Main menu

Background

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံ ဈေးနှုန်းဈေးကွက်

Tue, 09/26/2023 - 12:53 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံ အရောင်းအဝယ် ဖြစ်လျက် ရှိရာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ ဗိုလ် ကိတ်ပဲတို့ အရောင်းအဝယ်ကောင်းလျက်ရှိသည်။ 
မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့မှာ နိုင်ငံခြားသို့ တင်ပို့သော ပဲများဖြစ်ပြီး  ကုလားပဲ၊ ပဲကြီး၊  စားတော်ပဲ၊ ဗိုလ်ကိတ်ပဲတို့မှာ ရန်ကုန်မြို့နှင့် မြို့တွင်း အရောင်းအဝယ်ဖြစ်သော ပဲများဖြစ်သည်။ 
မတ်ပဲ
စက်တင်ဘာလ ပထမပတ်တွင် ပြည်ကုန်စည်ဒိုင်၏ မတ်ပဲ တစ်တင်းလျှင် ကျပ် ၈၃၀ဝ၀ ဖြင့် ရန်ကုန်အဝယ်ရှိခဲ့သည်။ စက် တင်ဘာ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၉၅၀ဝ ဖြင့် ဈေး ကျလာခဲ့သည်။ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၁၀ဝ၀ ဖြင့် ဈေး အနည်းငယ်တက်လာပြီး ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် ၂၀ဝ၊ ၂၅၀ ခန့် အဝယ်ရှိသည်။
ပဲတီစိမ်း
ပြည်ကုန်စည်ဒိုင်၏ စက်တင်ဘာပထမပတ်တွင် ပဲတီစိမ်း တစ်တင်းကို ကျပ် ၅၃၀ဝ၀ ဖြင့် မန္တလေးအဝယ် တစ်ရက်လျှင် အိတ် ၂၀ဝ ခန့်ရှိခဲ့သည်။ စက်တင်ဘာ ဒုတိယပတ်တွင် ပဲတီစိမ်း တစ်တင်းကို ကျပ် ၅၄၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိခဲ့သည်။ စက် တင်ဘာ တတိယပတ်တွင်  ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝ ဖြင့် မန္တလေးအဝယ်ရှိခဲ့သည်။
ပဲစင်းငုံ
စက်တင်ဘာလ ပထမပတ်တွင်  ပဲစင်းငုံ တစ်တင်းလျှင် ကျပ် ၉၃၀ဝ၀ ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၁၀ဝ၊ ၂၀ဝ ခန့် အဝယ်ရှိခဲ့သည်။ စက်တင်ဘာ ဒုတိယပတ်တွင် ပဲစင်းငုံဈေးအေး နေပြီး ပဲတစ်တင်းလျှင် ကျပ် ၉၃၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၃၀ဝ၀ ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၁၀ဝ ခန့် အဝယ်ရှိသည်။
ကုလားပဲ
ပြည်ကုန်စည်ဒိုင်တွင် ကုလားပဲ(ူံ) တစ်တင်းကို ကျပ် ၉၅၀ဝ၀၊ မြကြေးမှုံတစ်တင်းလျှင် ကျပ် ၉၄၀ဝ၀ ဖြင့် မြို့တွင်းခွဲစက် သမားများ   အဝယ်ရှိပြီး  တစ်ရက်လျှင် အိတ် ၃၀ဝ၊ ၄၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ စက်တင်ဘာလ  ဒုတိယပတ်တွင် ကုလားပဲ(ူံ) တစ်တင်းလျှင် ကျပ် ၉၃၀ဝ၀၊ မြကြေးမှုံတစ်တင်း လျှင် ကျပ် ၉၂၀ဝ၀ ဖြင့် မြို့တွင်းအဝယ်နှင့်  နယ်စုံတင်ပို့မှုရှိသည်။ စက်တင်ဘာလ  တတိယပတ်တွင်  ကုလားပဲ (ူံ)တစ်တင်းလျှင် ကျပ် ၉၃၀ဝ၀၊ မြကြေးမှုံတစ်တင်းလျှင် ကျပ် ၉၃၀ဝ၀ ဖြင့် မြို့တွင်း အဝယ်ရှိခဲ့သည်။
ပဲကြီး
    စက်တင်ဘာပထမပတ်တွင် ပဲကြီး(ကုန်းပဲ)တစ်တင်း လျှင် ကျပ် ၁၀၂၀ဝ၀၊ ပဲကြီး(ရွှေကျွန်း) တစ်တင်း ကျပ် ၁၀၅၀ဝ၀ ဖြင့် မြို့တွင်းပဲကြော်သမားများ  အဝယ်ရှိခဲ့သည်။ စက်တင်ဘာ ဒုတိယပတ်တွင် ပဲကြီး(ကုန်းပဲ)တစ်တင်းလျှင် ကျပ် ၁၀၂၀ဝ၀၊ ပဲကြီး (ရွှေကျွန်း)တစ်တင်းလျှင် ကျပ် ၁၀၅၀ဝ၀ ဖြင့် ပဲကြော်သမား များ မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၂၅၀၊ ၃၀ဝခန့် ရှိခဲ့သည်။ စက်တင်ဘာ တတိယပတ်တွင် ပဲကြီးဈေးအေးနေပြီး (ကုန်းပဲ) တစ်တင်းကို   ကျပ် ၁၀၂၀ဝ၀၊ (ရွှေကျွန်း)တစ်တင်းလျှင်  ကျပ် ၁၀၅၀ဝ၀ ဖြင့် မြို့တွင်းအဝယ်ရှိခဲ့သည်။
စားတော်ပဲ
စက်တင်ဘာပထမပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်း လျှင် ကျပ် ၁၃၆၀ဝ၀၊ စက်တင်ဘာ ဒုတိယပတ်တွင် ကျပ် ၃၆၀ဝ၀  ဖြင့် ဈေးအေးနေခဲ့ပြီး မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် ၂၀၊ ၂၅ ခန့် အရောင်းအဝယ်ရှိခဲ့သည်။ စက်တင်ဘာလ  တတိယပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းလျှင် ကျပ် ၁၃၆၀ဝ၀ ဖြင့်  မြို့တွင်း အဝယ်ရှိခဲ့သည်။
ဗိုလ်ကိတ်
စက်တင်ဘာလပထမပတ်တွင် ဗိုလ်ကိတ်တစ်တင်းကို ကျပ် ၆၉၀ဝ၀ ဖြင့် မြို့တွင်းအဝယ် တစ်ရက်လျှင် အိတ် ၅၀၊ ၁၀ဝခန့်ရှိခဲ့ ပြီး တစ်ခါတစ်ရံ ရန်ကုန်အဝယ်ရှိခဲ့သည်။ စက်တင်ဘာ ဒုတိယ ပတ်တွင် ဗိုလ်ကိတ် တစ်တင်းကို ကျပ် ၆၉၀ဝ၀၊ စက်တင်ဘာ တတိယပတ်တွင် ကျပ် ၇၀ဝ၀ဝ ဖြင့် မြို့တွင်း အဝယ်ရှိခဲ့သည်။ 
ပြည်ကုန်စည်ဒိုင်တွင် ပဲများတွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့ မှာ အရောင်းအဝယ် အေးလျက်ရှိပြီး  မြို့တွင်းအဝယ်ရှိသော ပဲများသာ အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရသည်။

မိမိအေး(ပြည်)