Main menu

Background

ပြည်ကုန်စည်ဒိုင်၏ ဇူလိုင်လတွင် ဖြစ်ပေါ်ခဲ့သော ပဲဈေးကွက်

Mon, 07/31/2023 - 11:30 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျက်ရှိရာ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲဈေးမှာ အပြောင်းအလဲရှိပြီး ဗိုလ်ကိတ်ပဲ၊ စား တော်ပဲ၊ ပဲကြီးဈေးမှာ အပြောင်းအလဲ နည်းသည်ကို တွေ့ရသည်။ 
မတ်ပဲ
ဇူလိုင်လပထမပတ်တွင် မတ်ပဲတစ်တင်းကို ကျပ် ၇၄၅၀ဝ-၇၅၀ဝ၀ ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၂၅၀ ခန့်ရှိသည်။ ဇူလိုင်လ ဒုတိယပတ်တွင် မတ်ပဲဈေးကျပြီး ပဲတစ်တင်းကို ကျပ် ၇၂၅၀ဝ-၇၃၀ဝ၀ ဖြင့် ဈေးကျခဲ့ပြီး ရန်ကုန်တင်ပို့မှုရှိခဲ့သည်။ ဇူလိုင်လ တတိယပတ်တွင် မတ်ပဲတစ်တင်းကို ကျပ် ၇၃၀ဝ၀၊ စတုတ္ထပတ်တွင် ကျပ် ၇၃၀ဝ၀ ဖြင့် ဈေးအေးနေခဲ့ပြီး ရန်ကုန် ဝယ်လက် အဝယ်ရှိခဲ့သည်။
ပဲစင်းငုံ
ပြည်ကုန်စည်ဒိုင်တွင် ဇူလိုင်လပထမပတ်တွင် ပဲစင်းငုံတစ် တင်းကို ကျပ် ၈၉၀ဝ၀-၉၀ဝ၀ဝ ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၂၀ဝ ခန့်ရှိခဲ့သည်။ ဇူလိုင်လဒုတိယပတ်တွင် ပဲစင်းငုံ ဈေး ပြန်တက်လာပြီး တစ်တင်းကို ကျပ် ၁၀ဝ၀ဝ၀ ဖြင့် ရန်ကုန်အဝယ် ရှိခဲ့သည်။ ဇူလိုင်လ တတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ကျပ် ၁၀ဝ၀ဝ၀ ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၃၀ဝ ခန့်ရှိသည်။ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို ကျပ် ၉၉၀ဝ၀ ဖြင့် ဈေးကျ လာခဲ့ပြီး ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၂၅၀ ခန့်ရှိသည်။
ကုလားပဲ
ပြည်ကုန်စည်ဒိုင်တွင် ဇူလိုင်လပထမပတ်၌ ကုလားပဲ(ူံ) တစ်တင်းကို ကျပ် ၈၈၀ဝ၀-၈၉၀ဝ၀-၉၀ဝ၀ဝ၊ (မြကြေးမှုံ) တစ်တင်းကို ကျပ် ၈၉၀ဝ၀-၉၀ဝ၀ဝ ဖြင့် ခွဲစက်သမားများနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၄၀ဝ ခန့်အဝယ်ရှိသည်။ ဇူလိုင် လ ဒုတိယပတ်တွင် ကုလားပဲဈေးကျပြီး ကုလားပဲ(ူံ) တစ်တင်း ကို ကျပ် ၈၇၀ဝ၀-၈၈၀ဝ၀၊ မြကြေးမှုံတစ်တင်းကို ကျပ် ၈၈၀ဝ၀-၈၈၅၀ဝ ဖြင့် ခွဲစက်သမားနှင့် နယ်စုံအဝယ်တစ်ရက်ကို အိတ် ၃၀ဝ-၄၀ဝ ခန့်ရှိခဲ့သည်။ ဇူလိုင်လ တတိယပတ်တွင် ကုလားပဲ (ူံ) တစ်တင်းကို ကျပ် ၈၈၀ဝ၀၊ မြကြေးမှုံ တစ်တင်းကို ကျပ် ၈၉၀ဝ၀ ဖြင့် ခွဲစက်သမားများနှင့် မြို့တွင်းအဝယ်ရှိပြီး တစ်ရက် ကို အိတ် ၃၀ဝ-၄၀ဝ ခန့် ရောင်းဝယ်ခဲ့သည်။ စတုတ္ထပတ်တွင် ကုလားပဲဈေးအေးနေပြီး ခွဲစက်သမားနှင့် ရန်ကုန်အဝယ်ရှိခဲ့သည်။  
ပဲကြီး
