Main menu

Background

ဈေးနှုန်းမြင့်တက်လာသော မွန်ပြည်နယ်၏ ပဲမျိုးစုံ

Mon, 07/01/2024 - 12:30 -- journal_editor

မွန်ပြည်နယ် မော်လမြိုင်မြို့ ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးနှုန်းအခြေအနေသည် ၂၀၂၄ ခုနှစ်အတွင်း လအလိုက် ဖြစ်ပေါ် ခဲ့သော ဈေး နှုန်းများအရ  ဇွန်လနောက်ဆုံးပတ်၌ မြေပဲဈေးနှုန်း အနည်းငယ်ကျ၍ ကျန်ပဲများ ဈေးနှုန်း မြင့်တက်လာကြောင်း  တွေ့ရသည်။ ထို့အပြင် မွန်ပြည်နယ်အတွင်း ပဲစိုက်ဧကနှင့် အထွက်နှုန်းသည် ၂၀၂၃-၂၀၂၄ခုနှစ်တွင် ပဲစိုက်ပျိုးဧက ၇၄၃၃၀၊ ရိတ်သိမ်း ဧက ၇၄၃၃၀၊ အထွက် ၁၁၉၀၄၃၈ တင်းထွက်ရှိသည်။ ယခင်နှစ်ထက်  ပဲစိုက်ပျိုးမြေ ၉၆၈၄ဧက ပိုမိုစိုက်ပျိုး၍ အထွက်နှုန်း ၁၃၄၆၃၆ တင်း ပိုမိုထွက်ရှိကြောင်းသိရသည်။ မွန်ပြည် နယ်တွင် မြေပဲ၊ ပဲတီစိမ်း၊  မတ်ပဲ၊ ပဲလွမ်း၊ ဗိုလ်ကိတ်ပဲ၊ ပဲပုပ်ပဲ တို့  အများဆုံး စိုက်ပျိုးကြသည်။ မွန်ပြည်နယ်ဒေသ ထွက် ပဲမျိုးစုံစိုက်ပျိုးသူ တောင်သူများသည် အကျိုးအမြတ်ရရှိခြင်း၊  ကုန်သည်များအနေဖြင့် အရောင်းအဝယ်ကောင်းခြင်း၊ ပဲဈေးနှုန်း ဈေးကွက်ခိုင်မာမှုရှိခြင်း၊ လူမျိုးဘာသာမရွေး စားသုံးကြခြင်း၊  စားသုံးသူများအတွက် ဈေးကွက်၌ ပြတ်လပ်မှုမရှိ ဝယ်ယူစားသုံးနိုင်ခြင်းအပြင် ပိုလျှံသည့်ပဲများကို အခြားမြို့များသို့လည်း တင်ပို့လျက်ရှိသည်။            

 

 ခင်ကြည်(မွန်ပြည်နယ်)