Main menu

Background

ပခုက္ကူမြို့မှ ပဲဈေးကွက် အခြေအနေ

Mon, 09/02/2024 - 10:14 -- journal_editor

ကုလားပဲ
ပခုက္ကူမြို့၌  သြဂုတ်လ စတုတ္ထပတ်တွင်  ကုလားပဲ အမျိုးအစားကို လိုက်၍ (V2)တစ်တင်းလျှင် ကျပ် ၁၀၆၀ဝ၀၊ ူံ တစ်တင်းလျှင် ကျပ် ၁၀၃၅၀ဝ၊ (V6) တစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ၊ (929) တစ်တင်းလျှင် ကျပ် ၉၈၅၀ဝ၊ သြဂုတ်လ ပထမပတ်တွင် ကုလားပဲ အမျိုးအစားလိုက်၍ (V2) တစ်တင်းလျှင် ကျပ်၇၉၅၀ဝ၊ HL တစ်တင်းလျှင် ကျပ် ၈၆၀ဝ၀၊ (V6) တစ်တင်းလျှင် ကျပ် ၉၃၀ဝ၀၊ (929) တစ်တင်းလျှင် ကျပ် ၈၂၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှင့်ယခု ဈေးနှုန်းနှိုင်း ယှဉ်ပါက တစ်လအတွင်း ကုလားပဲ (V2) တစ်တင်းလျှင် ကျပ်၂၆၅၀ဝ၊ (V6) တစ်တင်းလျှင် ကျပ်၂၇၀ဝ၀၊ HLတစ်တင်းလျှင် ကျပ် ၁၇၅၀ဝ၊ (929) တစ်တင်းလျှင် ကျပ်၁၆၅၀ဝ ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ် ကြောင်း၊ သြဂုတ်လ စတုတ္ထပတ်အတွင်း ဈေးကွက်သို့ တစ်ရက်လျှင် ကုလားပဲ ၃၀ ပိဿာဝင်ဆံ့ အိတ် ၁၅၀ မှ ၃၀ဝ အထိ တစ်ပတ်အတွင်း အိတ် ၁၀ဝ၀ ခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ 
စားတော်ပဲ
စားတော်ပဲဈေးကွက်အနေဖြင့် သြဂုတ်လ စတုတ္ထပတ်တွင် ဈေး တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ကျွန်းစားတော်ပဲ(အသေး)တစ် တင်းလျှင် ကျပ် ၁၃၀ဝ၀ဝ၊   စားတော်ပဲ(လုံးကြီး)တစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်နှစ် ကာလတူ ကျွန်းစားတော်ပဲ တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ၊ စားတော်ပဲ(လုံးကြီး)တစ် တင်းလျှင် ကျပ် ၇၀ဝ၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက် အတွင်း၌   ပွဲရုံများတွင် နေ့စဉ် ပိဿာ ၃၀ ဝင်ဆံ့အိတ် ၂၀ မှ ၃၀ ထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ 
မြေပဲ
သြဂုတ်လ ပထမပတ်တွင် မြေပဲလုံးဆန်နီ(ပြန့်) တစ်ပိဿာလျှင် ကျပ် ၉၅၀ဝ-၉၂၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး မြေပဲဆီဆန် တစ် ပိဿာလျှင် ကျပ် ၉၅၀ဝ-၉၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ မြေပဲလုံးဆန်(ဖြူ) တစ်ပိဿာလျှင် ကျပ် ၈၇၀ဝ-၈၅၀ဝ ဈေးဖြင့် အရောင်း အဝယ်ဖြစ်ပြီး ဆီဆန်တစ်ပိဿာလျှင် ကျပ် ၈၃၀ဝ-၈၀ဝ၀  ပေါက်ဈေးရှိ ကြောင်း၊ တစ်လအတွင်း မြေပဲဆန် တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ 
ပဲတီစိမ်း    
သြဂုတ်လ စတုတ္ထပတ်တွင် ပဲတီစိမ်း(ခေါ်)ပဲနောက်သီးနှံ တစ် တင်းလျှင် ကျပ် ၇၆၃၀ဝ-၇၅၀ဝ၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်  သြဂုတ်ပထမပတ်တွင် တစ်တင်း လျှင် ကျပ် ၇၃၅၀ဝ - ၇၂၅၀ဝ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း ပဲတီစိမ်း တစ်တင်းလျှင် ကျပ် ၂၈၀ဝ ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်နှစ် သီးနှံပေါ်ချိန် တွင် ပဲတီစိမ်းသေး တစ်တင်းလျှင် ကျပ် ၅၅၀ဝ၀-၅၃၀ဝ၀ ပေါက်ဈေးရှိခဲ့ ပြီး ယခင်နှင့် ယခုကာလတူဈေးနှုန်း နှိုင်းယှဉ်ပါက ပဲတီစိမ်းသေး တစ် တင်းလျှင် ကျပ် ၂၁၃၀ဝ ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးကွက် သို့ဝင်ရောက်လာသည့် ပဲတီစိမ်းသေး(ပဲနောက်)အသစ်များကို ဒေသ တွင်း ဝယ်ယူစားသုံးမှုအပြင် ရန်ကုန်မြို့သို့ တင်ပို့လျက်ရှိပြီး ထိုမှတစ်ဆင့် ပြည်ပပို့ကုန်အဖြစ် တင်ပို့လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရသည်။

 

မြင့်မြင့်သန်း (ပခုက္ကူ)