Main menu

Background

ပြည်ပဲနီပြားပဲနှင့် ပဲလွမ်းဖြူသစ် ဈေးနှုန်းဈေးကွက်

Mon, 01/15/2024 - 10:53 -- journal_editor

ပြည်ပဲဈေးကွက်မှာ ပဲသီးနှံအားလုံးလိုလို ဈေးအမြင့် ဖြင့် ရောင်းဝယ်လျက်ရှိကြရာ နှစ်ဆန်းပိုင်းကာလနှင့် ပြည်ပ  ဝယ်လိုအားရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းသီးနှံများလည်း ဈေးနှုန်းများဆက်တိုက်မြင့်လာသလို ပြည်တွင်းဝယ်လက်များ နှင့် ပြည်တွင်းစားသုံးမှုများသော ပဲနီပြားသီးနှံအနေဖြင့် ဈေး ကွက်မှာ ဈေးတရိပ်ရိပ် ထပ်တက်လာခဲ့သည်။ 
ယခု ဇန်နဝါရီလလယ်တွင် ပိဿာ ၂၀ တစ်တင်း ကျပ် ၁၄၀ဝ၀ဝမှ  ၁၄၅၀ဝ၀ အထိ ဈေးမြင့်တက်လာခဲ့သည့်အတွက် ပဲဈေးကွက်မှာ ပဲအားလုံးရဲ့ ဈေးနှုန်းများထက် အမြင့်ဆုံးဖြစ် ခဲ့သည်ဟု သိရသည်။ ယခုကာလ ပဲနီပြားသီးနှံသည် ပဲသစ် ဝင်ရောက်ခြင်းမရှိသေးဘဲ ပဲဟောင်းလက်ကျန်များဖြင့်သာ အရောင်းအဝယ်ဖြစ်နေခဲ့ပြီး  ယခင်နှစ်ကပဲနီပြား သီးနှံဈေး သည် နှစ်ဆန်းပိုင်းကာလတွင် ပိဿာ ၂၀ တစ်တင်း ကျပ် ငါး သောင်းကျော်သာရရှိခဲ့သည့်အတွက် ယခုနှစ်တွင် ဈေးနှုန်း များ သိသိသာသာ မြင့်တက်လာလို့  လှောင်ပဲသမားအချို့ အကျိုးအမြတ်ပိုခဲ့သည်ဟု သိရသည်။
ပြည်ပဲဈေးကွက်သို့  ဆောင်းပဲသစ်များ  နေ့စဉ်ဝင် ရောက်လျက်ရှိနေပြီး ပဲလွမ်းဖြူသီးနှံသည်လည်း  ပဲသစ်များ နေစဉ်ဝင်ရောက်မှု  များလာပြီဖြစ်သည်။ အိတ်  ၁၀ဝ ကျော်  ဝင်ရောက်လာခဲ့ပြီး လက်လီ/လက်ကား ဝယ်ယူမှုများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ ဝင်ရောက်လာသမျှ  ရောင်းချရ ကြောင်း သိရသည်။ 
ဒေသတွင်း လက်လီဝယ်လက်သမားများ  နေ့စဉ်အိတ် ၂၀၊ ၃၀ ကျော် အဝယ်ရှိသလို လက်ကားဝယ်လက်များကလည်း အိတ် ၁၀ဝ ကျော်အထိ အဝယ်ရှိကြောင်း သိရသည်။ ပဲသစ် ဈေးနှုန်း ပိဿာ၂၀ တစ်တင်းလျှင် ကျပ် ၆၁၀ဝ၀ ဖြင့် ပဲသစ် အဖွင့်ဈေးထက်  ဈေးအနည်းငယ်ပိုလာခဲ့သည်။ ယခုနှစ် အတွင်း အခြားပဲများ ဈေးကောင်းရခဲ့သော်လည်း ပဲလွမ်းဖြူ သီးနှံသည် ဈေးကွက်အတွင်း အခြားပဲများအားလုံးထက် ဈေး လျော့နည်း အရောင်းအဝယ်ဖြစ်ခဲ့သည်။

ခင်ဆွေဝင်း (ပြည်)