Main menu

Background

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံ ဈေးကွက်အခြေအနေ

Mon, 09/02/2024 - 10:17 -- journal_editor

ပြည်ကုန်စည်ဒိုင်သည် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသော ပြည်မြို့တွင် ဖွင့်လှစ်ထားသောကြောင့် ပဲမျိုးစုံ အရောင်းအဝယ်မှာ ကောင်းမွန်လျက်ရှိသည်။
မတ်ပဲ
ပြည်ကုန်စည်ဒိုင်၏ သြဂုတ်လ ပထမပတ်တွင် မတ်ပဲ တစ်တင်းလျှင် ကျပ် ၁၁၂၀ဝ၀ ဖြင့် တစ်ရက်လျှင် အိတ် ၁၅၀-၂၀ဝ ခန့် ရန်ကုန်အဝယ်ရှိသည်။ ဒုတိယပတ်တွင် ပဲတစ်တင်း လျှင် ကျပ် ၁၂၄၀ဝ၀- ၁၂၄၅၀ဝ ဖြင့် ရန်ကုန်အဝယ်တစ်ရက် လျှင် အိတ် ၂၀ဝ ခန့်အဝယ်ရှိသည်။ တတိယပတ်တွင် မတ်ပဲ တစ်တင်းလျှင် ကျပ် ၁၂၁၀ဝ၀- ၁၂၁၅၀ဝ ဖြင့် ရန်ကုန်အဝယ် တစ် ရက် လျှင် အိတ် ၂၀ဝ ခန့်အဝယ်ရှိသည်။ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းလျှင်  ကျပ် ၁၂၅၀ဝ၀-၁၂၅၅၀ဝ ဖြင့် ရန်ကုန် အဝယ် တစ်ရက်လျှင် အိတ် ၁၅၀-၂၀ဝ ခန့် အဝယ်ရှိသည်။
ပဲတီစိမ်း
ပြည်ကုန်စည်ဒိုင်တွင် ပဲတီစိမ်းသစ်အဝင်ရှိပြီး ပဲတီစိမ်း တစ်တင်းလျှင် ကျပ် ၅၅၀ဝ၀-၆၀ဝ၀ဝ ဖြင့်ဈေးစဖွင့်ပြီး အရောင်း အဝယ်တစ်ရက်လျှင် အိတ် ၁၀ဝ-၂၀ဝခန့် အရောင်းအဝယ်ရှိ သည်။ ဒုတိယပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ်  ၆၀ဝ၀ဝ ဖြင့် တစ်ရက်လျှင် အဝယ် ၂၀ဝ-၂၅၀အိတ်ခန့်ရှိသည်။ တတိယ ပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝဖြင့် တစ်ရက် လျှင် အိတ် ၃၀ဝ-၄၀ဝ ခန့်အဝယ်ရှိသည်။ စတုတ္ထပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၅၀ဝ၀ဝ-၅၅၀ဝ၀ဝ ဖြင့် အိတ် ၄၀ဝ-၅၀ဝ ခန့် အရောင်းအဝယ်ရှိသည်။
ပဲစင်းငုံ
သြဂုတ်လပထမပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ၁၃၇၅၀ဝ -၁၃၈၀ဝ၀ ဖြင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် ၂၀ဝ ခန့် ရှိသည်။ ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းလျှင်  ကျပ် ၁၄၇၅၀ဝ- ၁၄၈၀ဝ၀ ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင်  အိတ် ၂၀ဝ-၂၅၀ ခန့်ရှိသည်။ သြဂုတ်လ တတိယပတ်တွင် ပဲစင်းငုံတစ်တင်းလျှင်  ကျပ် ၁၄၇၀ဝ၀-၁၄၇၅၀ဝ ဖြင့် ရန်ကုန်အဝယ် တစ်ရက် အိတ် ၃၀ဝ ခန့်ရှိသည်။ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ကျပ် ၁၅၄၀ဝ၀ ဖြင့် တစ်ရက်လျှင် အိတ် ၃၀ဝခန့် အဝယ်ရှိသည်။
ကုလားပဲ
