Main menu

Background

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံ ဈေးနှုန်းဈေးကွက် အခြေအနေ

Mon, 05/06/2024 - 11:58 -- journal_editor

ပြည်ခရိုင် ပြည်မြို့နယ်ရှိ ပြည်ကုန်စည်ဒိုင်သည် လမ်း ပန်းဆက်သွယ်အချက်အချာကြသည့် မြို့တွင်ရှိသောကြောင့် ပဲမျိုးစုံ အရောင်းအဝယ်သွက်လျက်ရှိသည်။
မတ်ပဲ
ဧပြီလပထမပတ်တွင် မတ်ပဲဈေးပြန်တက်လာပြီး ပဲ တစ်တင်းလျှင် ကျပ် ၉၈၅၀ဝ ဖြင့် ရန်ကုန်အဝယ် တစ်ရက် လျှင် အိတ် ၂၀ဝ ခန့် အဝယ်ရှိသည်။ ဧပြီလနောက်ဆုံးပတ် တွင် မတ်ပဲတစ်တင်းကို  ကျပ် ၁၀၁၀ဝ၀ ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၂၅၀ခန့်ရှိသည်။
ပဲစင်းငုံ
ဧပြီလ  ပထမပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ကျပ် ၁၂၂၀ဝ၀ ဖြင့် ဈေးတက်လာပြီး ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၃၀ဝ  ခန့် အဝယ်ရှိသည်။ ဧပြီလ စတုတ္ထပတ်တွင် ပဲစင်းငုံ တစ်တင်းလျှင် ကျပ်  ၁၃၂၀ဝ၀ ဖြင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် ၂၅၀ ခန့်ရှိသည်။
ကုလားပဲ
ဧပြီလပထမပတ်တွင် ကုလားပဲ (HL)တစ်တင်းလျှင် ကျပ် ၈၃၀ဝ၀-၈၃၅၀ဝ၊ မြကြေးမှုံ တစ်တင်းလျှင် ကျပ် ၈၆၅၀ဝ ဖြင့် မြို့တွင်း ခွဲစက်သမားများနှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၂၅၀ ခန့်ရှိသည်။ ဧပြီလ စတုတ္ထပတ်တွင် ကုလားပဲ(HL)တစ်တင်းကို ကျပ် ၈၅၀ဝ၀၊ မြကြေးမှုံ တစ် တင်းလျှင် ကျပ် ၈၈၅၀ဝ ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၃၀ဝ ခန့်ရှိသည်။
ပဲကြီး
ဧပြီလပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းလျှင် ကျပ် ၉၅၀ဝ၀ ၊ ပဲကြီး(ကုန်းပဲ) တစ်တင်းလျှင် ကျပ် ၉၂၀ဝ၀ ဖြင့် မြို့တွင်း အကြော်သမားနှင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် ၁၅၀ ခန့်ရှိသည်။ ဧပြီလ စတုတ္ထပတ်တွင်ပဲကြီး(ရွှေကျွန်း) တစ်တင်းလျှင် ကျပ် ၉၃၀ဝ၀၊ ပဲကြီး(ကုန်းပဲ) တစ်တင်းလျှင် ကျပ် ၈၈၀ဝ၀ ဖြင့် မြို့တွင်းပဲကြော်သမားများ အဝယ်ရှိသည်။
စားတော်ပဲ
ဧပြီလပထမပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ ဖြင့် မြို့တွင်းအဝယ် တစ်ရက်လျှင် အိတ် ၂၅/ ၅၀ ခန့်ရှိသည်။ ဧပြီလ စတုတ္ထပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် ၂၅ အိတ်ခန့်ရှိသည်။
ဘိုကိတ်ပဲ
ဧပြီလပထမပတ်တွင်   ဘိုကိတ်ပဲတစ်တင်းကို ကျပ် ၆၃၀ဝ၀ ဖြင့် ဈေးကျနေပြီး မြို့တွင်းနှင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် ၁၀ဝ/ ၁၅၀ခန့် အဝယ်ရှိသည်။ ဧပြီလ စတုတ္ထပတ်တွင် ဘိုကိတ်ပဲ တစ်တင်းလျှင် ကျပ် ၆၆၀ဝ၀ ဖြင့် မြို့တွင်းနှင့်ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် ၁၀ဝ ခန့်ရှိ သည်။ 
ပြည်ကုန်စည်ဒိုင်၏ ပဲအရောင်းအဝယ်ဖြစ်မှုမှာ မတ်ပဲ နှင့် ပဲစင်းငုံဈေးတက်နေပြီး ကျန်ပဲများဖြစ်သော ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ ဘိုကိတ်ပဲများ ဈေးအေးလျက်ရှိကြောင်း သိရသည်။

မိမိအေး(ပြည်)