Main menu

Background

ရက်သတ္တပတ်အတွင်း ပဲတန်ချိန် နှစ်သောင်းခြောက်ထောင်ကျော်တင်ပို့

Mon, 02/05/2024 - 09:49 -- journal_editor

မြန်မာနိုင်ငံမှ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံများကို ပြည်ပ နိုင်ငံများသို့ တင်ပို့လျက်ရှိရာ ဇန်နဝါရီလ စတုတ္ထပတ်အတွင်း တွင် အမေရိကန်ဒေါ်လာ ၂၃ဒသမ၄၂၉ သန်းတန်ဖိုးရှိ ပဲတန် ချိန်ပေါင်း ၂၆၈၆၀ ခန့်တင်ပို့ခဲ့ကြောင်းသိရသည်။ 
မတ်ပဲ
မတ်ပဲကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အိန္ဒိယ၊ ပါကစ္စတန်၊  ယူအေအီးနိုင်ငံများသို့ အများဆုံးတင်ပို့ပြီး အိန္ဒိယနိုင်ငံသို့ တန်ချိန် ၁၀၉၈၀ ခန့်၊ ပါကစ္စတန်နိုင်ငံသို့ တန် ချိန် ၉၈၀ နီးပါး၊ ယူအေအီးနိုင်ငံများသို့ တန်ချိန် ၅၅၀၊ မလေးရှား နိုင်ငံသို့ တန်ချိန် ၂၀ဝ၊ ထိုင်းနိုင်ငံသို့ တန်ချိန် ၃၅၀၊ စင်ကာပူ နိုင်ငံသို့ တန်ချိန် ၁၂၀ ကျော်တင်ပို့ခဲ့ပြီး ဗီယက်နမ်နှင့် အင်ဒို နီးရှားနိုင်ငံတို့ကိုလည်း တင်ပို့ခဲ့သည်။ မတ်ပဲတင်ပို့မှု တန်ချိန် စုစုပေါင်း ၁၃၂၄၀ ခန့်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅၅၁ သန်းတန်ဖိုးရှိကြောင်းသိရသည်။
ပဲတီစိမ်း
ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅ဒသမ ဝ၈၃ သန်း တန်ဖိုးရှိ ပဲတီစိမ်းတန်ချိန် ၇၉၀ဝ ကျော် တင်ပို့ခဲ့ပြီး နိုင်ငံ အလိုက် တင်ပို့မှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တန်ချိန် ၃၇၅၀၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၅၀ဝ နီးပါး၊ ထိုင်း နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အီးယူနိုင်ငံများသို့လည်း တင်ပို့လျက် ရှိရာ တင်ပို့မှုတန်ချိန် စုစုပေါင်း ၇၉၀ဝ ကျော် ရှိခဲ့သည်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅ ဒသမ ဝ၈၃ သန်းဖိုး ဖြစ်သည်။ ပဲတီစိမ်းကို မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ လည်း ၁၀၂ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည်။ 
ပဲစင်းငုံ
ပဲစင်းငုံကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အိန္ဒိယ နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၂၉ သန်းဖိုးနှင့် တန် ချိန် ၅၆၀ဝ ကျော် တင်ပို့ခဲ့သည်။ သို့ဖြစ်၍ ဇန်နဝါရီ စတုတ္ထ ပတ်အတွင်း ပဲမျိုးစုံတင်ပို့မှုတန်ချိန် စုစုပေါင်း ၂၆၇၄၀ ကျော် ရှိခဲ့သည်။

 

CJ