Main menu

Background

မွန်ပြည်နယ်ထွက် ဈေးကွက်အလားအလာရှိသော ပဲမျိုးစုံ

Mon, 07/03/2023 - 13:21 -- journal_editor

မွန်ပြည်နယ်အတွင်း ပဲစိုက်ဧကနှင့်အထွက်နှုန်းသည် ၂၀၂၂-၂၀၂၃ခုနှစ်တွင် ပဲစိုက်ပျိုးဧက ၆၇၃၄၆ ဧက၊ ရိတ်သိမ်း ၆၇၃၄၆ ဧက၊ အထွက် ၁၀၅၅၈၀၂ တင်းရှိသည်။ ပဲမျိုးစုံ မြေပဲ၊ ပဲတီစိမ်း၊  မတ်ပဲ၊ ပဲလွမ်း၊ ဗိုလ်ကိတ်ပဲ၊ ပဲပုပ်ပဲ စသည့်ပဲမျိုးကို စိုက်ပျိုးကြသည်။ ထိုပဲမျိုးစုံများမှ  မွန်ပြည်နယ်အတွင်းမတ်ပဲ၊ ပဲတီစိမ်းနှင့်ပဲလွမ်းဖြူအား အဓိကထားစိုက်ပျိုးသည်။
မတ်ပဲစိုက်ပျိုးမှု
မွန်ပြည်နယ်အတွင်း မတ်ပဲစိုက်ပျိုးမှု ၂၀၂၁-၂၀၂၂ ခုနှစ်တွင် စိုက်ဧက ၆၁၀၇ ဧက၊ တစ်ဧကပျမ်းမျှ အထွက်နှုန်း ၁၆တင်း၊ တစ်တင်း ရောင်းချဈေး ကျပ် ၄၁၃၀ဝ ၊  တစ်ဧကဝင်ငွေ ကျပ် ၆၆၀၈၀ဝ၊ တစ်ဧက အကျိုးအမြတ် ကျပ် ၄၀ဝ၅၀ဝ ဖြစ်သည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စိုက်ဧက ၆၅၀၊ တစ်ဧကပျမ်းမျှအထွက် နှုန်း ၁၅တင်း၊ တစ်တင်းရောင်းချဈေး ကျပ် ၆၈၀ဝ၀၊ တစ်ဧကဝင်ငွေ ကျပ် ၁၀၂၀ဝ၀၊ တစ်ဧကအကျိုးအမြတ် ကျပ် ၆၈၀ဝ၀ဝ ဖြစ်သည်။ တစ်ဧကအကျိုးအမြတ်နှိုင်းယှဉ်လျှင်၂၀၂၁-၂၀၂၂ခုနှစ်တွင် ကျပ် ၄၀ဝ၅၀ဝ၊ ၂၀၂၂-၂၀၂၃ ခုနှစ် တွင်ကျပ် ၆၈၀ဝ၀ဝ ဖြစ်၍ ယခင်နှစ် ထက် အကျိုးအမြတ် ကျပ် ၂၇၉၅၀ဝ ရရှိခဲ့ သည်။
ပဲတီစိမ်းစိုက်ပျိုးမှု
မွန်ပြည်နယ်အတွင်း ပဲတီစိမ်းစိုက်ပျိုးမှု ၂၀၂၁-၂၀၂၂ ခုနှစ်တွင်  စိုက်ဧက ၄၂၄၃၃ ဧက၊ တစ်ဧက ပျှမ်းမျှ အထွက်နှုန်း ၁၅တင်း၊ တစ်တင်းရောင်းချဈေး ကျပ် ၃၈၅၀ဝ၊ တစ်ဧကဝင်ငွေ ကျပ် ၅၇၇၅၀ဝ၊ တစ်ဧက အကျိုးအမြတ် ကျပ် ၃၆၁၀ဝ ဖြစ်သည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင်   စိုက်ဧက ၄၀၇၈၊ တစ်ဧက ပျမ်းမျှအထွက်နှုန်း ၁၄တင်း၊ တစ်တင်း  ရောင်းချဈေး ၇၃၀ဝ၀ကျပ်၊ တစ်ဧကဝင်ငွေ ကျပ် ၁၀၂၂၀ဝ၀၊ တစ်ဧကအကျိုးအမြတ် ကျပ် ၆၇၉၆၀ဝ ဖြစ်သည်။ တစ်ဧက အကျိုးအမြတ်နှိုင်းယှဉ်လျှင်၂၀၂၁-၂၀၂၂ ခုနှစ်တွင် ကျပ်  ၃၆၁၀ဝ ၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကျပ် ၆၇၉၆၀ဝ ဖြစ်၍ ယခင်နှစ်ထက် အကျိုးအမြတ် ကျပ် ၆၄၃၅၀ဝ  ရရှိခဲ့သည်။
