Main menu

Background

ပခုက္ကူ ကုန်စည်ဒိုင်တွင် ကြက်သွန်နီနှင့် ပဲစင်းငုံ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာ

Mon, 05/06/2024 - 12:15 -- journal_editor

ကြက်သွန်နီ 
ပခုက္ကူခရိုင် ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာဒေသများ ဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာနှင့် ပခုက္ကူကျွန်းတို့မှ ဆောင်းစိုက်(ပင်စိုက်)များ စတင်ထွက်ရှိနေသည်။ ဧပြီလ ပထမပတ်တွင် ကြက်သွန်နီဈေးမှာ အနည်းငယ်ကျနေခဲ့သော် လည်း   ဧပြီလ  စတုတ္ထပတ်တွင်   ကြက်သွန်နီဈေးနှုန်းများ အနည်းငယ်  တက်နေကြောင်း ကြက်သွန်နီကုန်စည်ဒိုင်မှ သိရသည်။
ကြက်သွန်နီကုန်စည်ဒိုင်တွင် ပခုက္ကူဒေသထွက်သာ  မက အခြားဒေသများဖြစ်သော ရေနံချောင်း၊ ဆင်ဖြူကျွန်းတို့ မှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဧပြီလ ပထမပတ် ကြက်သွန်နီဈေးနှုန်းမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ ရှိခဲ့ပြီး ဧပြီလ စတုတ္ထပတ်တွင် ယောကြက်သွန်နီ   ထိပ်စ  တစ်ပိဿာလျှင်  ကျပ် ၂၁၀ဝ၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ၊ အနိမ့်စတစ်ပိဿာ လျှင် ကျပ် ၁၅၀ဝ ဖြစ်ပြီး ပထမပတ်နှင့်နှိုင်းယှဉ်ပါက တစ် ပိဿာလျှင် ကျပ် ၆၀ဝ၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၃၀ဝ ထိ ဈေးနှုန်းမြင့်တက်နေကြောင်း၊ နေ့စဉ်အရောင်းအဝယ်ဖြစ် မှုကုန်ချိန်မှာလည်း ၁၀ဝ၀ဝ၀ မှ ၁၅၀ဝ၀ဝ ထိ ဖြစ်နေကြောင်း မြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ထိပ်စ တစ်ပိဿာ လျှင် ကျပ် ၂၄၀ဝ၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ ဖြင့် ကြက်သွန် အရွယ် အစားပေါ် မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးသည်များထံမှ သိရသည်။
ပဲစင်းငုံ
ပခုက္ကူမြို့နယ်အတွင်းရှိ    ကျေးရွာများဖြစ်သော  ကံတော်၊ ကံလှ၊ ကံတိန်၊ ဒဟက်ခြောက်၊ ချောက်ကန်အုပ်စု ကျေးရွာများ၊ အင်ပင်ကျေးရွာနှင့် ကိုင်းအုပ်စုကျေးရွာများ တွင် အဓိကစိုက်ပျိုးကြသည်။ ပဲစင်းငုံနီဈေးနှုန်းသည် ဧပြီ ပထမပတ်မှစ၍ တရိပ်ရိပ် တက်နေကြောင်း ကုန်စည်ဒိုင်မှ သိရသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူမြို့နယ်သာမက အခြားမြို့နယ်များဖြစ်သော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်း၊ ညောင်ဦးခရိုင်အတွင်းရှိ နယ်များမှ လည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည် ဒိုင်မှ သိရသည်။ 
ပခုက္ကူကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ပဲစင်းငုံနီ ဈေး နှုန်းများမှာ ဧပြီလပထမပတ်တွင် တစ်တင်းလျှင် ကျပ် ၁၂၁၈၀ဝ၊ ဒုတိယပတ်တွင်  တစ်တင်းလျှင် ကျပ်  ၁၃၁၂၀ဝ ဖြစ်ပြီး စတုတ္ထပတ်တွင် ပဲစင်းငုံနီ ဒိုင်ပြတ်ဈေးမှာ တစ်တင်းလျှင် ကျပ် ၁၃၃၀ဝ၀ ဈေးတို့ဖြင့်  အရောင်းအဝယ်ဖြစ်နေခဲ့ပြီး နေ့စဉ် အရောင်းအဝယ်ဖြစ်မှု အိတ်ရေမှာ  ၁၀ဝ မှ ၈၀ဝ အထိ ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန် ဘုရင့်နောင်သို့ ကုန်း လမ်းအပြင် ရေလမ်းခရီးမှလည်း တင်ပို့မှုများရှိနေကြောင်း ကုန်စည်ဒိုင်နှင့်  ရေကြောင်းလမ်း ပို့ဆောင်ရေးတို့မှသိရသည်။

လှိုင်ဥမ္မာဦး (ပခုက္ကူ)