Main menu

Background

ပခုက္ကူ ပဲဈေးကွက်

Tue, 08/06/2024 - 11:28 -- journal_editor

ပဲစင်းငုံ
ပခုက္ကူမြို့ပေါ်၌ ဒေသထွက်ကုန်ဖြစ်သော ပဲစင်းငုံနီမှာ ကုန်စည် ဒိုင်သာမက မြို့ပေါ်ရှိပွဲရုံများတွင်လည်း နေ့စဉ် အရောင်းအဝယ်ဖြစ်နေ သည်။ ပခုက္ကူမြို့နယ်တွင်  ပဲစင်းငုံနီကို စိုက်ဧက ၃၁၁၇ ဧကကျော်ရှိပြီး  အဓိကစိုက်ပျိုးသော နေရာများမှာ  ကံတော်၊ ကဲလှ၊ ကံရပ်၊ ချောက်ကန် အုပ်စုရွာများ၊ ကိုင်းအုပ်စု ကျေးရွာများနှင့် မြိုင်မြို့နယ်ရှိရွာများဖြစ်သည့် ကျောက် ဆောက်၊ လက်ပဲအိုက်၊ မြို့သာရွာများမှ သီးညှပ်အဖြစ် အခြား သီးနှံများနှင့်ရော၍ စိုက်ပျိုးကြသည်။ 
ဇူလိုင်လ ပထမပတ်တွင် ပဲစင်းငုံနီ တစ်တင်းလျှင် ကျပ်  ၁၄၁၀ဝ၀၊ ဒုတိယပတ်တွင် ကျပ် ၁၃၉၆၀ဝ၊  တတိယပတ်တွင် ကျပ် ၁၄၁၆၀ဝ၊ စတုတ္ထပတ်တွင် ကျပ် ၁၄၀ဝ၀ဝ ဖြစ်သည်။  ပြည်ပပို့ကုန် တစ်မျိုးဖြစ်သည့် ပဲစင်းငုံနီဈေးကွက်မှာ  ခိုင်မာလျက်ရှိကြောင်း၊ နေ့စဉ် တစ်ရက်လျှင် အိတ် ရေ  ၁၀ဝ  မှ  ၃၀ဝ အထိ အရောင်းအဝယ်ဖြစ်ပြီး မြန်မာပြည် အောက်ပိုင်း သို့ တင်ပို့ကြောင်း သိရသည်။  
 

ပဲတီစိမ်း 
ပခုက္ကူဈေးကွက်တွင် ဇူလိုင် ပထမပတ်၌ ပဲတီစိမ်း ဈေးနှုန်းများမှာ အရည်အသွေးကိုလိုက်၍   တစ်တင်းလျှင်  ကျပ် ၄၅၀ဝ၀ မှ ၆၀ဝ၀ဝ၊ ဒုတိယပတ်တွင် ကျပ် ၅၀ဝ၀ဝ မှ ၆၀ဝ၀ဝ၊ တတိယပတ်အစတွင် ကျပ် ၅၀ဝ၀ဝ မှ ၆၁၀ဝ၀၊ စတုတ္ထပတ်တွင် ကျပ်  ၆၀ဝ၀ဝ မှ ၇၀ဝ၀ဝ အထိဖြစ် ပြီး ဇူလိုင်လအတွင်း ပဲတီစိမ်း တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ ခန့်ဈေးတက် နေပြီး အရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်း၊ နေ့စဉ်အရောင်းအဝယ် ဖြစ်ခဲ့သော အိတ်ရေမှာ တစ်နေ့လျှင် အိတ်ရေ ၅၀ဝ မှ ၁၀ဝ၀ထိ ဖြစ် ကြောင်း တင်ပို့အနေဖြင့် မြန်မာပြည်အောက်ပိုင်းသို့ တင်ပို့နေရကြောင်း ကုန်သည်များထံမှ သိရသည်။

ကုလားပဲ

ဇူလိုင်လ စတုတ္ထပတ်တွင် အရောင်းအဝယ်ဖြစ်သော ကုလားပဲဈေး နှုန်းများမှာ ကုလားပဲဖြူလုံးကြီး (ဠ၂) တစ်တင်းလျှင် ကျပ် ၇၉၅၀ဝ၊ ကုလားပဲဖြူ (ဠ၆ ) တစ်တင်းလျှင် ကျပ် ၈၂၀ဝ၀၊ ကုလားပဲဝါ (၉၂၉) တစ် တင်းလျှင် ကျပ် ၈၀ဝ၀ဝ၊ ကုလားပဲဝါ(ူံ)တစ်တင်းလျှင် ကျပ် ၇၀ဝ၀ဝ တို့ဖြစ်ပြီး နေ့စဉ် ကုန်စည်ဒိုင်တွင်သာမက ပွဲရုံများတွင်လည်း အရောင်း အဝယ်ဖြစ်နေကြောင်း တစ်နေ့လျှင် အိတ်ရေ ၅၀ မှ ၁၀ဝ ထိဖြစ်ပြီး ရန်ကုန်သို့ တင်ပို့နေကြောင်း သိရှိရသည်။

လှိုင်ဥမ္မာဦး(ပခုက္ကူ)