Main menu

Background

အောက်တိုဘာ ဒုတိယပတ်အတွင်း ပဲတန်ချိန် နှစ်သောင်းကျော် တင်ပို့

Mon, 10/23/2023 - 14:16 -- journal_editor

အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှုများမှ  မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစင်းငုံ တန်ချိန် ၂၂၃၀ဝ ကျော် တင်ပို့မှုအား စုစည်းဖော်ပြလိုက်ပါသည်။
မတ်ပဲ
အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ဝ၁၆ သန်း တန်ဖိုးရှိ မတ်ပဲ တန်ချိန် ၁၇၆၀ဝ နီးပါး တင်ပို့ခဲ့ပြီး နိုင်ငံအလိုက်အနေဖြင့် အိန္ဒိယနိုင်ငံသို့ တန်ချိန် ၁၅၃၀ဝ ကျော်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၅၃၀ ကျော်၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၅၀ဝ နီးပါး၊ ထိုင်းနိုင်ငံသို့ တန်ချိန် ၂၇၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၁၀ဝ၊ ယူအေအီးနိုင်ငံသို့ တန်ချိန် ၈၀ဝ၊ အီးယူနိုင်ငံများသို့ တန်ချိန် ၈၀ ကျော်နှင့် ဖိလစ်ပိုင်နိုင်ငံသို့ အနည်းငယ် တင်ပို့ခဲ့သည်။ ထို့ပြင် မြန်မာ- တရုတ်နယ်စပ် ကုန်သွယ်မှုမှလည်း မတ်ပဲ ၃၄ တန် တင်ပို့ခဲ့သည်။
ပဲတီစိမ်း
အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်အထိ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ တန်ဖိုး ၂  ဒသမ ၃၂၆ သန်း တန်ဖိုးရှိ ပဲတီစိမ်းတန်ချိန်  ၃၅၀ဝ ကျော်တင်ပို့ခဲ့ပြီး နိုင်ငံအလိုက် တင်ပို့မှုမှာ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၁၆၅၀၊ တရုတ် နိုင်ငံသို့ တန်ချိန် ၅၀ဝ၊ ထိုင်းနိုင်ငံသို့ တန်ချိန် ၄၅၀၊ စင်ကာပူနိုင်ငံသို့   ၂၆၇ တန်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၄၂၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ ၁၇၅ တန်နှင့် အီးယူနိုင်ငံများသို့လည်း အနည်းငယ်စီတင်ပို့ခဲ့သည်။ ထို့ပြင် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ် မှုမှလည်း အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၄၂ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၆၆ တန်ကျော် တင်ပို့ခဲ့သည်။
ပဲစင်းငုံ
အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်အထိ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅၆ သန်း တန်ဖိုးရှိ ပဲစင်းငုံတန်ချိန် ၁၁၀ဝ ကျော်ကို အိန္ဒိယနိုင်ငံသို့ တင်ပို့ခဲ့သည်။  အောက်တိုဘာ ဒုတိယပတ်အတွင်း မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစင်းငုံ တင်ပို့မှုစုစုပေါင်းမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၅၇၂  သန်းနှင့်  တန်ချိန် ၂၂၃၀ဝ ကျော် ကုန်သွယ်မှု ရှိခဲ့ပါသည်။                                                                                                                                                                 

   CJ