Main menu

Background

ပြည်ပဲကုန်စည်ဒိုင်၏ ဈေးနှုန်းဈေးကွက်

Mon, 10/23/2023 - 14:18 -- journal_editor

ပြည်မြို့နယ်ရှိ   ပြည်ကုန်စည် ဒိုင်တွင် ပဲမျိုးစုံနှင့်  နှမ်းသီးနှံများ အရောင်းအဝယ်   ပြုလုပ်လျက်ရှိ သည်။ ပဲမျိုးစုံသီးနှံများတွင်  မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဗိုလ်ကိတ်၊   စားတော်ပဲသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 
မတ်ပဲ
ပြည်ကုန်စည်ဒိုင်တွင် အောက်တိုဘာဒုတိယပတ်တွင် မတ်ပဲ တစ် တင်းလျှင် ကျပ် ၈၃၀ဝ၀ ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၂၀ဝခန့် အဝယ်ရှိသည်။ တတိယပတ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၈၆၅၀ဝ ထိ ဈေးတက်လာခဲ့ပြီး တစ်ရက်လျှင် အိတ် ၁၅၀-၂၀ဝ ခန့် အဝယ်ရှိသည်။ 
ပဲစင်းငုံ
အောက်တိုဘာ ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ကျပ် ၉၃၀ဝ၀ ဖြင့် တစ်ရက်ကိုအိတ် ၁၀ဝ-၁၅၀ခန့် ရန်ကုန်အဝယ်ရှိခဲ့သည်။ တတိယပတ် တွင် ပဲစင်းငုံဈေးအေးပြီး ပဲတစ်တင်းလျှင် ကျပ် ၉၃၀ဝ၀ ဖြင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် ၁၀ဝ-၂၀ဝခန့်ရှိသည်။
ကုလားပဲ
ပြည်ကုန်စည်ဒိုင်တွင် အောက်တိုဘာလ ဒုတိယပတ်၏ ကုလားပဲ ဟော်လန် တစ်တင်းဈေးလျှင် ကျပ် ၉၃၀ဝ၀၊ မြကြေးမှုံ  တစ်တင်းလျှင်  ကျပ် ၉၃၀ဝ၀ ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်လျှင် အိတ် ၃၀ဝ ခန့် အဝယ် ရှိသည်။ အောက်တိုဘာ တတိယပတ်တွင် ကုလားပဲဟော်လန် တစ်တင်း လျှင် ကျပ် ၉၃၅၀ဝ ၊ မြကြေးမှုံတစ်တင်းလျှင် ကျပ် ၉၃၅၀ဝ ဖြင့် မြို့တွင်းခွဲစက် သမားများ၊ ရန်ကုန်အဝယ်နှင့် နယ်စုံတင်ပို့ရောင်းချမှုမှာ တစ်ရက်လျှင် အိတ် ၃၀ဝ- ၃၅၀ ခန့် အဝယ်ရှိသည်။
ပဲကြီး
အောက်တိုဘာလ ဒုတိယပတ်တွင် ပဲကြီး(ကုန်း)ပဲတစ်တင်းကို ကျပ် ၁၀၄၀ဝ၀၊ ပဲကြီး (ရွှေကျွန်း)တစ်တင်းလျှင် ကျပ် ၁၀၆၀ဝ၀ ဖြင့် မြို့တွင်းပဲ ကြော်သမားများ တစ်ရက်လျှင် အဝယ် အိတ် ၂၅၀-၃၀ဝ ခန့်ရှိသည်။ အောက်တိုဘာ တတိယပတ်တွင် ပဲကြီး(ကုန်း)ပဲတစ်တင်းလျှင် ကျပ် ၁၀၄၀ဝ၀ ၊ ပဲကြီး(ရွှေကျွန်း)တစ်တင်းလျှင် ကျပ် ၁၀၆၀ဝ၀ ဖြင့် ဈေးအေးနေ ပြီး မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် ၃၀ဝ ခန့်ရှိသည်။ 
စားတော်ပဲ
အောက်တိုဘာလ  ဒုတိယပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းလျှင် ကျပ် ၁၃၆၀ဝ၀ ဖြင့် မြို့တွင်းအဝယ် တစ်ရက်လျှင် အိတ် ၂၀-၂၅ခန့် ရှိခဲ့ သည်။ တတိယပတ်တွင်  စားတော်ပဲ (ကျွန်း) တစ်တင်းလျှင် ကျပ် ၁၃၆၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိပြီး မြို့တွင်းအဝယ် တစ်ရက်လျှင် အိတ် ၁၅-၂၀ ခန့် ရှိခဲ့သည်။
ဗိုလ်ကိတ်
ပြည်ကုန်စည်ဒိုင်တွင် အောက်တိုဘာလ ဒုတိယပတ်တွင် ဗိုလ်ကိတ် တစ်တင်းလျှင် ၆၉၀ဝ၀ ကျပ်ဖြင့် မြို့တွင်းနှင့်ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် ၅၀-၁၀ဝ ခန့်ရှိသည်။ အောက်တိုဘာ တတိယပတ်တွင် ဗိုလ်ကိတ် တစ်တင်းလျှင် ကျပ် ၇၀ဝ၀ဝ ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၁၀ဝ ခန့်ရှိခဲ့သည်။
ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်မှုမှာ မြို့တွင်းရောင်းဝယ်မှု ရှိသောပဲများမှာ အဝယ်သွက်လျက်ရှိပြီး ရန်ကုန်နှင့် မန္တလေးသို့ တင်ပို့သော မတ်ပဲ၊ ပဲစင်းငုံမှာ အရောင်းအဝယ် ပုံမှန်သာရှိကြောင်းသိရှိရသည်။

 

မိမိအေး(ပြည်)