Main menu

Background

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံ ဈေးနှုန်းဈေးကွက်

Tue, 11/07/2023 - 10:57 -- journal_editor

ပြည်မြို့ရှိ  ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ် လျက်ရှိပြီး ပဲအရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်း သိရှိရ သည်။ 
မတ်ပဲ
ပြည်ကုန်စည်ဒိုင်တွင် အောက်တိုဘာ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၉၃၀ဝ၀  ဖြင့် ရန်ကုန်အဝယ် တစ် ရက်ကို အိတ် ၁၅၀ ခန့် ရှိခဲ့သည်။ နိုဝင်ဘာ ပထမပတ်တွင် မတ်ပဲဈေး တက်လာပြီး ပဲတစ်တင်းလျှင် ကျပ် ၉၅၅၀ဝ ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၁၅၀-၂၀ဝခန့် အဝယ်ရှိ သည်။ 
ပဲစင်းငုံ
ပြည်ကုန်စည်ဒိုင်တွင် အောက်တိုဘာ စတုတ္ထပတ်တွင် ပဲစင်းငုံ  တစ်တင်းလျှင်  ကျပ် ၉၃၀ဝ၀ ဖြင့်  တစ်ခါတစ်ရံမှ အရောင်းအဝယ်ဖြစ်ပြီး  အဝယ်ဖြစ်လျှင် တစ်ရက်လျှင် အိတ် ၂၀ဝ ခန့် အဝယ်ရှိသည်။ နိုဝင်ဘာပထမပတ်တွင် ပဲစင်းငုံတစ် တင်းလျှင် ကျပ် ၉၃၀ဝ၀ ဖြင့် ဈေးအေးနေပြီး တစ်ရက်ကို အိတ် ၁၀ဝ-၁၅၀ခန့် ရန်ကုန်အဝယ်ရှိသည်။ 
ကုလားပဲ
အောက်တိုဘာစတုတ္ထပတ်တွင်  ကုလားပဲ(ူံ) တစ် တင်းလျှင် ကျပ် ၉၃၀ဝ၀၊ မြကြေးမှုံ တစ်တင်းလျှင် ကျပ် ၉၃၀ဝ၀ ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်လျှင် အိတ် ၂၅၀-၃၀ဝ ခန့်အဝယ်ရှိသည်။  နိုဝင်ဘာ  ပထမပတ်တွင် ကုလားပဲ(ူံ) တစ်တင်းလျှင် ကျပ် ၉၃၀ဝ၀၊ မြကြေးမှုံတစ် တင်းလျှင် ကျပ် ၉၃၀ဝ၀ ဖြင့်  ဈေးအေးနေပြီး မြို့တွင်းနှင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် ၃၀ဝ-၃၅၀ ခန့်ရှိသည်။ 
စားတော်ပဲ
အောက်တိုဘာ  စတုတ္ထပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းလျှင် ကျပ် ၁၃၆၀ဝ၀ ဖြင့် မြို့တွင်းအဝယ် တစ်ရက် လျှင် အိတ် ၂၀-၂၅ ခန့်ရှိခဲ့သည်။ နိုဝင်ဘာပထမပတ်တွင် စားတော်ပဲ (ကျွန်း)တစ်တင်းလျှင် ကျပ် ၁၃၆၀ဝ၀ ဖြင့် တစ် ရက်လျှင် အိတ် ၂၅ ခန့် မြို့တွင်းအဝယ်ရှိသည်။
ပဲကြီး
ပြည်ကုန်စည်ဒိုင်၏   အောက်တိုဘာစတုတ္ထပတ်တွင် ပဲကြီး(ရွှေကျွန်း) တစ်တင်းလျှင် ကျပ် ၁၁၈၀ဝ၀၊ ပဲကြီး(ကုန်းပဲ)တစ်တင်းလျှင် ကျပ် ၁၁၅၀ဝ၀ ဖြင့်ပဲကြော်သမားများ မြို့တွင်း အဝယ်ရှိခဲ့ပြီး တစ်ရက်လျှင် အိတ် ၂၀ဝ-၃၀ဝ ခန့်ရှိသည်။ နိုဝင်ဘာလ ပထမပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် ကျပ် ၁၁၅၈၀ဝ၀၊ ကုန်းပဲတစ်တင်းလျှင် ကျပ် ၁၁၅၀ဝ၀ ဖြင့် မြို့တွင်း ပဲကြော်သမားများ တစ်ရက်လျှင်  အိတ် ၃၀ဝ ခန့် အဝယ်ရှိသည်။
ဗိုလ်ကိတ်
ပြည်ကုန်စည်ဒိုင်၏ အောက်တိုဘာ စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းလျှင် ကျပ် ၆၉၀ဝ၀ ဖြင့် မြို့တွင်းနှင့် ရန်ကုန် အဝယ်တစ်ရက်လျှင် အိတ် ၁၀ဝ ခန့်ရှိခဲ့သည်။ နိုဝင်ဘာ ပထမပတ်တွင် ဗိုလ်ကိတ်တစ်တင်းလျှင် ကျပ် ၆၅၀ဝ၀ ဖြင့် ဈေးကျပြီး တစ်ရက်လျှင် အိတ်၅၀-၁၀ဝခန့် မြို့တွင်းအဝယ်ရှိခဲ့ သည်။ 
ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ကုလားပဲ၊ ပဲကြီးဈေး များမှာ တက်လျက်ရှိပြီး စားတော်ပဲ၊ ပဲစင်းငုံတို့ဈေးအေးလျက် ရှိကြောင်း သိရှိရသည်။                                

 

မိမိအေး(ပြည်)