ပဲလွမ်းဖြူစိုက်ပျိုးမှု
မွန်ပြည်နယ်အတွင်း ပဲတီစိမ်းစိုက်ပျိုးမှု  ၂၀၂၁-၂၀၂၂ ခုနှစ်တွင် စိုက်ဧက ၉၇၉၀၊ တစ်ဧကပျမ်းမျှ အထွက်နှုန်း ၁၅တင်း၊ တစ်တင်းရောင်းချဈေး ကျပ် ၃၈၀ဝ၀ ၊ တစ်ဧကဝင်ငွေ  ကျပ် ၅၇၀ဝ၀ဝ၊ တစ်ဧက အကျိုးအမြတ် ကျပ် ၂၉၃၅၀ဝ ဖြစ်သည်။  ၂၀၂၂-၂၀၂၃ခုနှစ်တွင် စိုက်ဧက၆၀၃၊ တစ်ဧက ပျမ်းမျှအထွက် နှုန်း ၁၄တင်း၊ တစ်တင်းရောင်းချဈေး ကျပ် ၄၅၀ဝ၀ ၊ တစ်ဧကဝင်ငွေ ကျပ် ၆၃၀ဝ၀ဝ၊ တစ်ဧကအကျိုးအမြတ် ကျပ် ၃၀၁၂၀ဝ ဖြစ်သည်။ တစ်ဧက အကျိုး အမြတ်နှိုင်းယှဉ်လျှင်၂၀၂၁-၂၀၂၂ခုနှစ်တွင် ကျပ် ၂၉၃၅၀ဝ၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကျပ် ၃၀၁၂၀ဝ ဖြစ်၍ ယခင်နှစ်ထက် အကျိုးအမြတ် ကျပ် ၇၇၀ဝ  ရရှိခဲ့သည်။
မတ်ပဲ  စိုက်ပျိုးခြင်း၊ အထွက်တန်၊ လူဦးရေနှင့်သုံးစွဲမှု၊ ပိုလျှံမှု 
မွန်ပြည်နယ်အတွင်း လူဦးရေနှင့် စားသုံးမှု၊ ပိုလျှံမှုအား ၂၀၁၉ -၂၀၂၀ခုနှစ် မှ ၂၀၂၂-၂၀၂၃ခုနှစ် အထိ မတ်ပဲ စိုက်ပျိုးဧက၊ အထွက်တန်၊ သုံးစွဲမှုနှင့်ပိုလျှံမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
မတ်ပဲမှရသော အာဟာရနှင့်အသုံးဝင်ပုံ
မတ်ပဲမှ အာဟာရ ရရှိမှုသည် အစိုဓာတ် ( Moisture%) ၉.၇%၊  အမျှင်ဓာတ် ၄.၃၈% ၊  အဆီ ဓာတ်( Fat) ၁.ဝ% ၊ အမျှင်ဓာတ် (Fiber %) ၃.၈%၊  အသားဓာတ် ပရိုတင်းဓာတ်(Protein  %) ၂၃.၄%၊ ပြာဓာတ် (Ash %) ၄.၈%၊   ကစီဓာတ် ၅၇.၃%တို့ ပါဝင်သည်။ မတ်ပဲကို ပဲပင်ပေါက်၊ ပဲဟင်း၊  ဗယာ ကြော်၊ပါပရာ၊တိုရှည်၊ ပဲမုန့်တို့ပြုလုပ်၍စားသုံးကြသည်။ မတ်ပဲအမှုန့်ကို မုန့်တွင်ထည့်သွင်းခြင်း၊စွပ်ပြုတ်များ ပြုလုပ်ခြင်း၊ မတ်ပဲကို စားသုံးခြင်းဖြင့် အစာခြေဖျက်မှု ကောင်းမွန်စေခြင်း၊ နှလုံးအား ကောင်းမွန်စေခြင်း၊ ရောင်ရမ်းကိုက်ခဲမှုကို သက်သာလျော့ကျစေခြင်း၊ အရိုးအဆစ်များကို  သန်မာစေခြင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် ကောင်းမွန်စေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိသည်။
