Main menu

Background

ပြည်ကုန်စည်ဒိုင်၏ ဒီဇင်ဘာလ ပဲဈေး အခြေအနေ

Wed, 12/20/2023 - 10:37 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် ပဲသစ်များ အဝင်ရှိနေပြီး ရန်ကုန်၊ မန္တလေး ဝယ်လက်များနှင့် လှောင်သမားများအဝယ်ရှိနေသည်။
မတ်ပဲ
ပြည်ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလပထမပတ်တွင် မတ်ပဲ တစ်တင်း လျှင် ကျပ် ၉၁၀ဝ၀-၉၁၅၀ဝ ဖြင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် ၁၅၀-၂၀ဝ ခန့်ရှိပြီး ဒီဇင်ဘာလ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၉၃၀ဝ၀ ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် ၁၀ဝ-၂၀ဝခန့် အဝယ် ရှိသည်။
ပဲတီစိမ်း
ဒီဇင်ဘာပထမပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၅၅၀ဝ၀ ဖြင့် မန္တလေးနှင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် ၅၀ဝ-၆၀ဝခန့် ရှိပြီး ဒီဇင် ဘာ ဒုတိယပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၆၂၀ဝ၀ ဖြင့် မန္တလေး အဝယ်တစ်ရက်လျှင် အိတ် ၄၀ဝ-၅၀ဝ ခန့် အဝယ်ရှိသည်။ 
ပဲစင်းငုံ
ဒီဇင်ဘာ  ပထမပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ကျပ် ၉၃၀ဝ၀ ဖြင့် ဈေးအေးနေပြီး တစ်ခါတစ်ရံမှသာ အရောင်းအဝယ်ဖြစ်ပြီး ရန်ကုန်အဝယ်ရှိ လျှင် အိတ်၁၅၀-၂၀ဝ ခန့်ရှိသည်။   ဒီဇင်ဘာ ဒုတိယပတ်တွင် ပဲစင်းငုံ တစ်တင်းလျှင် ကျပ် ၉၃၀ဝ၀ ဖြင့် တစ်ရက်လျှင် အိတ်၂၀ဝ ခန့် အဝယ်ရှိခဲ့သည်။
ကုလားပဲ
ဒီဇင်ဘာ ပထမပတ်တွင် ကုလားပဲ ဟော်လန် တစ်တင်းလျှင် ကျပ် ၉၂၀ဝ၀၊ မြကြေးမှုံ တစ်တင်းလျှင် ကျပ် ၉၁၀ဝ၀ ဖြင့် မြို့တွင်းခွဲစက်သမား များနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် ၂၅၀-၃၀ဝ ခန့်ရှိပြီး ဒီဇင်ဘာ ဒုတိယပတ်တွင် ကုလားပဲဟော်လန် တစ်တင်းလျှင် ကျပ် ၉၂၅၀ဝ၊ မြကြေးမှုံ တစ်တင်းလျှင် ကျပ် ၉၁၅၀ဝ ဖြင့် ခွဲစက်သမားနှင့် ရန်ကုန်အဝယ် တစ်ရက် လျှင် အိတ် ၃၀ဝ-၄၀ဝ ခန့်ရှိခဲ့သည်။
ပဲကြီး
ပြည်ကုန်စည်ဒိုင်၏ ဒီဇင်ဘာပထမပတ်တွင် ပဲကြီး တစ်တင်းလျှင် ကျပ် ၁၃၂၀ဝ၀၊ ပဲကြီး(ကုန်းပဲ) တစ်တင်းလျှင် ကျပ် ၁၃၀ဝ၀ဝ ဖြင့် မြို့တွင်း ပဲကြော်သမားများ တစ်ရက်လျှင် အိတ် ၃၀ဝ-၄၀ဝ ခန့် အဝယ်ရှိသည်။ ဒီဇင်ဘာ  ဒုတိယပတ်တွင် ပဲကြီး(ရွှေကျွန်း) တစ်တင်းလျှင် ကျပ် ၁၃၂၀ဝ၀၊ ပဲကြီး (ကုန်းပဲ)တစ်တင်းလျှင် ကျပ် ၁၃၀ဝ၀ဝ ဖြင့် မြို့တွင်းပဲကြော်သမား နှင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် ၄၀ဝ-၅၀ဝ ခန့်ရှိသည်။
စားတော်ပဲ
ဒီဇင်ဘာ  ပထမပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းလျှင် ကျပ် ၁၂၅၀ဝ၀ ဖြင့် မြို့တွင်း အဝယ်တစ်ရက်လျှင် အိတ် ၅၀-၁၀ဝ ခန့်ရှိသည်။ ဒီဇင်ဘာဒုတိယပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းလျှင် ကျပ် ၁၂၅၀ဝ၀ ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် ၁၀ဝ ခန့်ရှိသည်။ 
ဗိုလ်ကိတ်
ဒီဇင်ဘာ ပထမပတ်တွင် ဗိုလ်ကိတ်ပဲတစ်တင်းလျှင် ကျပ် ၆၃၀ဝ၀ ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် ၅၀-၁၀ဝ ခန့်ရှိသည်။ ဒီဇင်ဘာ ဒုတိယပတ်တွင် ဗိုလ်ကိတ်ပဲတစ်တင်းလျှင် ကျပ် ၇၂၀ဝ၀ မြို့တွင်း နှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၁၀ဝ-၁၅၀ခ န့်ရှိသည်။ 
ပြည်ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလ ပဲအရောင်းအဝယ်ဖြစ်မှု အနေ ဖြင့် သွက်လျက်ရှိပြီး မတ်ပဲဈေးမှာ ကျဆင်း၍ ကျန်ပဲများမှာ ဈေးမြင့်လျက် ရှိကြောင်းသိရသည်။                         
                         

    ဝင်းလဲ့ဝါ(ပြည်)