Main menu

Background

ပြည်ပဲဈေးကွက်

Mon, 07/01/2024 - 12:40 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ  ပဲမျိုးစုံဈေးကွက်တွင် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲများတွင် မတ်ပဲ၊ ပဲစင်းငုံသီးနှံများမှာ ဈေးပြိုင်မြင့်တက်လျက်ရှိပြီး ကုလားပဲ နှင့် ပဲကြီးသီးနှံများအနေဖြင့်  ပြည်ပဝယ်လိုအားကောင်းသော မတ်ပဲ၊ ပဲစင်းငုံ သီးနှံများကဲ့သို့ ဈေးကောင်းရရှိမှု မရှိခဲ့ဘဲ ယခုနှစ်မှာ ဈေးအေးနေသော ပဲသီးနှံများဖြစ်ခဲ့ကြောင်း သိရ သည်။ ယခုကာလတွင် အဆိုပါ ပဲများအားလုံး ပဲသစ်ပေါ်ချိန် မဟုတ်သဖြင့် ပဲအဝင်အနည်းငယ်နှင့် လက်ကျန်ပဲများရှိမှု အပေါ် အရောင်းအဝယ်ဖြစ်လျက်ရှိနေခဲ့သည်။ ယခုနှစ် အတွင်း ဈေးမြင့်တက်မှုရှိခဲ့သော မတ်ပဲ၊ ပဲစင်းငုံသီးနှံနှင့် ယခုနှစ်တွင် ဈေးငြိမ်နေခဲ့သော ပဲကြီး၊ ကုလားပဲသီးနှံများ နှစ် အလိုက် ကာလတူ အချိန်အရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေး နှုန်းများကို အောက်ပါ အတိုင်း သိရသည်-
    စဉ်    ပဲအမျိုးအစား     ၂၀၂၀    ၂၀၂၁    ၂၀၂၂    ၂၀၂၃    ၂၀၂၄(တင်းဈေး)
                                   ဇွန်          ဇွန်       ဇွန်           ဇွန်         ဇွန်(ကျပ်)
    ၁။    မတ်ပဲ              ၃၂၀ဝ၀   ၃၈၀ဝ၀  ၅၄၀ဝ၀  ၇၂၅၀ဝ   ၁၁၀ဝ၀ဝ
    ၂။    ပဲစင်းငုံ             ၂၆၀ဝ၀   ၃၄၅၀ဝ  ၄၈၅၀ဝ  ၉၈၀ဝ၀    ၁၄၅၀ဝ၀
    ၃။    ကုလားပဲ          ၂၅၃၀ဝ   ၃၁၀ဝ၀  ၄၉၅၀ဝ  ၈၇၀ဝ၀      ၈၆၅၀ဝ
    ၄။    ပဲကြီး(ရွှေကျွန်း)၂၈၀ဝ၀    ၄၅၀ဝ၀ ၄၅၀ဝ၀  ၉၈၀ဝ၀       ၉၂၀ဝ၀
              (ကမ်းနား)     ၂၅၀ဝ၀    ၄၀ဝ၀ဝ ၇၀ဝ၀ဝ  ၉၃၀ဝ၀       ၈၅၀ဝ၀