သြဂုတ်လပထမပတ်တွင် ကုလားပဲ(HL) တစ်တင်းလျှင် ကျပ် ၈၇၀ဝ၀-၈၈၀ဝ၀၊ မြကြေးမှုံ တစ်တင်းလျှင် ကျပ်  ၉၀ဝ၀ဝ- ၉၁၀ဝ၀ ဖြင့် မြို့တွင်းခွဲစက်သမားများသာ အဝယ်တစ်ရက် လျှင် အိတ် ၃၀ဝ ခန့်ရှိသည်။ ဒုတိယပတ်တွင် ကုလားပဲ(HL)တစ်တင်းလျှင် ကျပ် ၁၀၁၅၀ဝ၊ မြကြေးမှုံ တစ်တင်းလျှင် ကျပ်  ၁၀၅၀ဝ၀ ဖြင့် မြို့တွင်းခွဲစက်သမားအဝယ် တစ်ရက်လျှင်  အိတ် ၂၅၀-၃၀ဝ ခန့်ရှိသည်။ တတိယပတ်အတွင်း ကုလားပဲ (HL) တစ်တင်းလျှင်  ကျပ် ၁၀၁၀ဝ၀-၁၀၂၀ဝ၀၊ မြကြေးမှုံ တစ်တင်းလျှင် ကျပ် ၁၁၀ဝ၀ဝ ဖြင့် ခွဲစက်သမားများတစ်ရက် လျှင် အိတ် ၂၅၀ခန့်အဝယ်ရှိသည်။ စတုတ္ထပတ်တွင် ကုလားပဲ (ူံ) တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀-၁၀၁၀ဝ၀၊ မြကြေးမှုံတစ် တင်းလျှင်  ကျပ် ၁၁၁၀ဝ၀-၁၁၂၀ဝ၀ ဖြင့် မြို့တွင်းခွဲစက်သမား များ တစ်ရက်လျှင် အိတ် ၃၀ဝ ခန့် အဝယ်ရှိသည်။
ပဲကြီး
သြဂုတ်လပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်း လျှင် ကျပ် ၈၉၀ဝ၀၊ ပဲကြီး(ကုန်းပဲ)တစ်တင်းလျှင် ကျပ် ၈၅၀ဝ၀ ဖြင့် မြို့တွင်း ပဲကြော်သမားများ အဝယ်တစ်ရက်လျှင်  အိတ် ၂၀ဝ ခန့်အဝယ်ရှိသည်။ ဒုတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ၊ ကုန်းပဲ တစ်တင်းလျှင်  ကျပ် ၈၅၀ဝ၀ဖြင့် မြို့တွင်း ပဲကြော်သမားများအဝယ်ရှိသည်။ တတိယ ပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ၊ ကုန်းပဲ တစ်တင်းလျှင် ကျပ် ၈၅၀ဝ၀ ဖြင့် ဈေးအေးနေခဲ့ပြီး မြို့တွင်း အဝယ် တစ်ရက်လျှင် အိတ် ၃၀ဝ ခန့်ရှိခဲ့သည်။ စတုတ္ထပတ် တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းလျှင်  ကျပ် ၉၀ဝ၀ဝ၊ ကုန်းပဲ တစ်တင်းလျှင် ကျပ် ၈၅၀ဝ၀ ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်လျှင် အိတ် ၃၀ဝ-၄၀ဝ ခန့် အဝယ်ရှိခဲ့သည်။
ဗိုလ်ကိတ်ပဲ
သြဂုတ်လ ပထမပတ်တွင် ဗိုလ်ကိတ်ပဲတစ်တင်းလျှင် ကျပ် ၉၂၀ဝ၀-၉၃၀ဝ၀ ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ် ရက်လျှင် အိတ် ၅၀-၁၀ဝ ခန့်ရှိခဲ့သည်။ ဒုတိယပတ်တွင် ဗိုလ် ကိတ်ပဲ တစ်တင်းလျှင် ကျပ် ၉၅၀ဝ၀ ဖြင့်  မြို့တွင်းအဝယ်ရှိ သည်။ တတိယပတ်တွင် ဗိုလ်ကိတ်ပဲ  တစ်တင်းလျှင်  ကျပ် ၉၈၀ဝ၀-၁၀ဝ၀ဝ၀ ဖြင့် မြို့တွင်းအဝယ် တစ်ရက်လျှင် အိတ် ၁၅၀ ခန့်ရှိခဲ့သည်။ စတုတ္ထပတ်တွင်  ဗိုလ်ကိတ်ပဲ တစ်တင်း လျှင်  ကျပ် ၉၈၀ဝ၀ ဖြင့် မြို့တွင်းအဝယ် တစ်ရက်လျှင် အိတ် ၅၀-၁၀ဝ ခန့်ရှိခဲ့သည်။ 
ပြည်ကုန်စည်ဒိုင်၏   ပဲမျိုးစုံဈေးမှာ  မတ်ပဲ၊ ပဲစင်းငုံ၊ ဗိုလ်ကိတ်ပဲဈေးမြင့်တက်နေပြီး ကုလားပဲ၊ ပဲကြီးဈေးမှာ အေး လျက်ရှိကြောင်း သိရှိရသည်။                       မိမိအေး(ပြည် )