Main menu

Background

မန္တလေး ကုန်စည်ဒိုင်တွင် မြေပဲဆန်နှင့် ပို့ကုန်ပဲများ အရောင်းအဝယ်အေးနေ

Mon, 03/04/2024 - 09:51 -- journal_editor

ဖေဖော်ဝါရီလ  နောက်ဆုံးပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့  မြင်းမူ၊ အောင်လံဒေသမှ မြေပဲဆန်များဝင်ရောက်နေပြီး ဈေးအေးနေကြောင်း သိရသည်။ မြေပဲလုံးဆန်များကို တရုတ်ဝယ်လက်မှ ဝယ်ယူမှုအေးခြင်းကြောင့် မြေပဲဆန်တစ် ပိဿာလျှင် ကျပ် ၁၀ဝ မှ ၄၀ဝ ထိ နိမ့်ကျလာပြီး ဆီဆန်ကို ဆီစက်သမားများမှ ဝယ်ယူမှုအေးနေသောကြောင့်  ှ၁ဆီဆန် တစ်ပိဿာလျှင် ယခင်တစ်ပတ်ထက် ကျပ်  ၂၀ဝ မှ ၇၀ဝ ထိနိမ့်ကျလာကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှသိရသည်။
မြေပဲလုံးဆန် (နီ) တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၇၈၀ဝ မှ ၈၃၀ဝ၊ ယခင်တစ်ပတ်ကျပ် ၈၀ဝ၀ မှ ၈၇၀ဝ၊ ယခင်လကျပ် ၈၂၀ဝ မှ ၈၅၀ဝ ဖြစ်ခဲ့ပြီး ယခင် တစ်ပတ်၊ ယခင်လထက် ကျပ် ၂၀ဝ မှ ၄၀ဝ နိမ့်ကျလာခဲ့သည်။
မြေပဲလုံးဆန် (ဖြူ) တစ်ပိဿာ ဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ် ၇၂၀ဝ မှ ၇၄၀ဝ၊ ယခင်တစ်ပတ်ကျပ် ၇၂၀ဝ မှ ၇၆၀ဝ၊ ယခင်လ ကျပ် ၇၂၀ဝ မှ ၇၅၀ဝ ဖြစ်ခဲ့ပြီး  ယခင်လထက် ကျပ် ၁၀ဝ နိမ့်ကျလာခဲ့သည်။
ှ၁ ဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၆၈၀ဝ မှ ၇၆၀ဝ၊ ယခင်တစ် ပတ် ကျပ် ၇၅၀ဝ မှ ၇၈၀ဝ၊ ယခင်လ ကျပ် ၆၄၀ဝ မှ ၆၅၀ဝ ဖြစ်ခဲ့ပြီး ယခင်တစ်ပတ် ထက် ကျပ် ၂၀ဝ မှ ၇၀ဝ နိမ့်ကျလာပြီး ယခင်လထက် ကျပ် ၄၀ဝ မှ ၁၁၀ဝ မြင့်တက် လာသည်။
ပဲစင်းငုံ(နီ)  ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၄၈၀ဝ၀ မှ ၃၅၀ဝ၀ဝ၊ ယခင်တစ်ပတ် ကျပ် ၃၇၁၀ဝ၀ မှ ၃၇၂၀ဝ၀၊ ယခင်လ ကျပ် ၃၆၂၀ဝ၀ ဖြစ်ခဲ့ပြီး ယခင်လထက် ကျပ် ၁၂၀ဝ၀ ၁၄၀ဝ၀ ကျဆင်းလာခဲ့သည်။
မတ်ပဲ ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၇၀ဝ၀ဝ ၊ ယခင်တစ်ပတ် ကျပ် ၂၈၀ဝ၀ဝ မှ ၂၉၀ဝ၀ဝ၊ ယခင်လ ကျပ် ၂၇၀ဝ၀ဝ မှ ၂၉၈၀ဝ၀ ဖြစ်ခဲ့ပြီး ယခင်လထက် ဈေးနှုန်းကျလာခဲ့သည်။ 
ပဲတီစိမ်း(အညာ) ၅၆ ဒသမ ၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ် ပတ်တွင် ကျပ် ၁၅၅၀ဝ၀ မှ ၁၈၅၀ဝ၀ ၊ ယခင်တစ်ပတ် ကျပ် ၁၅၅၀ဝ၀ မှ ၁၈၅၀ဝ၀၊ ယခင်လ ကျပ် ၁၆၀ဝ၀ဝ မှ ၂၀ဝ၀ဝ၀ ဖြစ်ခဲ့ပြီး  ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေ ပြီး ယခင်လထက် ကျပ် ၅၀ဝ၀ မှ ၁၅၀ဝ၀ နိမ့်ကျခဲ့ကြောင်းသိရသည်။

 

မြင့်မြင့်လှိုင်