Main menu

Background

စက်တင်ဘာ တတိယပတ်အတွင်း ပဲတန်ချိန် သုံးသောင်းငါးထောင်ကျော် တင်ပို့

Tue, 09/26/2023 - 10:07 -- journal_editor

စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ကာလအတွင်း မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတင်ပို့မှုမှာ တန်ဖိုး အမေရိကန် ဒေါ်လာ ၃၂ ဒသမ ၁၂၃ သန်းနှင့် တန်ချိန် ၃၅၅၄၀ ကျော် တင်ပို့ခဲ့ကြောင်း သိရှိရသည်။
မတ်ပဲ
မတ်ပဲတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်း ကုန် သွယ်မှုမှ တန်ဖိုးအမေရိကန်ဒေါ်လာ ၂၆ ဒသမ  ၉၆၄ သန်း နှင့် တန်ချိန်  ၂၉၀၄၀ ဖြစ်ပြီး ယခင်တစ်ပတ် တင်ပို့မှုထက် တန်ချိန် ၁၀၇၀ဝ ပိုမို တင်ပို့နိုင်ကြောင်း သိရှိရသည်။ မတ်ပဲ ကို အိန္ဒိယနိုင်ငံသို့ တန်ချိန် ၂၃၆၅၀၊ ပါကစ္စတန်နိုင်ငံသို့ တန် ချိန် ၂၃၅၀၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၆၁၀ ကျော်၊ မလေးရှား နိုင်ငံသို့ တန်ချိန် ၄၅၀ ကျော်နှင့် ထိုင်းနိုင်ငံနှင့် အီးယူနိုင်ငံများ သို့လည်း တင်ပို့ခဲ့သည်။ 
ပဲတီစိမ်း
ပင်လယ်ရေကြောင်း   ကုန်သွယ်မှုမှ  အမေရိကန် ဒေါ်လာ ၂ ဒသမ  ၇၄၀ သန်း တန်ဖိုးရှိ ပဲတီစိမ်း တန်ချိန်၃၉၇၀ ကျော်တင်ပို့ခဲ့ရာ စင်ကာပူနိုင်ငံသို့ တန်ချိန် ၁၁၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၉၀ဝ နီးပါးနှင့်  ထိုင်းနိုင်ငံသို့ တန်ချိန်  ၅၅၀၊  ဖိလစ်ပိုင်နိုင်ငံသို့  တန်ချိန်၅၀ဝ နီးပါးနှင့် တရုတ်နိုင်ငံနှင့် အီးယူနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။ 
ယခင်တစ်ပတ် ပင်လယ်ရေကြောင်းမှ တင်ပို့မှုထက် တန်ချိန် ၁၅၀ဝ ကျော် ပိုမိုတင်ပို့ခဲ့သည်။ ယခုတစ်ပတ်တွင် မြန်မာ-တရုတ်နယ်စပ်မှလည်း အမေရိကန်ဒေါ်လာ သုည ဒသမ ၇၃၂ သန်း တန်ဖိုးရှိ ပဲတီစိမ်း တန်ချိန်၉၇၀ ကျော် တင်ပို့ခဲ့ကြောင်းသိရှိရသည်။
ပဲစင်းငုံ
စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၈၇  သန်း တန်ဖိုးရှိ  ပဲစင်းငုံ တန်ချိန် ၁၅၅၀ ကျော် တင်ပို့ခဲ့သည်။ စက်တင်ဘာလ တတိယပတ်အတွင်း မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ တန်ချိန် စုစုပေါင်း ၃၅၅၃၀ ကျော် တင်ပို့ ခဲ့ပြီး စက်တင်ဘာလ   ဒုတိယပတ်တင်ပို့မှုထက် တန်ချိန် ၁၀ဝ၀ဝ ကျော ်ပိုမိုတင်ပို့ ခဲ့ကြောင်းသိရသည်။ 
 

CJ