ပဲတီစိမ်းပဲ  စိုက်ပျိုးခြင်း၊ အထွက်တန်၊ လူဦးရေနှင့်သုံးစွဲမှု၊ ပိုလျှံမှု 
မွန်ပြည်နယ်အတွင်း လူဦးရေနှင့်စားသုံးမှု၊ ပိုလျှံမှုအား ၂၀၁၉ -၂၀၂၀ခုနှစ် မှ ၂၀၂၂-၂၀၂၃ ခုနှစ် အထိ ပဲတီစိမ်း စိုက်ပျိုးဧက၊ အထွက်တန်၊ သုံးစွဲမှုနှင့်ပိုလျှံမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ပဲတီစိမ်းမှရသော အာဟာရနှင့်အသုံးဝင်ပုံ 
ပဲတီစိမ်းမှ အာဟာရ ရရှိမှုသည် အမျှင်ဓာတ် ၄.၃၈% ၊  အဆီ ဓာတ် (Fat) အေ) ၁.၃၉% ၊ အမျှင်ဓာတ် (Fiber %) ၄.၃၈%၊  ပရိုတင်း ဓာတ် (Protein %) ၁၉.၇၉.၆၀%၊ ပြာဓာတ်(Ash%) ၃.၈၃%၊   ကာဘိုဟိုက်ဒြိတ်(Carbo Hydrate  %) ၅၅.၃၉%၊ ဟိုက်ဒရိုဂျင် ၂.၉ မီလီဂရမ်မှ ၁၀ဝမီလီဂရန်တို့ ပါဝင် ပါသည်။ ပဲတီစိမ်းကို ပဲတီစိမ်းအစေ့များကို ချက်ပြုတ်စားသောက်သကဲ့သို့ အပင်ဖောက်၍လည်း ပဲပင် ပေါက်အဖြစ် စားသောက်ဖွယ်ရာမျိုးစုံတွင်လည်း ထည့်သွင်းစားသောက်ခြင်း၊ ပဲတီစိမ်းမှ ပဲကြာဆံပြုလုပ် ခြင်း၊ ပဲတီစိမ်းဖြင့်လှော်၍အခွံချွတ်ပြီး အစေ့ခွဲခြမ်းကိုအမှုန့်ကြိတ်ကာ အထွေထွေစားသောက်ကုန်များ ပြုလုပ်ကြသည်။ 
ပဲလွမ်းဖြူ စိုက်ပျိုးခြင်း၊ အထွက်တန်၊ လူဦးရေနှင့်သုံးစွဲမှု၊ ပိုလျှံမှု 
မွန်ပြည်နယ်အတွင်း လူဦးရေနှင့် စားသုံးမှု၊ ပိုလျှံမှုအား ၂၀၁၉-၂၀၂၀ခုနှစ် မှ ၂၀၂၂-၂၀၂၃ ခုနှစ် အထိ ပဲလွန်းဖြူ စိုက်ပျိုးဧက၊ အထွက်တန်၊ သုံးစွဲမှုနှင့်ပိုလျှံမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ပဲလွန်းဖြူမှရသော အာဟာရနှင့်အသုံးဝင်ပုံ