မတ်ပဲသီးနှံအနေဖြင့် ငါးနှစ်တာကာလအတွင်း နှစ် အလိုက် ဈေးနှုန်းများ နှိုင်းယှဉ်မှုအရ  နှစ်စဉ်ပဲဈေးကွက် အတွင်း အခြားပဲများဖြစ်သော ပဲစင်းငုံ၊ ကုလားပဲ စသည့် သီးနှံများထက် ဈေးပိုရနေခဲ့ပြီး ပဲကြီးသီးနှံဈေးထက် ၂၀၂၀ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်များတွင်သာ ဈေးပိုပြီး ကျန်နှစ်များမှာ ပဲကြီးသီးနှံဈေးထက် လျော့နည်းရောင်းဝယ်မှု ဖြစ်ခဲ့သည်။ မတ်ပဲသီးနှံသည် ယခုမိုးရာသီကာလတွင် ပဲဟောင်းလက်ကျန် များဖြင့်သာ ရောင်းဝယ်နေသည့်အတွက် အိတ်၂၀ဝ ကျော် ရောင်းဝယ်မှုဖြစ်ခဲ့ပြီး ပဲသစ်ပေါ်ချိန်ကာလများတွင် အရောင်း အဝယ်ဖြစ်မှု  ပိုများသည့်အတွက် အိတ်ရေ အများအပြား ဝယ်လက်ပေါ်မူတည်၍ ရောင်းဝယ်မှုဖြစ်ကြောင်း သိရ သည်။
ယခုနှစ်တွင် ပဲသစ်ပေါ်စကတည်းက ဈေးကောင်းရ ခဲ့ပြီး ပိဿာ ၂၀ တစ်တင်းလျှင် ကျပ်ကိုးသောင်းကျော်ဖြင့် ဈေးဖွင့်ခဲ့ပြီး ပဲအဝင်ပါးချိန် ယခုကာလတွင် ပဲတစ်တင်း ကျပ် တစ်သိန်းကျော်အထိ ဈေးဖွင့်ခဲ့ပြီး ပဲအဝင်ပါးချိန် ယခုကာလ တွင် ပဲတစ်တင်း  ကျပ်တစ်သိန်းကျော်အထိ ရောင်းဝယ်မှု ဖြစ်နေခဲ့သည်။
ပဲစင်းငုံသီးနှံမှာ ယခုနှစ်တွင်  ပဲဈေးကွက်အတွင်း ဈေး အမြင့်ဆုံးဖြင့်  အခြားပဲများထက်  ရောင်းဝယ်နေရသလို ပြည်ပဝယ်လက်ပဲဈေးကွက်မှာလည်း စံချိန်တင်မြင့်တက်ခဲ့ သည့် သီးနှံတစ်မျိုးဖြစ်ခဲ့သည်။ ငါးနှစ်တာဈေးနှုန်းနှိုင်းယှဉ်မှု အခြေအနေအရ မတ်ပဲသီးနှံထက် နှစ်စဉ်ဈေးလျော့ ရောင်း ဝယ်ခဲ့ရပြီး ယခင်နှစ်ကစ၍ ပဲဈေးကွက်မှာ မတ်ပဲဈေးထက် ဈေးပိုရလာခဲ့ပြီး ယခုနှစ်တွင် ပဲစင်းငုံသီးနှံဈေးနှုန်းမှာ ပြည်ပ ဝယ်လိုအားရှိမှုအပေါ် မူတည်၍  ရောင်းဝယ်မှုဖြစ်ခဲ့ကာ ပိဿာ ၂၀ တစ်တင်း ကျပ် ၁၄၅၀ဝ၀ အထိ ထိပ်ဆုံးမှာ ရပ် တည်လျက်ရှိခဲ့သည်။ ပဲစင်းငုံသီးနှံသည် တစ်နှစ်တာလုံး  ပဲ ဈေးကွက်မှာ ရောင်းဝယ်မှုဖြစ်နေသည့် ပဲသီးနှံဖြစ်သော် လည်း   ပဲအထွက်လှိုင်ချိန် ဇန်နဝါရီ၊ ဖေဖော်ဝါရီ ကာလများ တွင် နေ့စဉ်ပဲဝင်ရောက်နေမှုများ  ရှိခဲ့သလို ဝယ်လိုအား ကလည်း အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ကျန်ကာလများတွင် လှောင်ပဲလက်ကျန်များဖြင့် ရန်ကုန် ဝယ်လက်ရှိမှုအပေါ် မူတည်၍ ရက်ခြားရောင်းဝယ်မှုဖြစ်ခဲ့ သည်။ 
