Main menu

Background

မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း တန်ချိန် တစ်သိန်းနှစ်သောင်းကျော်ကို သြဂုတ်လအတွင်း တင်ပို့

Mon, 09/11/2023 - 10:31 -- journal_editor

သြဂုတ် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်း တန်ချိန် စုစုပေါင်း ၁၂၉၆၉၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၁၂ သန်းကျော် ပို့ကုန်ဝင်ငွေ ရရှိခဲ့ကြောင်း သိရသည်။
မတ်ပဲ
မတ်ပဲတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၇၀ ဒသမ ၇၁၀ သန်းနှင့် တန်ချိန် ၇၈၃၀ဝ ကျော် ပို့ခဲ့ကြောင်း သိရှိရသည်။  မတ်ပဲကို အိန္ဒိယနိုင်ငံသို့ တန်ချိန် ၅၈၀ဝ၀၊ ပါကစ္စတန်နိုင်ငံသို့ တန်ချိန် ၅၂၀ဝ ကျော်၊  စင်ကာပူနိုင်ငံသို့ တန်ချိန် ၄၁၅၀ ကျော်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၁၆၅၀ ကျော်နှင့် ဂျပန်နိုင်ငံနှင့် အီးယူနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှု အပြင် နယ်စပ်ကုန်သွယ်မှုမှလည်း တရုတ်နိုင်ငံသို့ မတ်ပဲ ၆၈ တန်ကျော် နှင့် ထိုင်းနိုင်ငံသို့ ၉၆ တန် တင်ပို့ခဲ့သည်။
ပဲစင်းငုံ
သြဂုတ်လ  တစ်လတာအတွင်း ပဲစင်းငုံကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ တန်ချိန် ၂၆၉၃၀ တင်ပို့ခဲ့သည်။ ပဲစင်းငုံကို အိန္ဒိယနိုင်ငံသို့ တန်ချိန် ၂၆၉၀ဝ ကျော် အများဆုံးတင်ပို့ပြီး မလေးရှားနှင့် အီးယူနိုင်ငံများ သို့ အနည်းငယ်စီ တင်ပို့ခဲ့သည်။ ပဲစင်းငုံတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေ ရိကန်ဒေါ်လာ ၂၄ ဒသမ ၁၇၂ သန်းရရှိခဲ့ကြောင်း သိရသည်။
ပဲတီစိမ်း
သြဂုတ်လအတွင်း ပဲတီစိမ်းတင်ပို့မှုမှာ ပင်လယ်ရေကြောင်း ကုန် သွယ်မှုမှ တန်ချိန် ၁၇၂၉၀ ကျော်တင်ပို့ခဲ့ရာ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၃၃၇၀ ကျော်၊ တရုတ်နိုင်ငံသို့ တန်ချိန် ၃၂၄၀၊ စင်ကာပူနိုင်ငံ သို့ တန်ချိန် ၂၅၂၀ ကျော်၊ ထိုင်းနိုင်ငံသို့ တန်ချိန် ၂၄၂၀ ကျော်၊ ဂျပန်နိုင်ငံသို့ တန်ချိန် ၂၁၁၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၁၇၇၀ ကျော်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၆၅၅ တန်နှင့် အီးယူနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။ ပဲတီစိမ်း တင်ပို့မှု၏ ပို့ကုန်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁၃၄ သန်း ဖြစ်သည်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုသာမက မြန်မာ-တရုတ် နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၆၅ သန်းတန်ဖိုးရှိ ပဲတီစိမ်းတန်ချိန် ၆၉၉၀ ကျော် တင်ပို့ခဲ့သည်။ 
သြဂုတ် ၁ရက်မှ ၃၁ ရက်အထိ  ကာလအတွင်း မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း တင်ပို့မှုစုစုပေါင်း တန်ချိန် ၁၂၉၆၉၀ ကျော်အား စုစည်းဖော်ပြ လိုက်ပါသည်။
 

CJ