ပဲလွမ်းဖြူမှ အာဟာရ ရရှိမှုသည် အစိုဓာတ် (Moisture %) ၁၁.ဝ၀၊  အဆီဓာတ်  (Fat)၁.၃၀%၊ အမျှင်ဓာတ် (Fiber %) ၃.၉၀%၊  ပရိုတင်းဓာတ် (Protein %) ၂၅.၆၀%၊ ပြာဓာတ် (Ash %) ၃.၆၀%၊   ကာဘိုဟိုက်ဒရိတ် (Carbo Hydrate %) ၅၆.၈၀% တို့ ပါဝင်ပါသည်။    စားသုံးသူများသည် ပဲမှရသော အသားဓာတ်ကို ပဲလွမ်းမှလည်း ရရှိသည်။ မွန်ပြည်နယ်ဒေသထွက်   ပဲလွမ်းဖြူကို စားသုံးသူများက အမျိုးမျိုး စားသုံးလျက်ရှိရာ အသီးနုချိန်တွင် ဟင်းလျာအဖြစ်  ပြုတ်၊ ချက်စားသုံး၍  အသီးမှည့်ချိန်တွင် ကောက်ညှင်းနှင့်ပေါင်းစားခြင်း၊ အစေ့ကိုလှော်စားခြင်း၊ အပင်ဖောက်စားသုံးခြင်း၊ မွန်ရိုးရာအစားအစာ ထဲမှတစ်ခုဖြစ်သော ပဲသုပ်လုပ်စားခြင်း ပဲလွမ်းကိုပြုတ်၍ သခွားသီး၊ကြက်သွန်နီ၊ရှောက်ရွက်၊ဆား၊မန်ကျည်းရည်၊ ဆီကျက်တို့ဖြင့်ရောမွှေ၍ ပဲသုပ်ပြုလုပ်စားကြသည်။ အရသာပိုရှိ၍ သက်သတ်လွတ် စားသုံး သူများ ကြိုက်နှစ်သက်သည့် အာဟာရပြည့် ထမင်းမြိန်သော ပဲမျိုးဖြစ်သည်။
မွန်ပြည်နယ်အတွင်း အထွက်နှုန်း အကောင်းဆုံး ပဲလွမ်းဖြူ 
မွန်ပြည်နယ်အတွင်းစိုက်ပျိုးသည့် မတ်ပဲ၊ ပဲတီစိမ်းနှင့်ပဲလွမ်းသီးနှံတို့မှ ပဲလွမ်းသည် ပြည်နယ်၏ရေမြေသဘာဝနှင့်ကိုက်ညီ၍  စိုက်ပျိုးမှုနှင့်ထွက်ရှိမှုအကောင်းဆုံးရရှိသည့် ပဲမျိုးဖြစ်ပြီး တောင်သူအကျိုး အမြတ်ဝင်ငွေ အများဆုံးရရှိမှုတွေ့ရှိရသည်။ မွန်ပြည်နယ်ဒေသတွင်းရှိ လူဦးရေ၏ စားသုံးမှုအပြင် ပိုလျှံပါသည်။ ပိုလျှံသည့် ပဲလွမ်းဖြူကို ရန်ကုန်တိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးသို့  ပို့ဆောင်နိုင် ပါသည်။ ဒေသတစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများလည်း ပိုမိုစိုက်ပျိုးလျှင် အကျိုးအမြတ်ဝင်ငွေရရှိမှု အပြည့် အဝ ယုံကြည်စိုက်ပျိုးကြသည်။ ပဲသီးနှံစိုက်ပျိုးတောင်သူများအနေဖြင့် စိုက်ပျိုးထုတ်လုပ်ရာတွင်GAP (Good Agricultural Practices)နည်းစနစ်ဖြင့် စိုက်ပျိုးပါက အထွက်နှုန်းကောင်းရုံမျှမက ဈေးကွက် ကောင်း ရရှိလာမည်ဖြစ်သည်။ ထို့ကြောင့် မွန်ပြည်နယ်အထွက်  ဈေးကွက်အလားအလာရှိသည့်ပဲများ အကြောင်း တင်ပြလိုက်ရသည်။ 

ခင်ကြည်(မွန်ပြည်နယ်)