Main menu

Background

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးနှုန်း

Tue, 10/10/2023 - 08:50 -- journal_editor

ပြည်ကုန်စည်ဒိုင်သည် ပြည်မြို့တွင်ရှိပြီး ဆန်စပါးနှင့် ပဲမျိုးစုံ အဓိကထား၍ အရောင်းအဝယ်ပြုလုပ်လျက်ရှိသော မြို့ဖြစ်ပြီး နိုင်ငံခြားတင်ပို့သော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ အပြင် မြို့တွင်းအဝယ်ရှိသော စားတော်ပဲ၊ ကုလားပဲ၊ ဗိုလ် ကိတ်ပဲ၊ ပဲကြီးသီးနှံများကိုလည်း ကုန်စည်ဒိုင်တွင် ရောင်းဝယ် လျက်ရှိသည်။
မတ်ပဲ
စက်တင်ဘာ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၈၂၅၀ဝဖြင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် ၂၀ဝ ခန့်အဝယ်ရှိသည်။ အောက်တိုဘာပထမပတ်တွင် မတ်ပဲဈေး  ကျပြီး ပဲတစ်တင်းလျှင် ကျပ် ၈၁၅၀ဝ ဖြင့် တစ်ရက်လျှင် အိတ် ၁၅၀ ခန့် ရန်ကုန်အဝယ်ရှိသည်။
ပဲစင်းငုံ
စက်တင်ဘာလ  စတုတ္ထပတ် ပြည်ကုန်စည်ဒိုင်တွင် ပဲစင်းငုံတစ်တင်းလျှင်  ကျပ် ၉၃၀ဝ၀ ဖြင့် ဈေးအေးလျက်ရှိပြီး တစ်ခါတစ်ရံ  ရန်ကုန်အဝယ်ရှိပြီး အရောင်းအဝယ်ရှိသော နေ့တွင် အိတ် ၂၀ဝ ခန့် အရောင်းအဝယ်ဖြစ်သည်။ အောက် တိုဘာလ ပထမပတ်တွင် ပဲစင်းငုံတစ်တင်းလျှင်  ကျပ် ၉၃၀ဝ၀ ဖြင့် အဝယ်ရှိသောနေ့တွင် အိတ် ၁၅၀ ခန့် အရောင်းအဝယ်ဖြစ် သည်။
ကုလားပဲ
ပြည်ကုန်စည်ဒိုင်၌ စက်တင်ဘာလ စတုတ္ထပတ်တွင် ကုလားပဲ (ူံ)တစ်တင်းလျှင်  ကျပ် ၉၄၀ဝ၀  မြကြေးမှုံ တစ် တင်းကို ကျပ် ၉၄၀ဝ၀ ဖြင့်  မြို့တွင်းခွဲစက်သမားများနှင့် နယ်စုံအဝယ်ရှိပြီး တစ်ရက်ကို အိတ် ၃၀ဝ-၃၅၀ ခန့် အဝယ်ရှိ သည်။ အောက်တိုဘာလ ပထမပတ်တွင် ကုလားပဲ (ူံ) တစ် တင်းလျှင် ကျပ် ၉၃၅၀ဝ  မြကြေးမှုံတစ်တင်းကို ကျပ် ၉၃၅၀ဝ ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ်၃၀ဝ ခန့် အဝယ်ရှိသည်။
ပဲကြီး
ပြည်ကုန်စည်ဒိုင်၏ စက်တင်ဘာလ နောက်ဆုံးပတ် တွင် ပဲကြီး(ကုန်းပဲ)   တစ်တင်းလျှင် ကျပ် ၁၀၃၀ဝ၀၊ ပဲကြီး (ရွှေကျွန်း)တစ်တင်းလျှင် ကျပ် ၁၀၅၀ဝ၀ဖြင့် မြို့တွင်း ပဲကြော် သမားများတစ်ရက်လျှင် အဝယ်အိတ် ၃၀ဝ-၄၀ဝ ခန့်ရှိသည်။ အောက်တိုဘာလ ပထမပတ်တွင် ပဲကြီး(ကုန်းပဲ) တစ်တင်း လျှင်  ကျပ် ၁၀၃၀ဝ၀၊ ပဲကြီး(ရွှေကျွန်း)တစ်တင်းလျှင်  ကျပ် ၁၀၅၀ဝ၀ ဖြင့် ဈေးအေးနေခဲ့ပြီး မြို့တွင်းအဝယ် တစ်ရက်လျှင်  အိတ် ၃၀ဝ ခန့်ရှိသည်။
စားတော်ပဲ
စက်တင်ဘာလ စတုတ္ထပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းလျှင်  ကျပ် ၁၃၆၀ဝ၀ ဖြင့် မြို့တွင်းအဝယ် တစ်ရက် လျှင် အိတ် ၁၅-၂၀ ခန့်ရှိသည်။ အောက်တိုဘာလ ပထမပတ် တွင် စားတော်ပဲ (ကျွန်း) တစ်တင်းလျှင်  ကျပ် ၁၃၆၀ဝ၀ ဖြင့် ဈေးအေးနေခဲ့သည်။  တစ်ရက်လျှင်  အိတ် ၃၀ ခန့် မြို့တွင်း အဝယ်ရှိသည်။
ဗိုလ်ကိတ်
စက်တင်ဘာ စတုတ္ထပတ်တွင် ဗိုလ်ကိတ်တစ်တင်းလျှင်  ကျပ် ၆၉၀ဝ၀ ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်ရှိပြီး တစ်ရက် လျှင် အိတ် ၅၀-၁၀ဝခန့် အဝယ်ရှိသည်။ အောက်တိုဘာပထမ ပတ်တွင် ဗိုလ်ကိတ်တစ်တင်းလျှင် ကျပ် ၆၉၀ဝ၀ ဖြင့် ဈေး အေးနေပြီး တစ်ရက်လျှင် မြို့တွင်းအဝယ် အိတ် ၅၀ခန့်ရှိခဲ့ သည်။                                            

 

               မိမိအေး (ပြည်)