Main menu

Background

ဇူလိုင်လတတိယပတ်အတွင်း ပဲတန်ချိန် ၁၆၀၀၀ကျော် တင်ပို့

Mon, 07/31/2023 - 11:35 -- journal_editor

ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန် သွယ်မှုမှ မတ်ပဲတန်ချိန် ၁၀၄၂၀ ကျော်၊ ပဲတီစိမ်း တန်ချိန် ၃၇၂၀ ကျော်၊ ပဲစင်းငုံတန်ချိန် ၂၃၇၀ ကျော် စုစုပေါင်း တန်ချိန် ၁၆၅၁၀ ကျော်တင်ပို့ခဲ့သည်။
မတ်ပဲ
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၄၃ သန်းတန်ဖိုးရှိ မတ်ပဲတန်ချိန် ၁၀၄၂၀ ကျော်တင်ပို့ခဲ့ရာ အိန္ဒိယနိုင်ငံသို့ အများ ဆုံးတင်ပို့ပြီး မလေးရှား၊ ပါကစ္စတန်၊ ထိုင်း၊ ဗီယက်နမ် နှင့် ယူအေအီးနိုင်ငံများ သို့လည်း တင်ပို့ခဲ့သည်။ တန်ချိန်များအနေဖြင့် အိန္ဒိယနိုင်ငံသို့ တန်ချိန် ၇၅၂၀ ကျော်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၂၀ဝ နီးပါး၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံသို့ တန်ချိန် ၃၇၀ ကျော်စီ၊ ယူအေအီးနိုင်ငံများသို့ တန်ချိန် ၆၀ဝ နှင့် ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အီးယူနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်က မတ်ပဲတန်ချိန် ၁၄၄၂၀ ကျော် တင်ပိုခဲ့သဖြင့် ယခုတစ်ပတ် မတ်ပဲတင်ပို့မှု တန်ချိန် ၄၀ဝ၀ ခန့် လျော့နည်းခဲ့သည်။
ပဲတီစိမ်း
ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အတွင်း ပဲတီစိမ်းတင်ပို့မှုမှာ ပင်လယ်ရေ ကြောင်းကုန်သွယ်မှုမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၂ဒသမ ၅၇၅ သန်းနှင့် တန်ချိန် ၃၇၂၀ ကျော်ဖြစ်သည်။ ပဲတီစိမ်းကို ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၁၃၀ဝ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ၁၁၂၅တန်၊ ထိုင်းနိုင်ငံသို့ တန်ချိန် ၅၅၀၊ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၂၇၀ ကျော်၊ ဂျပန်နိုင်ငံသို့ တန်ချိန် ၂၀ဝနှင့် မလေးရှား၊ စင်ကာပူ၊ အီးယူနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်က ပဲတီစိမ်းတန်ချိန် စုစုပေါင်း ၁၀ဝ၀ဝ ကျော်တင်ပို့ခဲ့သည်။
ပဲစင်းငုံ
ယခုတစ်ပတ်ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိ ကန် ဒေါ်လာ ၂ဒသမ ၂၀၄ သန်းတန်ဖိုးရှိ ပဲစင်းငုံ ၂၃၇၀ ကျော်ကို အိန္ဒိယနိုင်ငံသို့ တင်ပို့ခဲ့ သည်။ ယခင်တစ်ပတ်က တန်ချိန် ၅၇၉၀ ကျော် တင်ပို့ခဲ့သဖြင့် ယခုတစ်ပတ် တန်ချိန် ၃၄၂၀ လျော့ကျခဲ့သည်။  ယခုတစ်ပတ်အတွင်း မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ တန်ချိန် ၁၆၅၁၀ တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ ၁၃ဒသမ ၇၂၂သန်း ဝင်ငွေ ရရှိခဲ့သည်။

CJ