ဇူလိုင်လ ပထမပတ်တွင် ပြည်ကုန်စည်ဒိုင်၏ ပဲကြီးဈေးမှာ ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ကျပ် ၉၅၀ဝ၀ ဖြင့် ပဲကြော်သမား များ တစ်ရက်ကို အိတ် ၃၀ဝ-၃၅၀ ခန့်အဝယ်ရှိသည်။ ဇူလိုင်လ ဒုတိယပတ်တွင် ပဲကြီးဈေးကျပြီး (ရွှေကျွန်း)တစ်တင်းကို ကျပ် ၉၅၀ဝ၀-၉၆၀ဝ၀ ဖြင့်  ပဲကြော်သမားများ မြို့တွင်းအဝယ်နှင့် တစ်ခါတစ်ရံ ရန်ကုန်အဝယ်ရှိပြီး တစ်ရက်ကို အိတ် ၄၀ဝ ခန့် အဝယ်ဖြစ်ခဲ့သည်။ ဇူလိုင်လတတိယပတ်တွင် ပဲကြီး (ကုန်းပဲ)တစ်တင်းကို ကျပ် ၉၅၀ဝ၀၊ ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ကျပ် ၉၆၀ဝ၀-၉၈၀ဝ၀ ဖြင့် ပဲကြော်သမားများမှ တစ်ရက်ကို အိတ် ၂၅၀/၃၀ဝ ခန့် အဝယ်ရှိသည်။ စတုတ္ထပတ်တွင် ပဲကြီး (ကုန်းပဲ)တစ်တင်းကို ကျပ် ၉၆၀ဝ၀၊ ပဲကြီး (ရွှေကျွန်း) တစ်တင်းကို ကျပ် ၉၈၀ဝ၀ ဖြင့် ပဲကြော်သမားများအဝယ်ရှိခဲ့သည်။ 
စားတော်ပဲ(ကျွန်း)
ဇူလိုင်ပထမပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ကျပ် ၁၄၀ဝ၀ဝ ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၄၀-၅၀ ခန့် အဝယ်ရှိခဲ့သည်။ ဇူလိုင်ဒုတိယပတ်တွင် စားတော်ပဲ (ကျွန်း)ဈေး အေးနေပြီး  တစ်တင်းကို ကျပ် ၁၄၀ဝ၀ဝ ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် ၄၀-၅၀ ခန့် အဝယ်ရှိခဲ့သည်။ ဇူလိုင်လတတိယ ပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ကျပ် ၁၄၀ဝ၀ဝ၊ စတုတ္ထ ပတ်တွင် စားတော်ပဲဈေးအေးနေပြီး ပဲတစ်တင်းကို ကျပ် ၁၄၀ဝ၀ဝ ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၂၀-၂၅ ခန့် အဝယ်ရှိခဲ့ သည်။
ဗိုလ်ကိတ်ပဲ
ဇူလိုင်လ  ပထမပတ်တွင် ဗိုလ်ကိတ်တစ်တင်းကို  ကျပ် ၅၈၀ဝ၀-၆၀ဝ၀ဝ ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကိုအိတ် ၄၀၊ ၅၀၊ ၁၀ဝ ခန့် အဝယ်ရှိခဲ့သည်။ ဇူလိုင်လဒုတိယပတ်တွင် ဗိုလ်ကိတ် ဈေး  အေးနေပြီး တစ်တင်းကို ကျပ် ၅၈၀ဝ၀-၆၀ဝ၀ဝ ဖြင့် မြို့တွင်းနှင့်  တစ်ခါတစ်ရံ ရန်ကုန်အဝယ်ရှိသည်။  ဇူလိုင်လ တတိယပတ်တွင်   ဗိုလ်ကိတ်တစ်တင်းကို  ကျပ် ၅၈၀ဝ၀ ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် ၄၀၊ ၅၀ ခန့် အဝယ်ရှိသည်။ စတုတ္ထပတ်တွင်   ဗိုလ်ကိတ်ဈေးအေးနေပြီး  တစ်တင်းကို ကျပ် ၅၈၀ဝ၀ ဖြင့် မြို့တွင်းအဝယ်ရှိခဲ့သည်။
ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲများတွင် မတ်ပဲ၊ ပဲစင်းငုံ၊ ဗိုလ်ကိတ်၊ စားတော်ပဲ ဈေးမှာ ပုံမှန် အရောင်းအဝယ်ရှိခဲ့သည်။   ကုလားပဲ၊  ပဲကြီးသီးနှံများမှာ အရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

မိမိအေး (ပြည်)