Main menu

Background

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဲတီစိမ်း(‌ရွှေဝါ) နှင့် မတ်ပဲ စိုက်ပျိုးထုတ်လုပ်မှုနှင့်မျိုးပဲပေါက်ဈေး

Mon, 11/20/2023 - 11:17 -- journal_editor

၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆောင်းပဲတီစိမ်း(ရွှေဝါ) စိုက် ဧက ၃၅၈၈၃၃ ဧက စိုက်ပျိုးခဲ့ပြီး  အထွက်နှုန်း တစ်ဧကလျှင် ၁၅ ဒသမ ၁၂ တင်း  ထွက်ရှိပြီး အထွက် တန်အားဖြင့် တန်ချိန် ၁၆၉၂၉၁ ကျော် ထွက်ရှိခဲ့သည်။ 
၂၀၂၃-၂၀၂၄  ဆောင်းရာသီ၌ ပဲတီစိမ်း (ရွှေဝါ) ၃၆၁၃၅၇ ဧက စိုက်ပျိုးရန်   လျာထား ကြောင်းနှင့် ခန့်မှန်းအထွက်နှုန်း တစ်ဧကလျှင် ၁၄ဒသမ၄၅ တင်း၊ အထွက်တန်အားဖြင့် တန်ချိန် ၁၆၇၀ဝ၀ ကျော် ထွက်ရှိမည်ဟု မျှော်မှန်းထား ကြောင်း သိရှိရသည်။ 
ရန်ကုန်တိုင်း ဒေသကြီးတွင် ပဲတီစိမ်း(ရွှေဝါ) အများဆုံး စိုက်ပျိုးသော  မြို့နယ်များမှာ သုံးခွ မြို့နယ်၊ ခရမ်းမြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ဖြစ်ပြီး ယခင်နှစ် ဆောင်းပဲတီ စိမ်း(‌ရွှေဝါ)ထွက်ရှိချိန်   အများဆုံးစိုက်ပျိုးသည့် သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ်များတွင် ပဲတီစိမ်း (ရွှေဝါ)  ၇၂ ပေါင်ကိုက် တစ်တင်း အဖွင့်ဈေးမှာ ကျပ် ၄၅၀ဝ၀ မှ ၆၀ဝ၀ဝ ဈေးပေါက်ခဲ့ပြီး နောက် ပိုင်းတွင် ပဲတီစိမ်း(ရွှေဝါ) တစ်တင်းလျှင် ကျပ် ၇၀ဝ၀ဝ ထိ အမြင့်ဆုံးဈေး ဖြစ်ပေါ်ခဲ့ကြောင်း သိရှိ ရသည်။ 
ဒေသတွင်း မျိုးပဲတီစိမ်း(ရွှေဝါ)  ၇၂ ပေါင် ကိုက်  တစ်တင်း၏  ပေါက်ဈေးမှာ (ရေဆင်းမျိုး)ကျပ် ၇၆၀ဝ၀ မှ ၇၈၀ဝ၀ ထိ၊ (ပဲတီ ရွှေဝါမျိုး)ကျပ် ၇၇၀ဝ၀ မှ ၇၉၀ဝ၀ ထိ၊ (သြစတြေးလျမျိုး)ကျပ် ၈၀ဝ၀ဝ  ခန့် ပေါက်ဈေးရှိကြောင်း သိရသည်။ 
ရန်ကုန်တိုင်းဒေသကြီးအတွင်း  မတ်ပဲသီးနှံ စိုက်ဧက ၄၀၉၁၇ ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်း တစ်ဧကလျှင် ၁၆ ဒသမ ၃၀ တင်း ထွက်ရှိပြီး အထွက် တန်အားဖြင့် တန်ချိန် ၂၁၀၂၃ ထွက်ရှိခဲ့ ကြောင်း သိရှိရသည်။  ရန်ကုန်တိုင်းဒေသကြီးတွင် မတ်ပဲသီးနှံအများဆုံးစိုက်ပျိုးသော မြို့နယ်များမှာ တိုက်ကြီးမြို့နယ်၊  မှော်ဘီမြို့နယ်နှင့် ထန်းတပင် မြို့နယ်တို့ဖြစ်ပြီး ယခင်နှစ် မတ်ပဲသီးနှံ ထွက်ရှိချိန် ယင်းမြို့နယ်များတွင် မတ်ပဲသီးနှံ ၇၂ ပေါင်ကိုက် တစ်တင်း၏ အဖွင့်ဈေး မှာ ကျပ် ၆၅၀ဝ၀  မှ ကျပ် ၉၅၀ဝ၀ ဈေးပေါက်ခဲ့ကြောင်းနှင့် မတ်ပဲထွက်ပေါ် ချိန်ကုန်ဆုံးချိန်အထိ  တစ်တင်းလျှင် ကျပ် ၉၅၀ဝ၀  ထိ အမြင့်ဆုံးဈေး ဖြစ်ပေါ်ခဲ့ကြောင်းနှင့်  ဈေး ကောင်း မျိုးမတ်ပဲတစ်တင်းလျှင် ကျပ်  ၁၃၀ဝ၀ဝ  ပေါက်ဈေးဖြင့်  ဈေးကွက်တွင်  ဖြစ်ပေါ်လျက်ရှိ သည်။                          

 

စန္ဒာဝင်း (စားသုံး-ရန်ကုန်)