Main menu

Background

အောက်တိုဘာလအတွင်း ပဲတန်ချိန် ရှစ်သောင်းကျော် တင်ပို့

Tue, 11/07/2023 - 10:55 -- journal_editor

အောက်တိုဘာ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့်နယ်စပ်ကုန်သွယ်မှုများမှ အမေ ရိကန်ဒေါ်လာ ၇၉ ဒသမ ၂၅၅ သန်း တန်ဖိုးရှိ ပဲမျိုးစုံတန်ချိန် ၈၅၅၀ဝ ကျော် တင်ပို့ခဲ့သည်။ အဓိကတင်ပို့သည့်  မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံများ နိုင်ငံအလိုက် တင်ပို့မှုကို ဖော်ပြလိုက်ပါသည်။  
မတ်ပဲ
အောက်တိုဘာလအတွင်း အမေရိကန်ဒေါ်လာ ၆၅ ဒသမ ၇၃၉ သန်း တန်ဖိုးရှိ မတ်ပဲ တန်ချိန်  ၆၇၉၈၀ ကျော်ကို   ပင်လယ်ရေကြောင်းကုန် သွယ်မှုမှ တင်ပို့ခဲ့ရာ အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့ပြီး တန်ချိန် ၅၉၀ဝ၀ ခန့်၊ ပါကစ္စတန်နိုင်ငံသို့ တန်ချိန် ၂၁၅၀၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၁၂၀ဝ နီးပါး၊ မလေးရှားနိုင်ငံသို့ တန်ချိန်၁၁၀ဝခန့်၊ ထိုင်းနိုင်ငံသို့ ၈၇၅ တန် တင်ပို့ခဲ့သည်။ ထို့အပြင် ယူအေအီးနိုင်ငံများ ၊ အီးယူနိုင်ငံများ၊ ဂျပန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံများသို့လည်း တင်ပို့ခဲ့ သည်။
အောက်တိုဘာလအတွင်း မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်မှုမှ မတ်ပဲ ၃၄ တန်၊ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှ မတ်ပဲ ၂၂၄ တန် တင်ပို့ခဲ့သည်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုည ဒသမ ၂၈၆ သန်းရရှိခဲ့သည်။
ပဲတီစိမ်း
အောက်တိုဘာလအတွင်း  ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၉  ဒသမ ဝ၄၁ သန်း တန်ဖိုးရှိ ပဲတီစိမ်းတန်ချိန် ၁၃၄၀ဝ ကျော်တင်ပို့ခဲ့ရာ ဗီယက်နမ်နိုင်ငံသို့ အများဆုံးတင်ပို့ပြီး တန်ချိန် ၇၅၅၀၊ တရုတ်နိုင်ငံသို့ တန်ချိန် ၂၄၀ဝ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၁၂၀ဝခန့်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၈၀ဝ နီးပါး၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၇၅၀ ခန့်နှင့်  ထိုင်းနိုင်ငံသို့ တန်ချိန် ၄၅၀ တင်ပို့ပြီး အီးယူနိုင်ငံ များသို့လည်း တင်ပို့ခဲ့သည်။
အလားတူ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှလည်း အမေရိကန် ဒေါ်လာ  သုည  ဒသမ   ၃၁၉ သန်း တန်ဖိုးရှိ ပဲတီစိမ်းတန်ချိန်  ၄၄၄တန် တင်ပို့ခဲ့သည်။
ပဲစင်းငုံ
ပဲစင်းငုံကို အောက်တိုဘာလအတွင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၃  ဒသမ  ၈၇၀ သန်းဖိုးနှင့် တန်ချိန် ၃၄၄၀ ကျော် တင်ပို့ခဲ့သည်။ အိန္ဒိယ နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ပြီး တန်ချိန် ၃၃၂၀ ကျော်၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၁၀ဝ ကျော် တင်ပို့ခဲ့သည်။ 
အောက်တိုဘာလအတွင်း မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံ တန်ချိန် စုစုပေါင်း ၈၅၅၀ဝ ကျော် တင်ပို့ခဲ့ကြောင်းသိရှိရသည်။                        

 

CJ