Main menu

Background

မကွေးတိုင်းဒေသကြီးမှ ပဲဈေးကွက်

Mon, 04/01/2024 - 09:57 -- journal_editor

ကုလားပဲ 
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အထက်မင်းလှမြို့နယ်၌ နှမ်း၊ စားတော်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ မြေပဲ၊ ပဲစင်းငုံ၊ နေကြာ၊ ပြောင်း၊ ဝါ၊ ကြက်သွန်နီနှင့်  အခြားသီးပင်စားပင်များ စိုက်ပျိုးထွက်ရှိပြီး ဆောင်းသီးနှံကုလားပဲမှာ ၂၀၂၃-၂၀၂၄ဘဏ္ဍ နှစ်အတွက် စိုက် ဧက ၁၀ဝ၀ဝ ကျော်  စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရှိရသည်။
အထက်မင်းလှမြို့ ပန်းတော်ပြင်ကျေးရွာအုပ်စု  ဥယျာဉ် ကျေးရွာတွင် ကုလားပဲစိုက်တောင်သူ ၅၀ ဦးခန့်ရှိပြီး စိုက်ဧက မှာ ၃၀ဝ ဧကဝန်းကျင်စိုက်ပျိုးထားကြောင်း၊ မျိုးအနေဖြင့် ရေဆင်း-ခြောက်မျိုးကို အများဆုံးစိုက်ပျိုးပြီး ၂၀၂၃ ခုနှစ်  နိုဝင်ဘာလ ဒုတိယပတ်တွင် စိုက်ပျိုးသော ဆောင်းသီးနှံ ကုလားပဲကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်တွင် စတင်ရိတ်သိမ်းလျက်ရှိပြီး မတ်လ စတုတ္ထပတ် အပြီးရိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ ယခင် နှစ်က တစ်တင်းလျှင် အမြင့်ဆုံးဈေး ကျပ် ၆၀ဝ၀ဝ ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ဈေးနှုန်းအနေဖြင့် ကုလားပဲ  စတင်ရိတ်သိမ်းချိန် ဖေဖော်ဝါရီလ တတိယပတ်မှ ဖေဖော်ဝါရီလစတုတ္ထပတ်တွင် တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ ဈေးရရှိပြီး ထွက်ရှိသည့် ကုလားပဲများ ကို   အထက်မင်းလှမြို့ရှိ ပွဲရုံများသို့ ရောင်းချကြောင်း၊ ယခုနှစ် တွင်မူ ပို၍ဈေးကောင်းရရှိသောကြောင့် ကုလားပဲစိုက် တောင်သူ များအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိ၍ အဆင်ပြေလျက်ရှိ ကြောင်း သိရှိရသည်။ 
ကုလားပဲ 
မကွေးခရိုင် တောင်တွင်းကြီးမြို့နယ်တွင် စိုက်ပျိုးထားရှိ သည့် ကုလားပဲများ စတင်ရိတ်သိမ်း ြွေခလှေ့ရောင်းချလျက်ရှိရာ  ဈေးနှုန်းကောင်းမွန်သဖြင့်  တောင်သူများ  အဆင်ပြေလျက်ရှိ ကြောင်း သိရသည်။
ဒေသခံတောင်သူများအနေဖြင့် အထွက်နှုန်းကောင်းမွန်ပြီး ဟော်လန်ကုလားပဲ(ခေါ်) အလုံးကြီးမျိုးများကို အများအပြား စိုက်ပျိုးကြပြီး ကုန်စည်ဒိုင်တွင် ယခင်နှစ်ကထက် ယခုနှစ်တွင် ကုလားပဲစိုက်ပျိုး  တောင်သူများ ဈေးကောင်းပိုမိုရရှိသည်။ ၂၀၂၃ ခုနှစ် မတ်လ စတုတ္ထပတ်တွင် ဟော်လန် ကုလားပဲ ၂၀ ပိဿာ တစ်တင်းလျှင် ကျပ် ၇၂၀ဝ၀၊ ဗမာကုလားပဲ ၂၀ ပိဿာ တစ်တင်း လျှင် ကျပ် ၆၈၀ဝ၀ နှင့် ၂၀၂၄ခုနှစ် မတ်လ စတုတ္ထပတ်တွင် ဟော်လန်ကုလားပဲ ၂၀ ပိဿာတစ်တင်းလျှင် ကျပ် ၇၉၀ဝ၀၊ ဗမာ ကုလားပဲ ၂၀ ပိဿာ တစ်တင်းလျှင် ကျပ် ၇၇၀ဝ၀ တို့ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ကာလတူ နှိုင်းယှဉ်ပါက ယခုနှစ် မတ်လ စတုတ္ထပတ်တွင် ဟော်လန်ကုလားပဲ ၂၀ ပိဿာ တစ်တင်းလျှင် ကျပ် ၇၀ဝ၀၊ ဗမာ ကုလားပဲ  ၂၀ ပိဿာ တစ်တင်းလျှင် ကျပ် ၉၀ဝ၀ ဈေးနှုန်းမြင့်တက် လာကြောင်း သိရှိရသည်။  
ပဲကြီး
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အထက်မင်းလှမြို့နယ် ဘွဲ့ကျေးရွာအုပ်စုရှိ ညှင်းသွန်း၊ ကွန်းသွန်း၊ ဘွဲ့၊ ဇီးတော၊ မင်းဂံ စသည့် ကျေးရွာများသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင် ကြပြီး ဇီးတောကျေးရွာ၌ ဆောင်းသီးနှံအဖြစ် ပဲကြီးသီးနှံကို စိုက် ပျိုးကြောင်း သိရှိရသည်။ ဇီးတောကျေးရွာ၌ ပဲကြီးစိုက်တောင်သူ ၁၀ ဦးခန့်ရှိပြီး စိုက်ဧကမှာ ၁၀ ဧကဝန်းကျင်ခန့်ရှိကြောင်း၊ တစ် ဧကလျှင် ပဲကြီးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ် နှင့် နိုဝင်ဘာလ ပထမပတ်တို့တွင် စတင်စိုက်ပျိုးပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ စတုတ္ထပတ်တွင်  ခူးဆွတ်ရကြောင်း၊ ပဲကြီးမှာ ပိုးကြိုက်သောသီးနှံဖြစ်၍ စိုက်ပျိုးစဉ်တစ်လျှောက် ပိုးသတ်ဆေး၊ အားဆေးသုံးကြိမ်စီ ပက်ဖျန်းပေးရကြောင်း၊ ဈေးနှုန်းအနေဖြင့်  ယခင်နှစ်က အဖွင့်ဈေးတွင် တစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ ထိဈေး ရရှိခဲ့ပြီး ယခုနှစ်တွင် ပဲကြီးပေါ်စအချိန် ဖေဖော်ဝါရီလ စတုတ္ထ ပတ်တွင် တစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ ခန့်သာရရှိကြောင်း၊ ယခု မတ်လ စတုတ္ထပတ်တွင် ပဲကြီးဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ ခန့်ရရှိကြောင်း၊ ယခုနှစ်တွင်မူ ဈေးနှုန်းမှာ အရ နည်းပါး ကြောင်း၊ ထွက်ရှိသည့်ပဲကြီးများကို အထက်မင်းလှမြို့ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။           
ပဲကြီး
သရက်ခရိုင် သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများဖြစ် ကြသော  စခန်းကြီး၊  တောင်ဘော၊  မြောက်ဘော၊ ကွမ်းအုံ၊ ရေဘွတ်၊ ဘော်၊ အင်းလယ်၊ မိုးနတ်ကုန်း၊ တဇီးကောက် စသည့် ကျေးရွာများမှ ပဲကြီးသီးနှံများ  လှိုင်လှိုင်ပေါ်ထွက်လျက်ရှိရာ မတ်လ တတိယပတ်တွင် ပဲကြီး ပိဿာ ၃၀ ဝင် တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀ ဈေးဖြင့် ဝင်ရောက်လျက်ရှိပြီး  မတ်လ စတုတ္ထပတ် တွင် ကျပ် ၁၂၇၅၀ဝ - ၁၃၅၀ဝ၀ ဈေးဖြင့် ယခင်တစ်ပတ်ထက် ကျပ် ၇၅၀ဝ ဈေးအနိမ့်ဖြင့် တစ်နေ့လျှင် အိတ်ရေ ၁၅ မှ ၂၀ ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
မတ်ပဲ
မကွေးခရိုင် တောင်တွင်းကြီးမြို့နယ်တွင် မတ်ပဲစိုက်ဧက ၅၃၁၁ ဧကစိုက်ပျိုးကြောင်း၊ သဖန်းကုန်းကျေးရွာ၊ ပျဉ်းမကျေးရွာ၊ ချောင်းနက်ကျေးရွာ၊ အင်းကုန်းကျေးရွာတို့တွင် မတ်ပဲများ စိုက် ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကုန်စည်ဒိုင်နှင့်  ပွဲစားကုန်သည်ထံသို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
တောင်တွင်းကြီးမြို့ ကုန်စည်ဒိုင်တွင် ယခင်ကနှစ်ထက် ယခုနှစ်တွင် မတ်ပဲဈေးကောင်း ပိုမိုရရှိသည်။ ၂၀၂၃ ခုနှစ် မတ်လ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၆၄၀ဝ၀ ဖြစ်ပြီး ၂၀၂၄ ခုနှစ် မတ်လ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၈၉၀ဝ၀ ဖြစ်၍ ကာလတူနှစ်နှစ်ကို နှိုင်းယှဉ်ပါက ယခုနှစ် မတ်လ စတုတ္ထ ပတ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၂၅၀ဝ၀ ဈေးတက်ကာ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။          
မြေပဲ
သရက်ခရိုင် ကံမမြို့နယ်တွင် မြေပဲသီးနှံများလည်း လှိုင် လှိုင်ပေါ်ထွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် မတ်လ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် အရည်အသွေးပေါ်မူတည်၍ ကျပ် ၅၅၀ဝ ဈေး ဖြင့် တစ်နေ ့လျှင် ပိဿာ ၈၀ မှ ၁၀ဝ အတွင်း ဝင်ရောက်လျက်ရှိ ကြောင်း၊ ပဲကြီးသီးနှံမှာ မတ်လ တတိယပတ်တွင် ပိဿာ ၃၀ ဝင် တစ်အိတ်လျှင် ကျပ် ၁၃၈၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိရာ ယခုမတ်လ စတုတ္ထပတ်တွင် ပိဿာ ၃၀ ဝင် တစ်အိတ်လျှင် ကျပ် ၁၂၇၅၀ဝ ဈေးဖြင့် ဝင်ရောက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ နေ့စဉ် တင်ပို့ရောင်းချလျက်ရှိကြောင်း ကုန်သည် တစ်ဦးထံမှ သိရှိရသည်။          

 

     နှင်းလွင်ဦး၊ ဌေးဌေး၊ နွဲ့ယဉ်ဝင်း