Main menu

Background

ရက်သတ္တပတ်အတွင်း ပဲတန်ချိန် ၁၆၀ဝ၀ ကျော် တင်ပို့

Mon, 07/03/2023 - 11:48 -- journal_editor

ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ကာလအတွင်း ပဲတီစိမ်း တန်ချိန် ၉၄၀ဝ ကျော်၊  မတ်ပဲတန်ချိန် ၄၇၀ဝ ခန့်နှင့် ပဲစင်းငုံတန်ချိန် ၂၃၅၀ တင်ပို့ခဲ့ပြီး စုစုပေါင်းတန်ချိန်  ၁၆၄၅၀ ကျော်တင်ပို့မှုကို  အောက်ပါအတိုင်း စုစည်းတင်ပြလိုက်ပါသည်။
ပဲတီစိမ်း
ဇွန် ၁၇ ရက်မှ ၂၃ ရက်ထိ ရက်သတ္တပတ် အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေ ရိကန်ဒေါ်လာ ၄ ဒသမ ၃၅၄ သန်းတန်ဖိုးရှိ ပဲတီ စိမ်းတန်ချိန် ၆၃၀ဝ နီးပါး တင်ပို့ခဲ့ပြီး နိုင်ငံအလိုက် တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ တန်ချိန် ၁၈၀ဝ ကျော်၊ ထိုင်းနိုင်ငံသို့ တန်ချိန် ၁၂၀ဝ နီးပါး၊ ဗီယက် နမ်နိုင်ငံသို့   တန်ချိန် ၁၀ဝ၀ ကျော်၊ စင်ကာပူနိုင်ငံ သို့ တန်ချိန် ၇၀ဝ ခန့်၊ ဂျပန်နိုင်ငံသို့   တန်ချိန် ၆၀ဝ နီးပါး၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၄၀ဝ ခန့်၊ ဖိလစ် ပိုင်နိုင်ငံသို့   တန်ချိန် ၄၀ဝ နှင့် အီးယူနိုင်ငံများသို့ လည်း တင်ပို့ခဲ့သည်။ ယခင်တစ်ပတ် ပင်လယ်ရေ ကြောင်းမှ ပဲတီစိမ်းတန်ချိန် ၇၀ဝ၀ ကျော် တင်ပို့ ခဲ့သဖြင့် ယခုတစ်ပတ်  အနည်းငယ်  လျော့ကျခဲ့ သည်။
ပဲတီစိမ်းကို ယခုတစ်ပတ် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှ  တန်ချိန် ၃၁၀ဝ  ကျော် တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်ကလည်း တန်ချိန်၃၀ဝ၀ ကျော် တင်ပို့ခဲ့သည့်အတွက် နယ်စပ်ကုန်သွယ် ရေးမှာ ပုံမှန်တင်ပို့နေသည်ကို တွေ့ရှိရသည်။
မတ်ပဲ
ယခုတစ်ပတ် ပင်လယ်ရေကြောင်းကုန်သွယ် မှုမှ မတ်ပဲတင်ပို့မှု မှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ဝ၇၁ သန်းနှင့် တန်ချိန် ၄၆၀ဝ နီးပါးရှိပြီး တင်ပို့သည့်  နိုင်ငံများမှာ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၂၈၀ဝ၊ မလေးရှားနိုင်ငံသို့  တန်ချိန် ၃၅၀ နီးပါး၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၄၈၀ ခန့် တင်ပို့ခဲ့ပြီး ဂျပန်နိုင်ငံ၊ စင်ကာပူ၊ ထိုင်း၊ ပါကစ္စတန်နှင့် အီးယူ နိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။ 
ရေကြောင်းမှ ယခင်တစ်ပတ်က မတ်ပဲတန် ချိန် ၁၃၀ဝ၀ ကျော် တင်ပို့ခဲ့သဖြင့် ယခုတစ်ပတ် တန်ချိန် ၈၀ဝ၀ ကျော် လျော့ကျခဲ့သည်။ မြန်မာ-ထိုင်း နယ်စပ်မှလည်း မတ်ပဲ ၉၆ တန် တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်က နယ်စပ်ကုန်သွယ်ရေးမှ  မတ်ပဲ တင်ပို့မှုမရှိကြောင်း သိရှိရသည်။
ပဲစင်းငုံ
ယခုတစ်ပတ် ပင်လယ်ရေကြောင်းကုန်သွယ် မှုမှ ပဲစင်းငုံတန်ချိန် ၂၃၅၀ တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၆၅၄ သန်းရရှိ၍ ယခင်တစ်ပတ် က ၇၅၈ တန် တင်ပို့သဖြင့် ယခုတစ်ပတ် တန်ချိန် ၁၆၀ဝ ခန့် ပိုမိုတင်ပို့ခဲ့သည်။
ယခုတစ်ပတ်အတွင်း   ပဲမျိုးစုံတင်ပို့မှုမှာ တန်ချိန် ၁၆၄၅၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၅၀၈ သန်း ရရှိခဲ့သည်။

CJ