Main menu

Background

ပြည်ပဲဈေးကွက်သို့ ပဲတီစိမ်းနှင့် ဗိုလ်ကိတ်ပဲများ ဝင်ရောက်မှုများလာ

Mon, 11/20/2023 - 10:38 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်ပဲဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ်များ နေ့စဉ်ဝင်ရောက်လျက်ရှိရာ တစ်ရက် အိတ် ၂၀ဝ၊၃၀ဝ ကျော်ထိ ဝင်ရောက်မှုရှိလာခဲ့သည်။ ဈေးနှုန်းအနေဖြင့် ပဲတစ်တင်း ကျပ် ၅၃၅၀ဝ မှ ၅၄၅၀ဝ အထိ ပဲအရည်အသွေးပေါ် မူတည်၍ ရောင်းဝယ်မှုဖြစ်ကြသည်။ 
ပြည်ပဲမျိုးစုံဈေးကွက်သို့ ဗိုလ်ကိတ်ပဲသစ်များ စတင်ဝင်ရောက်လာပြီဖြစ်သည်။ တစ်ရက်လျှင် အိတ် ၄၀-၅၀ ကျော် ဝင်ရောက်ခြင်းရှိခဲ့ပြီး  အရောင်းအဝယ်ဖြစ်မှုအနေဖြင့်  ဒေသတွင်း လက်လီသမားများအပြင် လက်ကားဝယ်ယူမှုအနေဖြင့် ရန်ကုန်ဝယ်လက် များလည်း အဝယ်ရှိခဲ့တာကြောင့် ဝင်ရောက်လာသမျှ အရောင်း အဝယ်ဖြစ်ခဲ့ကြသည်။ 
ပဲဈေးမှာ တစ်တင်း ကျပ် ၆၈၀ဝ၀ ဖြင့် ယခင်နှစ်ဈေးထက် ဈေးပိုရလာ ခဲ့သည်။ ယခင်နှစ်က ဗိုလ်ကိတ်ပဲသီးနှံ တစ်တင်း ကျပ် ငါးသောင်းအောက်သာ ရရှိခဲ့ပြီး ပဲဈေးကွက်မှာလည်း ဈေးအနိမ့်ဖြင့်သာ ရောင်းဝယ်ခဲ့ကြောင်းသိရသည်။ 

 

ခင်ဆွေဝင်း(ပြည်)