Main menu

Background

ပြည်ကုန်စည်ဒိုင်၏ နိုဝင်ဘာလ ပဲမျိုးစုံဈေးနှုန်း

Mon, 11/20/2023 - 10:37 -- journal_editor

ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်သည် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ခြင်းကြောင့် ပဲအရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်းသိရှိရသည်။
မတ်ပဲ
နိုဝင်ဘာလ ဒုတိယပတ်တွင် ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲဈေးတက်နေပြီး   ပဲတစ်တင်းလျှင်  ကျပ် ၉၃၀ဝ၀- ၉၄၀ဝ၀ ခန့်ဖြင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် ၂၀ဝ ခန့် ရှိသည်။ နိုဝင်ဘာလ တတိယပတ်တွင် မတ်ပဲတစ်တင်းကို ကျပ် ၉၂၅၀ဝ ဖြင့် အရောင်းအဝယ်တစ်ရက်ကို  အိတ် ၁၀ဝ -၂၀ဝ ခန့် အဝယ်ရှိလျက်ရှိသည်။ 
ပဲတီစိမ်း
ပြည်ကုန်စည်ဒိုင်တွင် နိုဝင်ဘာလ ဒုတိယပတ်တွင် ပဲတီစိမ်းသစ်များ ပန်းတောင်းဘက်မှ အဝင်ရှိလာပြီး ပဲတစ် တင်းကို ကျပ် ၅၄၀ဝ၀ ဖြင့် ဈေးစဖွင့်ခဲ့သည်။ ပဲတီစိမ်းသစ် များ တစ်ရက် အိတ် ၁၀ဝ-၂၀ဝခန့် ဝင်စပြုနေပြီး လှောင် သမားများသာ အဝယ်ရှိပြီး တစ်ရက်ကို အိတ် ၁၀ဝ -၂၀ဝ ခန့်သာ မြို့တွင်းအဝယ်ရှိသည်။ နိုဝင်ဘာ တတိယပတ်တွင် ပဲတီစိမ်းဈေးတက်လာပြီး တစ်တင်းကို ကျပ် ၉၄၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိပြီး တစ်ရက်ကို အိတ် ၁၀ဝ-၂၀ဝခန့် မန္တလေး အဝယ်ရှိခဲ့သည်။ 
ပဲစင်းငုံ
ပြည်ကုန်စည်ဒိုင်တွင်  နိုဝင်ဘာလ  ဒုတိယပတ်တွင် ပဲစင်းငုံ  တစ်တင်းလျှင် ကျပ် ၉၃၀ဝ၀ ဖြင့် တစ်ခါတစ်ရံ ရန်ကုန်အဝယ်တစ်ရက်ကို အိတ်၂၀ဝခန့်ရှိသည်။ နိုဝင်ဘာလ တတိယအပတ်တွင်  ပဲစင်းငုံဈေးအေးနေပြီး ပဲတစ်တင်းကို ကျပ် ၉၃၀ဝ၀ ဖြင့် ရန်ကုန်အဝယ် တစ်ခါတစ်ရံရှိသည်။ 
ကုလားပဲ
ပြည်ကုန်စည်ဒိုင်၏  နိုဝင်ဘာလ  ဒုတိယပတ်တွင် ကုလားပဲ(ူံ) တစ်တင်းလျှင် ကျပ် ၉၂၅၀ဝ၊ မြကြေးမုံ  တစ် တင်းလျှင် ကျပ် ၉၅၅၀ဝ ဖြင့် မြို့တွင်းပဲစက်သမားများ တစ် ရက်ကို အိတ် ၂၀ဝ-၃၀ဝ ခန့်အဝယ်ရှိသည်။  နိုဝင်ဘာလ တတိယပတ်တွင် မတ်ပဲ ဈေးကျပြီး ကုလားပဲ (ူံ) တစ်တင်း ကို ကျပ် ၉၀၅၀ဝ၊ မြကြေးမုံ တစ်တင်းကို ကျပ် ၉၀၅၀ဝ ဖြင့် မြို့တွင်းခွဲစက်သမားနှင့်  ရန်ကုန်ဝယ်လက်  တစ်ရက်ကို အိတ် ၃၀ဝခန့် အဝယ်ရှိသည်။ 
ပဲကြီး
ပြည်ကုန်စည်ဒိုင်တွင် နိုဝင်ဘာလ ဒုတိယပတ်တွင် ပဲကြီး ဈေးတက်နေပြီး ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ကျပ် ၁၃၀ဝ၀ဝ၊ ပဲကြီး (ကုန်းပဲ)တစ်တင်းကို ကျပ် ၁၂၇၀ဝ၀ ဖြင့် မြို့တွင်း ပဲကြော်သမားများ အဝယ်ရှိပြီး တစ်ရက်ကို အိတ် ၃၀ဝ ခန့်အဝယ်ရှိသည်။ နိုဝင်ဘာ တတိယပတ်တွင် ပဲဈေး နှုန်းအေးနေပြီး ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ကျပ် ၁၃၀ဝ၀ဝ၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို ကျပ် ၁၂၇၀ဝ၀ဖြင့် မြို့တွင်း အဝယ်တစ်ရက်ကို အိတ်၃၀ဝ - ၃၅၀ခန့် အဝယ်ရှိသည်။ 
စားတော်ပဲ
ပြည်ကုန်စည်ဒိုင်၏ နိုဝင်ဘာလ တတိယပတ်တွင် စားတော်ပဲတစ်တင်းကို ကျပ် ၁၂၅၀ဝ၀ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် ၂၀ - ၂၅ခန့်အဝယ်ရှိ ပြီး ဈေးအေးနေသည်။
ဗိုလ်ကိတ်ပဲ
နိုဝင်ဘာလ ဒုတိယပတ်တွင် ဗိုလ်ကိတ်ပဲအသစ်များ အဝင်ရှိပြီး ကျပ် ၆၅၀ဝ၀ဖြင့် ဈေးဖွင့်ခဲ့သည်။  အရောင်း အဝယ်မှာ  တစ်ရက်လျှင် အိတ် ၅၀-၁၀ဝ ခန့် မြို့တွင်းနှင့် ရန်ကုန်အဝယ်ရှိခဲ့သည်။ နိုဝင်ဘာလ တတိယပတ်တွင် ဗိုလ်ကိတ်တစ်တင်းလျှင် ကျပ် ၆၅၀ဝ၀ - ၆၆၀ဝ၀ဖြင့် မြို့တွင်း အတွင်း တစ်ရက်ကို အိတ် ၅၀ခန့် အဝယ်ရှိသည်။ 
ပြည်ကုန်စည်ဒိုင်တွင်း အရောင်းအဝယ်ဖြစ်လျက်ရှိ သော မတ်ပဲ၊ ကုလားပဲ၊ ပဲကြီးဈေးတို့မှာ တက်လျက်ရှိပြီး စားတော်ပဲ၊ ဗိုလ်ကိတ်ပဲ၊ ပဲစဉ်းငုံ တို့မှာ ဈေးငြိမ်လျက်ရှိကြောင်း သိရှိရသည်။ 

 

မိမိအေး(ပြည်)