Main menu

Background

ဇူလိုင်လအတွင်း ပဲတန်ချိန် တစ်သိန်းကျော်တင်ပို့

Mon, 08/14/2023 - 10:18 -- journal_editor

ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိ တစ်လတာ ကာလအတွင်း မတ်ပဲတန်ချိန် ၅၄၉၆၄ တန်၊ ပဲတီစိမ်းတန်ချိန် ၄၀၅၀ဝ နှင့် ပဲစင်းငုံတန်ချိန် ၂၀၃၅၀ တင်ပို့ခဲ့သဖြင့် စုစုပေါင်း ပဲတန်ချိန် ၁၁၅၈၁၀ ကျော် တင်ပို့ခဲ့သည်။
မတ်ပဲ
ဇူလိုင်လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄၇ဒသမ ၆၁၀ သန်း တန်ဖိုးရှိ မတ်ပဲတန်ချိန် ၅၄၉၀ဝ တင်ပို့ခဲ့သည်။ နိုင်ငံအလိုက် တင်ပို့မှုများမှာ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၄၁၂၅၀၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၂၈၀ဝ နီးပါး၊ ပါကစ္စတန်သို့ တန်ချိန် ၂၀ဝ၀ ကျော်၊ ယူအေအီးသို့ ၆၂၅ တန်၊ ဂျပန်နိုင်ငံသို့ ၁၂၅ တန်အပြင် အီးယူနိုင်ငံများ ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်းနိုင်ငံတို့သို့လည်း တင်ပို့ခဲ့သည်။ မြန်မာ - ထိုင်းနယ်စပ်မှ ဇူလိုင်လအတွင်း မတ်ပဲ ၆၄ တန် တင်ပို့ခဲ့သဖြင့် စုစုပေါင်း ၅၄၉၆၄ တန် ကုန်သွယ်မှု ရှိခဲ့သည်။
ပဲတီစိမ်း
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဇူလိုင်လအတွင်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇၁၈ သန်း တန်ဖိုးရှိ ပဲတီစိမ်း တန်ချိန် ၂၂၆၄၀ တန်ခန့် တင်ပို့ခဲ့သည်။ ပဲတီစိမ်း တင်ပို့မှုများမှာ တရုတ်နိုင်ငံသို့ တန်ချိန် ၆၀ဝ၀ ကျော်၊ ထိုင်းနိုင်ငံသို့ တန်ချိန် ၂၂၄၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ ၁၇၂၅ တန်၊ ဂျပန်နိုင်ငံသို့ တန်ချိန် ၁၅၆၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့  တန်ချိန် ၆၈၀ဝ ကျော်၊ မလေးရှားနှင့် စင်ကာပူတို့သို့ တန်ချိန် ၁၀ဝ၀ ကျော်စီနှင့် အီးယူနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။ ထို့ပြင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး စခန်းများမှာလည်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇၂၅ သန်း တန်ဖိုးရှိ ပဲတီစိမ်းတန်ချိန် ၁၇၈၇၀ ကျော် တင်ပို့ခဲ့သည်။ သို့ဖြစ်၍ ဇူလိုင်လအတွင်း ပဲတီစိမ်း တင်ပို့မှုတန်ချိန် ၄၀၅၀ဝ ကျော်ရှိခဲ့သည်။
ပဲစင်းငုံ
ဇူလိုင်လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၄၈၅ သန်း တန်ဖိုးရှိ ပဲတီစိမ်း တန်ချိန် ၂၀၃၅၀ ကျော် တင်ပို့ခဲ့ရာ အိန္ဒိယနိုင်ငံသို့ အများဆုံး တင်ပို့ခဲ့သည်။ ဇူလိုင်လအတွင်း မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံ တန်ချိန် စုစုပေါင်း ၁၁၅၈၁၀ ကျော် တင်ပို့ခဲ့သည်။            

 

                                                                                       CJ