Main menu

Background

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံ ဈေးနှုန်းဈေးကွက်

Mon, 12/04/2023 - 10:59 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် ပဲတီစိမ်း၊ ဗိုလ်ကိတ်ပဲသစ်များ ဝင်စ ပြု နေပြီး ပဲမျိုးစုံအရောင်းအဝယ်မှာ သွက်လျက်ရှိသည်။
မတ်ပဲ
နိုဝင်ဘာလ စတုတ္ထပတ် ပြည်ကုန်စည်ဒိုင်၏ မတ်ပဲဈေးမှာ တစ် တင်းလျှင် ကျပ် ၈၈၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိပြီး ပဲဈေးကျလျက်ရှိသည်။ အရောင်းအဝယ်ဖြစ်မှုမှာ တစ်ရက်လျှင် အိတ် ၁၅၀-၂၀ဝ ခန့်ရှိသည်။
ပဲတီစိမ်း
ပြည်ကုန်စည်ဒိုင်တွင် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ပဲတီစိမ်း အသစ်များ တစ်ရက်လျှင် အိတ် ၇၀ဝ-၈၀ဝ ခန့်ဝင်ရောက်မှုရှိပြီး ပဲတစ် တင်းလျှင် ကျပ် ၅၂၃၀ဝ ဖြင့် လှောင်သမားများနှင့် မန္တလေးအဝယ် တစ် ရက်လျှင်  အိတ် ၇၀ဝ မှ ၈၀ဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ပဲစင်းငုံ
ပြည်ကုန်စည်ဒိုင်တွင် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ပဲစင်းငုံ တစ်တင်းလျှင် ကျပ် ၉၃၀ဝ၀ ဖြင့် ဈေးအေးနေခဲ့ပြီး အရောင်းအဝယ်မှာ တစ်ခါတစ်ရံမှသာရှိပြီး အရောင်းအဝယ်ဖြစ်လျှင် အိတ် ၁၀ဝ ခန့်သာ ရှိသည်။
ကုလားပဲ
ပြည်ကုန်စည်ဒိုင်တွင် နိုဝင်ဘာနောက်ဆုံးပတ်တွင် ကုလားပဲ (ူံ) တစ်တင်းလျှင် ကျပ် ၉၁၀ဝ၀-၉၂၀ဝ၀၊ မြကြေးမှုံတစ်တင်းလျှင် ကျပ် ၉၁၀ဝ၀-၉၂၀ဝ၀ ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် နယ်စုံရောင်းဝယ် မှုရှိပြီး တစ်ရက်လျှင် အိတ်  ၂၀ဝ မှ ၃၀ဝ ခန့် အဝယ်ရှိသည်။
ပဲကြီး
ပြည်ကုန်စည်ဒိုင်တွင်  နိုဝင်ဘာလ  နောက်ဆုံးပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် ကျပ် ၁၃၂၀ဝ၀၊ ပဲကြီး(ကုန်းပဲ) တစ်တင်းလျှင် ကျပ် ၁၃၀ဝ၀ဖြင့် မြို့တွင်းပဲကြော်သမားများနှင့် ရန်ကုန်အဝယ် တစ်ရက် လျှင် အိတ် ၃၀ဝ ခန့် အဝယ်ရှိခဲ့သည်။
စားတော်ပဲ
ပြည်ကုန်စည်ဒိုင်၏ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် စားတော်ပဲ (ကျွန်း) တစ်တင်းလျှင် ကျပ် ၁၁၅၀ဝ၀-၁၂၀ဝ၀ဝ ဖြင့် ဈေး အေးနေခဲ့ပြီး မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် ၁၀/၁၅ ခန့်သာ အဝယ်ရှိခဲ့သည်။
ဗိုလ်ကိတ်ပဲ
ပြည်ကုန်စည်ဒိုင်၏ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ဗိုလ်ကိတ် ပဲတစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝ ဖြင့်  ဈေးကျနေပြီး မြို့တွင်းနှင့် ရန်ကုန် အဝယ် တစ်ရက်လျှင် အိတ် ၅၀-၁၀ဝ ခန့်သာ အရောင်းအဝယ်ရှိခဲ့ သည်။
ပြည်ကုန်စည်ဒိုင်၏ မတ်ပဲ၊ ပဲတီစိမ်း၊ ဗိုလ်ကိတ်၊ ပဲကြီး၊ စားတော်ပဲ ဈေးများကျပြီး ကျန်ပဲများမှာ ဈေးအေးလျက်ရှိကြောင်း သိရှိ ရသည်။

မိမိအေး(ပြည်)