ကုလားပဲသီးနှံအနေဖြင့် ပဲဈေးကွက်မှာ ပြည်တွင်း ဝယ်လက်သမားများပါ လက်လီ/လက်ကား ရောင်းဝယ်မှု အဖြစ်များသည့်အတွက် နေ့စဉ်ပဲခွဲစက်သမားများ အဓိက ဝယ်ယူမှုရှိသည့် သီးနှံဖြစ်ပြီး ပဲဈေးနှုန်းမှာ ငါးနှစ်တာကာလ ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းအရ ၂၀၂၃ ခုနှစ်မှစ၍ အခြားပဲ များနည်းတူ ပဲဈေးနှုန်းများမြင့်တက်လာပြီး ပိဿာ ၂၀ တစ် တင်း ကျပ် ရှစ်သောင်းကျော်ဖြင့်ရောင်းဝယ်ခဲ့သည်။ 
၂၀၂၃ ခုနှစ်တွင် ကုလားပဲသီးနှံဈေးသည် မတ်ပဲသီးနှံ ထက် ဈေးလျော့နေခဲ့သော်လည်း ယခုနှစ်တွင် မတ်ပဲသီးနှံ ဈေးနှုန်းများ ယခင်နှစ်ထက် မြင့်တက်လာမှုကြောင့် ကုလားပဲ သီးနှံဈေးနှုန်းမှာ မတ်ပဲသီးနှံဈေးထက် ဈေးလျော့သွားခဲ့သလို ယခုနှစ်က ကာလတူဈေးနှုန်းထက်လည်း လျော့နည်းနေခဲ့ သည်ကိုတွေ့ရသည်။ ထို့ကြောင့် ယခုနှစ်အတွင်း အဝယ်များ အားလုံးလိုလို ဈေးမြင့်မှုများရှိသော်လည်း ပြည်ပစားသုံးမှု ရှိသော ကုလားပဲသီးနှံ ဈေးအေးနေသည့်နှစ် ဖြစ်ခဲ့သည်။ 
ပြည်တွင်းပဲဈေးကွက်တွင် အခြားပဲများနှင့်ယှဉ်လျှင် နှစ်စဉ်လိုလို ဈေးကောင်းရသည့် ပဲကြီးသီးနှံသည်  ယခုနှစ် တွင် ပြည်ပဝယ်လိုအားကောင်းသော မတ်ပဲ၊ ပဲစင်းငုံသီးနှံများ ဈေးနှုန်းမြင့် တက်လာမှုများကြောင့်  အဆိုပါပဲများထက် ဈေးလျော့နေခဲ့သလို ယခုနှစ်ကဈေးနှုန်းထက်လည်း ဈေး လျော့နည်းရောင်းဝယ်နေခဲ့ကြသည်။ ပဲကြီးသီးနှံ၏ ယခုနှစ် ရရှိသော ဈေးမှာ ရွှေကျွန်း ပိဿာ ၂၀ တစ်တင်း ကျပ် ၉၂၀ဝ၀၊ ကမ်းနား ပိဿာ ၂၀ တစ်တင်း ကျပ် ၈၅၀ဝ၀ ဖြင့် အသီးသီး‌ ရောင်းဝယ်နေကြသည့်အတွက် ယခင်နှစ်ကရရှိ သောဈေးထက် တစ်တင်းလျှင် ကျပ် ၅၀ဝ၀ ကျော်ခန့် လျော့ နည်း ရောင်းဝယ်နေခဲ့ကြပြီး ပဲကြီးသီးနှံအား ဒေသတွင်း ပဲကြော်၊ ပဲလှော်ဖို လုပ်ငန်းသမားများ အဓိက ရောင်းဝယ်မှုဖြစ် ကြသည်။ နေ့စဉ်ပဲဈေးကွက်မှာ အိတ် ၂၀ဝ/၃၀ဝ ကျော် ပုံမှန်ရောင်းဝယ်လျက်ရှိပြီး ပဲအဝင်မရှိတော့ဘဲ လက်ကျန်ပဲ များဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

 

ခင်ဆွေဝင်း (ပြည်)