Main menu

Background

သြဂုတ်လအတွင်း ပဲတန်ချိန် ခုနစ်သောင်းကျော်တင်ပို့

Thu, 08/31/2023 - 10:29 -- journal_editor

သြဂုတ် ၁၂ ရက်မှ ၁၈ ရက်ထိ ကာလအတွင်း ပင်လယ် ရေကြောင်း   ကုန်သွယ်မှုနှင့်  နယ်စပ်ကုန်သွယ်မှုမှ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း  တန်ချိန် ၇၄၄၀ဝ ကျော် တင်ပို့ခဲ့ခြင်းအား စုစည်းဖော်ပြလိုက်ပါသည်။
မတ်ပဲ
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၁၉၈ သန်း တန်ဖိုးရှိ မတ်ပဲတန်ချိန် ၁၀၁၀ဝ  ကျော် တင်ပို့ခဲ့သည်။ မတ်ပဲအများဆုံး တင်ပို့သည့်နိုင်ငံများမှ  အိန္ဒိယနိုင်ငံဖြစ်ပြီး တန်ချိန် ၆၃၅၀ တင်ပို့ခဲ့သည်။ ထပ်မံတင်ပို့သည့် နိုင်ငံများမှာ ပါကစ္စတန်နိုင်ငံသို့ တန်ချိန် ၁၈၀ဝ၊ မလေးရှားနိုင်ငံသို့တန်ချိန် ၂၆၀ခန့်၊ ထိုင်းနိုင်ငံသို့ တန်ချိန် ၂၀ဝနှင့် စင်ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ယူအေအီးနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်က မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၁၈၁၇၀ ကျော် ဖြစ်သဖြင့် ယခုတစ်ပတ်တင်ပို့မှုမှာ တန်ချိန် ၈၀ဝ၀ကျော် လျော့ကျခဲ့သည်။    
ပဲစင်းငုံ
ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၅၃ ဒသမ ၃၄၃ သန်း   တန်ဖိုးရှိ ပဲစင်းငုံတန်ချိန် ၅၉၇၀ဝ ခန့်တင်ပို့ခဲ့ရာ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၅၉၅၆၀ ခန့် အများဆုံးတင်ပို့ခဲ့ပြီး စင်ကာပူနှင့် အီးယူနိုင်ငံများသို့လည်း အနည်းငယ်တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်က ပဲစင်းငုံတန်ချိန် ၅၂၆၀ တင်ပို့ခဲ့သဖြင့် ယခုတစ်ပတ် တန်ချိန် ၅၄၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့သည်။
ပဲတီစိမ်း
ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ  အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၇၅ သန်းတန်ဖိုးရှိ ပဲတီစိမ်းတန်ချိန် ၂၉၃၀ ခန့်တင်ပို့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့တန်ချိန် ၁၀ဝ၀ ကျော်၊  ဗီယက်နမ်နိုင်ငံသို့ ၆၇၅ တန်၊ ထိုင်းနိုင်ငံသို့ ၂၇၅ တန်၊ ဖိလစ်ပိုင်နိုင်ငံသို့ ၃၂၅ တန်နှင့်   မလေးရှားနိုင်ငံ၊ စင်ကာပူ နိုင်ငံနှင့် အီးယူနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။ ပင်လယ်ရေ ကြောင်းအပြင် မြန်မာ- တရုတ်  နယ်စပ်ကုန်သွယ်မှုမှလည်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၈၂ သန်း  တန်ဖိုးရှိ ပဲတီစိမ်း ၁၆၇၅ တန်ကျော် တင်ပို့ခဲ့သဖြင့်  သြဂုတ်လ တတိယပတ် အတွင်း ပဲတီစိမ်းတင်ပို့မှုမှ တန်ချိန် စုစုပေါင်း ၄၆၀ဝ ကျော်ရှိ ခဲ့သည်။ ယခင်တစ်ပတ်က ပဲတီစိမ်းတန်ချိန် ၅၂၀ဝ ခန့် တင်ပို့ ခဲ့သဖြင့် ယခုတစ်ပတ် တန်ချိန် ၆၀ဝ လျော့ကျခဲ့သည်။
သြဂုတ် ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတန်ချိန် စုစုပေါင်း ၇၄၄၀ဝ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၆၅ ဒသမ ၇၉၈ သန်း  ရရှိခဲ့ ကြောင်း သိရသည်။                                              
         

CJ