Main menu

Background

ကရင်ပြည်နယ်ဒေသထွက် ပဲထောပတ်(ခ)ပဲဖြူပြား ဈေးကွက်

Wed, 12/20/2023 - 10:49 -- journal_editor

ကရင်ပြည်နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပဲမျိုးစုံနှင့် ဆီထွက် သီးနှံများကိုလည်း  စိုက်ပျိုးလျက်ရှိ သည်။ စားဖိုဆောင်သီးနှံ  တစ်မျိုးဖြစ် သောပဲထောပတ်များကိုလည်း မိသားစု အပိုဝင်ငွေ ရရှိရေးအတွက် သီးထပ်၊ သီးညှပ်အဖြစ် စိုက်ပျိုးကြပြီး မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများရှိသလို စီးပွားဖြစ်ဧကအလိုက် စိုက်ပျိုးလာကြ သူများလည်းရှိသည်။ စိုက်ပျိုးမှုအနေ ဖြင့် ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်တွင် ပဲထောပတ် ၇၄၆၄ ဧက စိုက်ပျိုးထား ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများ အရ သိရှိရသည်။ ကရင်ပြည်နယ်တွင် ပဲထောပတ်ကို မကျီးကျွန်း၊ ဖားနွဲ့ကျွန်း၊ မုက္ကဒိ၊ တောင်ကြား ကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြပြီး တစ်ဧက ကုန် ကျစရိတ်အနေဖြင့်   မျိုး၊ လုပ်သားခ၊ အပါအဝင် စုစုပေါင်း ကျပ် ၃၀ဝ၀ဝ၀ ခန့် ကုန်ကျကြောင်း သိရှိရသည်။
ဒေသခံ  ပြည်သူများအနေဖြင့် ထွက်ရှိလာသော ပဲဖြူပြား(ခ)ပဲထော ပတ်ကို ဘားအံမြို့ပေါ်ရှိ ဈေများတွင် လာရောက် ရောင်းချကြပြီး ပေါ်ဦးပေါ် ဖျား ယခုအချိန်တွင် ပဲဖြူပြား တစ်ဘူး လျှင် ကျပ် ၁၀ဝ၀၊ တစ်ပြည်လျှင် ကျပ် ၇၀ဝ၀ ဖြင့် ဈေးကောင်းရ၍ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ 
ပဲထောပတ်တွင် မဂ္ဂနိစ်၊ ကယ်လ် ဆီယမ်၊  မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်ပြီး အရိုးများကို  ကြံ့ခိုင်သန်စွမ်း စေနိုင်ကာ အရိုးသိပ်သည်းဆကိုလည်း ကောင်းစေသည်။ အရိုးပါးခြင်း၊ အရိုးပွ ခြင်းများမှလည်း ကာကွယ်ပေးသည်။အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်သော ကြောင့် အူနံရံကို ရေဓာတ်နှင့် အာဟာရ ဓာတ်များ စုပ်ယူမှုကောင်းစေပြီး ဆီးချို ရှိသူများလည်း စားသုံးရန်  သင့်တော် သည်။ အစာခြေစနစ်အတွက် အရေးပါ သော   သတ္တုဓာတ်တစ်မျိုးဖြစ်သည့် ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်ပြီး အစာခြေစနစ်ကို  ကျန်းမာစေသလို နှလုံးကိုလည်း  ကျန်းမာစေနိုင်သည်။ ပဲထောပတ် စားသုံးခြင်းသည် ကျန်းမာ ရေးကောင်းကျိုးများစွာ    ရရှိနိုင်ပြီး နူးညံ့၍  အရသာ  ကောင်းမွန်သော ကြောင့် ပြည်တွင်းစားသုံးမှုနှင့် လူ ကြိုက်များသော ပဲအမျိုးအစား ဖြစ် ကြောင်း သိရသည်။
  

 ZAR (DOCA-Kayin)