Main menu

Background

ပြည်ကုန်စည်ဒိုင်၏ ယခင်နှစ်နှင့် ယခုနှစ် ပဲမျိုးစုံဈေးနှုန်းများ နှိုင်းယှဉ်ခြင်း

Tue, 08/06/2024 - 14:17 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် ယခုနှစ် ဇူလိုင်လနောက်ဆုံးပတ်နှင့် ယခင်နှစ် ဇူလိုင်လ နောက်ဆုံးပတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့ သော ပဲဈေးနှုန်းများအား နှိုင်းယှဉ်ကြည့်လျှင် ပဲဈေးနှုန်းများ မြင့်တက်လာကြောင်း သိရသည်။ 
မတ်ပဲ
ပြည်ကုန်စည်ဒိုင်၏ ယခင်နှစ် ဇူလိုင်လနောက်ဆုံးပတ်တွင် မတ်ပဲတစ်တင်းကို  ကျပ်  ၇၆၀ဝ၀ ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် ၁၅၀-၂၀ဝ ခန့်ရှိသည်။ ယခုနှစ် ဇူလိုင်လနောက်ဆုံးပတ် တွင် မတ်ပဲတစ်တင်းလျှင်  ကျပ် ၁၀၈၅၀ဝ ဖြင့် အရောင်းအဝယ် တစ်ရက်ကို အိတ် ၂၅၀ခန့် ရန်ကုန်အဝယ် ရှိခဲ့သည်။ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် တစ်တင်းကို ကျပ် ၃၂၅၀ဝ ခန့် ယခုနှစ်တွင် ဈေးပိုရ ခဲ့သည်။ 
ပဲတီစိမ်း
ယခုနှစ် ဇူလိုင်လနောက်ဆုံးပတ်တွင် ပဲတီစိမ်းတစ်တင်း လျှင် ကျပ် ၇၀ဝ၀ဝ ဖြင့် မန္တလေးအဝယ် တစ်ရက်ကို အိတ် ၂၅၀ ခန့်ရှိခဲ့သည်။ ယခင်နှစ်ဇူလိုင်လနောက်ဆုံးပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် ကျပ် ၆၁၀ဝ၀ ဖြင့် တစ်ရက်လျှင် အိတ် ၂၀ဝ ခန့် မန္တလေးအဝယ် ရှိခဲ့သည်။ ယခုနှစ်တွင်  ပဲတစ်တင်းလျှင် ကျပ် ၉၀ဝ၀ ခန့်ဈေးပိုရခဲ့သည်။
ပဲစင်းငုံ
ယခင်နှစ် ဇူလိုင်လနောက်ဆုံးပတ်တွင် ပဲစင်းငုံတစ်တင်း လျှင် ကျပ်  ၁၀ဝ၀ဝ၀ ဖြင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် ၃၀ဝ ခန့်ရှိခဲ့သည်။ ယခုနှစ်ဇူလိုင်လနောက်ဆုံးပတ်တွင် ပဲစင်းငုံ တစ်တင်းကို ကျပ် ၁၃၃၀ဝ၀ ဖြင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် ၃၀ဝ ခန့်ရှိသည်။ ထို့ကြောင့် ပဲတစ်တင်းလျှင် ကျပ် ၃၃၀ဝ၀ ခန့် ယခုနှစ်မှာဈေးပိုရခဲ့သည်။
ကုလားပဲ
ယခင်နှစ် ဇူလိုင်လနောက်ဆုံးပတ်တွင် ကုလားပဲ(ူံ) တစ်တင်းကို ကျပ် ၉၁၀ဝ၀၊ မြကြေးမှုံတစ်တင်းလျှင် ကျပ် ၉၁၀ဝ၀ ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် ၂၅၀-၃၀ဝ ခန့် အဝယ်ရှိ သည်။ ယခုနှစ် ဇူလိုင်လနောက်ဆုံးပတ်တွင် ကုလားပဲ(ူံ) တစ်တင်းလျှင် ကျပ် ၈၅၀ဝ၀၊ မြကြေးမှုံတစ်တင်းလျှင် ကျပ် ၈၆၀ဝ၀ ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် ၂၅၀ ခန့် မြို့တွင်း နှင့်ရန်ကုန်အဝယ်ရှိသည်။ ကုလားပဲဈေးများမှာ ယခင်နှစ်တွင် ဈေးကောင်းရပြီး ယခုနှစ်တွင် ဈေးအနည်းကျဆင်းလာသည်။
ပဲကြီး
ယခုနှစ် ပဲကြီး(ရွှေကျွန်း)တစ်တင်းလျှင် ကျပ်  ၈၉၀ဝ၀၊ ပဲကြီး(ကုန်းပဲ)တစ်တင်းလျှင် ကျပ် ၈၄၀ဝ၀ ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကိုအိတ် ၂၅၀ခန့် ရှိခဲ့သည်။ ယခင်နှစ် ပဲကြီး(ရွှေကျွန်း) တစ်တင်းလျှင် ကျပ်  ၉၈၀ဝ၀၊ ကုန်းပဲ တစ်တင်းလျှင် ကျပ် ၉၆၀ဝ၀ ဖြင့် မြို့တွင်းအဝယ် တစ်ရက်လျှင် အိတ် ၃၀ဝ ခန့် ရှိခဲ့သည်။ ရွှေကျွန်းပဲ တစ်တင်းလျှင် ကျပ်  ၉၀ဝ၀၊ ကုန်းပဲ တစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ ခန့် ယခင်နှစ်က ဈေးပိုရခဲ့သည်။
ဗိုလ်ကိတ်ပဲ
ယခင်နှစ် ဇူလိုင်လနောက်ဆုံးပတ်တွင် ဗိုလ်ကိတ်ပဲတစ် တင်းလျှင် ကျပ် ၅၈၀ဝ၀ ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ် တစ်ရက် ကို အိတ် ၁၀ဝ-၁၅၀ ခန့်ရှိခဲ့သည်။ ယခုနှစ် ဗိုလ်ကိတ်ပဲ တစ်တင်း လျှင် ကျပ်  ၉၂၀ဝ၀ ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် ၁၅၀ ခန့်ရှိခဲ့သည်။ ဗိုလ်ကိတ်တစ်တင်းလျှင် ကျပ် ၃၄၀ဝ၀ ခန့် ယခုနှစ်တွင်ဈေးပိုရခဲ့သည်။
ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ဗိုလ်ကိတ်ဈေးမှာ ယခင်နှစ်ထက် ဈေးပိုကောင်းခဲ့ပြီး ကုလားပဲနှင့် ပဲကြီးမှာ ယခင်နှစ်က ဈေးပိုကောင်းခဲ့ကြောင်း သိရှိရသည်။

 

မိမိအေး(ပြည်)