Main menu

Background

ရွှေဘိုဈေးကွက်မှ မြေပဲလုံးဆန်နှင့် ပဲစင်းငုံ(နီ)

Mon, 03/04/2024 - 09:50 -- journal_editor

မြေပဲလုံးဆန်
ရွှေဘိုခရိုင်တွင်  မြေပဲလုံးဆန်(ဖြူ)များမှာ  ဖေဖော် ဝါရီလ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက် ခဲ့ပြီး ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ မြေပဲလုံးဆန်(ဖြူ) တစ်တင်းလျှင် ကျပ် ၁၁၇၆၀ဝ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ ၄၅၀ဝ တင်း၊ ၁၀၃ တန်ဖြစ်ကြောင်း၊  ယခင်တစ်ပတ်နှင့် ယခု တစ်ပတ် နှိုင်းယှဉ်ပါက ယခင်တစ်ပတ်၌ မြေပဲလုံးဆန် (ဖြူ)တစ်တင်းလျှင် ကျပ် ၁၁၈၄၀ဝ ပေါက်ဈေးရှိခဲ့သဖြင့် ယခုတစ် ပတ်တွင် မြေပဲလုံးဆန်(ဖြူ)တစ်တင်းလျှင် ကျပ် ၈၀ဝ ဈေး လျော့နည်းခဲ့ကြောင်း၊  ယခင်နှစ်   ကာလတူနှင့် အရောင်း အဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို  နှိုင်းယှဉ်ပါက ယခင်နှစ် ကာလတူတွင် မြေပဲလုံးဆန်(ဖြူ)တစ်တင်းလျှင် ကျပ် ၁၀၄၀ဝ၀ ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ် ကာလတူထက် မြေပဲလုံးဆန်(ဖြူ)  တစ်တင်းလျှင်  ကျပ် ၁၃၆၀ဝ ဈေးပိုရရှိခဲ့ ကြောင်း သိရသည်။
ပဲစင်းငုံ(နီ)
ဇန်နဝါရီလ ဒုတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစင်းငုံ(နီ၊ ဖြူ)များ စတင်ဝင်ရောက်ခဲ့သော်လည်း ဖေဖော် ဝါရီလ စတုတ္ထပတ်တွင် ပဲစင်းငုံ(နီ) တစ်မျိုးတည်းသာ ဝင် ရောက်ခဲ့ကြောင်း၊ ယခုတစ်ပတ်တွင် အရောင်းအဝယ်ဖြစ် သည့်ဈေးနှုန်းမှာ ပဲစင်းငုံ(နီ)တစ်တင်းလျှင် ကျပ် ၁၁၅၀ဝ၀ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ  ၁၈၀ဝ၀ တင်း၊ ၅၈၈ တန်ဖြစ်ကြောင်း၊ ယခင်တစ်ပတ်နှင့် ယခု တစ်ပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ် ပါက ယခင်တစ်ပတ်၌ ပဲစင်းငုံ(နီ)တစ်တင်းလျှင် ကျပ် ၁၂၂၆၀ဝ ပေါက်ဈေးရှိခဲ့သဖြင့် ယခုတစ်ပတ်တွင် ပဲစင်းငုံ(နီ)တစ်တင်း လျှင်  ကျပ် ၇၆၀ဝ ဈေးလျော့နည်းခဲ့ကြောင်း သိရသည်။ 

 

နှင်းနှင်းခိုင်(ရွှေဘို)