Main menu

Background

ပြည်ကုန်စည်ဒိုင်၏ ဇွန်လပထမပတ်နှင့် စတုတ္ထပတ် ဈေးနှုန်းနှိုင်းယှဉ်ချက်

Mon, 07/01/2024 - 12:33 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိ ပြီး မတ်ပဲ၊ ပဲစင်းငုံဈေးမှာ မြင့်လျက်ရှိပြီး ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီး၊ ဗိုလ်ကိတ်ပဲများမှာ ဈေးအေးလျက်ရှိနေသည်။
မတ်ပဲ
ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲတစ်တင်းကို  ကျပ် ၁၁၀ဝ၀ဝ ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၂၅၀ခန့်သာအဝယ်ရှိသည်။ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၁၁၀ဝ၀ဝ ဖြင့် ရန်ကုန် အဝယ်တစ်ရက်လျှင် အိတ် ၃၀ဝခန့်အဝယ်ရှိသည်။
ပဲစင်းငုံ
ပြည်ကုန်စည်ဒိုင်၏ ဇွန်လပထမပတ်တွင် ပဲစင်းငုံတစ်တင်း ကို ကျပ်  ၁၄၂၀ဝ၀ ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၃၀ဝ ခန့် အဝယ်ရှိသည်။ ဇွန်လစတုတ္ထပတ်တွင် ပဲစင်းငုံ ဈေးမြင့်တက် လာပြီး ပဲတစ်တင်းကို ကျပ် ၁၄၅၀ဝ၀ ဖြင့် ရန်ကုန်အဝယ်တစ်ရက် လျှင် အိတ် ၃၅၀ ခန့် အဝယ်ရှိသည်။
ကုလားပဲ
ပြည်ကုန်စည်ဒိုင်၏ ဇွန်လပထမပတ်တွင် ကုလားပဲ(ူံ) တစ်တင်းကို ကျပ် ၈၅၀ဝ၀-၈၆၀ဝ၀၊ မြကြေးမှုံတစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ-၉၁၀ဝ၀ ဖြင့် မြို့တွင်းခွဲစက်သမားနှင့် နယ်စုံအဝယ် တစ် ရက်ကို အိတ် ၃၀ဝ ခန့်ရှိသည်။ ဇွန်လစတုတ္ထပတ်တွင် ကုလားပဲ (ူံ)တစ်တင်းကို ကျပ် ၈၆၀ဝ၀-၈၆၅၀ဝ  ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် ၃၀ဝ ခန့် အဝယ်ရှိသည်။
ပဲတီစိမ်း
ပြည်ကုန်စည်ဒိုင်၏ ဇွန်လပထမပတ်တွင် ပဲတီစိမ်းတစ်တင်း ကို ကျပ် ၆၈၀ဝ၀ ဖြင့် မန္တလေးအဝယ်တစ်ရက်လျှင် အိတ် ၁၅၀ ခန့် အဝယ်ရှိသည်။ ဇွန်လစတုတ္ထပတ်တွင် ပဲတီစိမ်း တစ်တင်းကို ၇၀ဝ၀ဝကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်လျှင် အိတ် ၁၅၀ ခန့် အဝယ်ရှိသည်။
ပဲကြီး
ဇွန်လပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ကျပ် ၉၂၀ဝ၀၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ကျပ် ၈၅၀ဝ၀ ဖြင့် မြို့တွင်း ပဲကြော်သမားနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၃၀ဝ ခန့်ရှိ သည်။ ဇွန်လစတုတ္ထပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းလျှင် ကျပ်  ၉၂၀ဝ၀ ၊ ပဲကြီး(ကုန်းပဲ)တစ်တင်းလျှင် ကျပ်  ၈၅၀ဝ၀ ဖြင့် မြို့တွင်း ပဲကြော်သမားများ တစ်ရက်လျှင် အိတ် ၂၅၀ ခန့်ရှိသည်။
စားတော်ပဲ
ဇွန်လပထမပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ကျပ် ၁၀ဝ၀ဝ ဝဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် ၅၀ ခန့် အဝယ်ရှိ သည်။ စတုတ္ထပတ်အတွင်း စားတော်ပဲ(ကျွန်း)တစ်တင်းကို ကျပ် ၁၀ဝ၀ဝ၀ ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် ၂၅-၅၀ ခန့်ရှိ သည်။
ဗိုလ်ကိတ်
ဇွန်လ   ပထမပတ်တွင်   ဗိုလ်ကိတ်ပဲတစ်တင်းကို   ကျပ် ၈၀ဝ၀ဝ-၈၁၀ဝ၀ ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၁၀ဝ-၁၅၀ ခန့် အဝယ်ရှိသည်။ ဇွန်လ  စတုတ္ထပတ်တွင် ဗိုလ်ကိတ် တစ်တင်းကို ကျပ်  ၉၀ဝ၀ဝ ဖြင့် ဈေးတက်ခဲ့ပြီး ရန်ကုန် နှင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် ၁၅၀ ခန့် အဝယ်ရှိသည်။
ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲသီးနှံတို့မှာ အရောင်းအဝယ်သွက်လျက်ရှိပြီး ကျန်ပဲများမှာ ပုံမှန်သာအရောင်း အဝယ်ရှိသည်။

မိမိအေး(ပြည်)