Main menu

Background

နိုဝင်ဘာလအတွင်း မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံ တန်ချိန် ၉၀ဝ၀ဝ ခန့် တင်ပို့

Wed, 12/20/2023 - 11:37 -- journal_editor

နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ကာလအတွင်း  ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ  တင်ပို့မှုမှာ  တန်ဖိုး အမေရိကန် ဒေါ်လာ ၈၃ ဒသမ ၁၇၈ သန်းနှင့် တန်ချိန် ၉၀ဝ၀ဝ ခန့်ဖြစ် ကြောင်း သိရသည်။
မတ်ပဲ
မတ်ပဲတင်ပို့မှုမှာ နိုဝင်ဘာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ တန်ချိန် ၆၆၃၀ဝ ကျော်နှင့် အမေ ရိကန်ဒေါ်လာ ၆၄ ဒသမ ၅၄၇ သန်းကျော်ဖိုး တင်ပို့မှုရှိခဲ့ သည်။ နိုင်ငံအလိုက် တင်ပို့မှုများမှာ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၅၇၀ဝ၀ ခန့်၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၂၈၀ဝ ကျော်၊ ပါကစ္စ တန်နိုင်ငံသို့ တန်ချိန် ၂၁၀ဝ၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၁၀ဝ၀ ခန့်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၅၅၀၊ ယူအေအီးနိုင်ငံ များသို့ တန်ချိန် ၁၃၀ဝ နီးပါးတင်ပို့ပြီး ဂျပန်နိုင်ငံ၊ အီးယူနိုင်ငံ များနှင့် အမေရိကသို့ တင်ပို့မှုများလည်း ရှိခဲ့သည်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုသာမက မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှလည်း မတ်ပဲ ၅၁၂ တန်၊ အမေရိကန် ဒေါ်လာ သုည ဒသမ ၆၈၁ သန်းဖိုးကိုလည်း တင်ပို့ခဲ့သည်။
ပဲတီစိမ်း
ပဲတီစိမ်းတင်ပို့မှုအနေဖြင့် နိုဝင်ဘာလအတွင်း အမေ ရိကန်ဒေါ်လာ ၁၄ ဒသမ ၄၈၂ သန်းဖိုးနှင့် တန်ချိန် ၂၀၁၇၀ ကျော် တင်ပို့ခဲ့သည်။ ပဲတီစိမ်းတင်ပို့သည့်နိုင်ငံများမှာ ဗီယက် နမ်နိုင်ငံသို့ တန်ချိန် ၇၆၅၀၊  အင်ဒိုနီးရှားနိုင်ငံသို့ တန်ချိန် ၇၂၀ဝ၊ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၁၅၀ဝ နီးပါး၊ တရုတ်နိုင်ငံ သို့ တန်ချိန် ၁၈၀ဝ ကျော်၊ စင်ကာပူနိုင်ငံသို့  တန်ချိန် ၄၀၂၊ ဂျပန်နိုင်ငံသို့ တန်ချိန် ၃၀ဝ ခန့်၊ ယူနိုက်တက်ကင်းဒမ်းသို့ တန်ချိန် ၁၀ဝ၊  ယူအေအီးနိုင်ငံသို့  တန်ချိန် ၁၀ဝ ခန့်၊ အမေရိက သို့ တန်ချိန် ၆၀ နီးပါးနှင့် အီးယူနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။
ပဲစင်းငုံ
နိုဝင်ဘာလအတွင်း  ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၆၉ သန်း တန်ဖိုးရှိ ပဲစင်းငုံ တန်ချိန် ၂၉၆၀ ကို တင်ပို့ခဲ့ပြီး စင်ကာပူနိုင်ငံ၊ အိန္ဒိယ၊ မလေး ရှား၊ ယူအေအီးနှင့် အီးယူနိုင်ငံများသို့ တင်ပို့ခဲ့သည်။ နိုဝင် ဘာလ ပဲမျိုးစုံတင်ပို့မှုမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၁၇၈ သန်းနှင့် တန်ချိန် ၉၀ဝ၀ဝ ခန့်ရှိကြောင်း သိရှိရ သည်။                                                                            

CJ