉၄၁  တင်း  ထွက်ရှိပြီး  ပဲတီစိမ်း စိုက်ဧက ၂၃၄၈  ဧကရှိပြီး  ပျမ်းမျှအထွက်နှုန်း ၁၈ဒသမ ၃၆)ထွက်ပြီး ၄၃၁၀၉  တင်း ထွက်ရှိနိုင်ကြောင်း   မအူပင်မြို့နယ် လယ်ယာမြေ  စီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာန၏ စာရင်းများအရ သိရှိ ရသည်။
မအူပင်မြို့နယ်      စားသုံးသူ ရေးရာဦးစီးဌာနမှ   မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မေလ ဒုတိယပတ်တွင် မအူပင်မြို့နယ် ရှိ၊ မတ်ပဲ၊ ပဲတီစိမ်းရောင်းဝယ်မှုပြုလုပ် နေသည့် တပင်ရွှေထီး မတ်ပဲ၊ ပဲတီစိမ်း ရောင်းဝယ်ရေး၊   ထွန်းသူဇာမတ်ပဲ၊ ပဲတီစိမ်းရောင်းဝယ်ရေး၊ AAA မတ်ပဲ၊ ပဲတီစိမ်းရောင်းဝယ်ရေးနှင့် ရေလဲကျေး ရွာရှိ ရွှေကုလားကျွန်း မတ်ပဲ၊ ပဲတီစိမ်း ရောင်းဝယ်ရေး၊ တက်နေဝန်း ပွဲရုံများ သို့ ကွင်းဆင်းလေ့လာဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည့်အပြင်  မတ်ပဲ၊  ပဲတီစိမ်း စိုက်ပျိုးသော စစ်ချောင်း၊ နတ်စဉ်၊ ရေလဲ၊ အင်းတေး၊ အင်းမနှင့် ရွှေတောင် မှော်ရွာများသို့   ကွင်းဆင်း၍ မတ်ပဲ၊ ပဲတီစိမ်း  ဈေးကွက်ရရှိမှုနှင့် စိုက်ပျိုး ထုတ်လုပ်မှု၏ အားနည်းချက်၊ အားသာ ချက်များကို ကွင်းဆင်းမေး မြန်းဆောင် ရွက်ခဲ့သည်။
အဆိုပါ  ကွင်းဆင်းလေ့လာမှု တွင် ယခုနှစ်တွင် မတ်ပဲ၊ ပဲတီစိမ်း များ မှာ ယခုနှစ်  ပေါ်ဦးအစမှစ၍ ဈေး အဖွင့်၊ မတ်ပဲ    တစ်တင်းလျှင် ကျပ် ၅၀ဝ၀ဝ ကျော်ဈေးနှင့် ပဲတီစိမ်း တစ် တင်းလျှင်  ကျပ် ၄၀ဝ၀ဝ  ကျော်ဖြင့် အဖွင့်ဈေးမှစ၍ ဈေးကောင်းရရှိခဲ့ပြီး နေ့စဉ် ပွဲရုံသို့  တင်း ၁၀ဝ၀ ကျော်ဝယ်ယူ ရရှိပြီး  ရန်ကုန်သို့ တင်ပို့လျက်ရှိကြောင်း တက်နေဝန်းပွဲရုံပိုင်ရှင်   ဦးရင်ထွေး၏ပြောပြချက်အရ သိရှိရသည်။
မတ်ပဲနှင့် ပဲတီစိမ်းလှိုင်လှိုင်ပေါ် သော ဖေဖော်ဝါရီလနှင့် မတ်လများ တွင် တောင်သူများ၏ ရောင်းချမှု များ ပြားလာသည့်အချိန်တွင် မိမိတို့ပွဲရုံပိုင် ရှင်များအနေဖြင့် ငွေကြေးအလျဉ်မမီမှု များရှိခဲ့သည့် အခြေအနေများကို ထည့် သွင်းဆွေးနွေးမှုအပေါ် စားသုံးသူရေး ရာဦးစီးဌာနမှ     မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးက  မတ်ပဲရောင်းချမှု အခက်အခဲများ အဆင်ပြေစေနိုင်သည့် သက်ဆိုင်ရာဘဏ်များနှင့်  ချိတ်ဆက် ဆောင်ရွက်နိုင်ရေး၊ ရန်ကုန် ဘုရင့်နောင် ပွဲရုံမှ   ငွေကြေးကြိုတင်ရရှိနိုင်သည့် နည်းလမ်းများကို ဆွေးနွေးခဲ့သည်။
စစ်ချောင်းကျေးရွာမှ တောင်သူ ဦးအောင်ကြည်၏  မတ်ပဲ ရောင်းချမှု တွင် မတ်ပဲကို  မိုးစပါးရိတ်သိမ်းပြီး ပပ်ကြားအပ်မြေတွင် စတင်စိုက်ပျိုးခဲ့ ပြီး ယခုနှစ်တွင်  မတ်ပဲစိုက်ပျိုးသည့် အချိန်၌  မြေမှီသဖြင့်  အပင်ကောင်း၊ အောင်မြင်ပြီး တစ်ဧကလျှင် ၁၇ တင်း ကျော်ထွက်ခဲ့ပြီး ယခုအချိန်တွင် ရောင်း ချရသောကြောင့် တစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝ ကျော်ရရှိသဖြင့် ဈေးကောင်း ရရှိကြောင်းနှင့် မတ်ပဲ၊  ပဲတီစိမ်းများ စိုက်ပျိုးထုတ်လုပ်ရာတွင် တစ်နှစ်ထက် တစ်နှစ် ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက်  မတ်ပဲ  မျိုးကောင်းရရှိနိုင်မှု၊ မြေသြဇာ လိုအပ်ချက်နှင့် မြေပြုပြင်မှု အခြေအနေများကို ထည့်သွင်းဆွေးနွေး ခဲ့ရာ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင် ဇော်ဦးက  မတ်ပဲမျိုးကောင်း  ရရှိနိုင်မှု မြေပြုပြင်မှုများအတွက်   စိုက်ပျိုးရေး ဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နိုင် ရေး၊ ဆောင်ရွက်နိုင်မည့်  နည်းလမ်း ကောင်းများကို အသေးစိတ်ဆွေးနွေးခဲ့ ကြောင်း သိရသည်။

Consumer (MT)