Main menu

Background

မကွေးတိုင်းဒေသကြီး၏ ပဲမျိုးစုံ ဈေးနှုန်းဈေးကွက်

Mon, 10/07/2024 - 11:22 -- journal_editor

ပဲစင်းငုံ
မကွေးတိုင်းဒေသကြီးတွင် ကုန်ကျစရိတ်သက်သာ၍ စိုက်ပျိုးရ လွယ်ကူသည့် ပဲစင်းငုံသီးနှံကို မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်များ၌ ၂၀၂၄ ခုနှစ်တွင် စိုက်ဧက ၁၈၂၀ဝ၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ဇွန်လနှင့် ဇူလိုင်လများတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလတွင် ရိတ်သိမ်းကြသည်။ ယခုနှစ်  ဖေဖော်ဝါရီလ ပဲစင်းငုံ(အနီ)ပေါ်စ အချိန် တွင် တစ်တင်းလျှင် ကျပ် ၁၁၈၀ဝ၀-၁၂၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ် ခဲ့ပြီး စက်တင်ဘာလ စတုတ္ထပတ်တွင် တစ်တင်းလျှင် ကျပ် ၁၄၉၀ဝ၀-၁၅၁၀ဝ၀ သို့ ဈေးနှုန်းမြင့်တက်လာကြောင်းသိရသည်။ ပဲစင်းငုံကို မကွေး မြို့ပေါ်ရှိ ပွဲရုံများမှတစ်ဆင့် ရန်ကုန်၊ မန္တလေး မြို့များသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ   ပြည်ပဝယ်လိုအားရှိ၍ ဈေးနှုန်းကောင်းမွန်မှုကြောင့် တောင်သူများအတွက် အကျိုးအမြတ်ရရှိ ကြောင်း သိရသည်။ 
ကုလားပဲ
မကွေးဈေးကွက်၌   မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသည့် ကုလားပဲသီးနှံများ နေ့စဉ်အရောင်းအဝယ် ဖြစ်လျက်ရှိသည်။  ယခုနှစ် စက်တင်ဘာလ စတုတ္ထပတ်တွင် ကုလားပဲဝါ(၉၂၉) တစ်တင်းလျှင် ကျပ် ၉၈၀ဝ၀၊ ကုလား ပဲဝါ (ူံ) တစ်တင်းလျှင်  ကျပ် ၉၄၅၀ဝ၊ ကုလားပဲဝါသေး တစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ ပေါက်ဈေးရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေး နှင့် ပြည်မြို့များသို့ တင်ပို့လျက်ရှိကြောင်းနှင့် ပြည်ပပို့ကုန်လည်းဖြစ် ကြောင်း သိရသည်။ 
မိုးမြေပဲ
မကွေးခရိုင် မြို့သစ်မြို့နယ်အတွင်းရှိ လင်းလည်ကျေးရွာတွင် မိုးမြေပဲကို မေလတွင် စတင်စိုက်ပျိုးခဲ့ကြပြီး သြဂုတ်လကုန်တွင် လှိုင်လှိုင် ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ စတုတ္ထပတ်တွင် မြေပဲတောင့် တစ်တင်းလျှင် ကျပ် ၂၅၀ဝ၀-၂၈၀ဝ၀  ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မကွေးမြို့နှင့် တောင်တွင်းကြီးမြို့သို့ ရောင်းချသည်။ ထိုမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့သည်။ ဒေသတွင်းရှိ ဆီစက်လုပ်ငန်းရှင်များကမူ မြေပဲကို တန်ဖိုးမြှင့်ထုတ်ကုန် (ဠေူကန ဗိနိ) ပြုလုပ်၍ ပြန်လည်ရောင်းချကြသည်။ ဈေးနှုန်းမှာ ယခင် နှစ်ကထက်  ဈေးကောင်းရရှိသောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိကြောင်း  သိရသည်။
ပဲတီစိမ်း
အောင်လံခရိုင် အောင်လံမြို့နယ်အတွင်းရှိ  မြို့လှ၊ ရွာမ၊ ချိုင်းစု၊ ကျောင်းစု ကျေးရွာများတွင် ပဲတီစိမ်းသီးနှံ(မိုး)ကို မေလကုန်-ဇွန်လဆန်း တွင် စတင်စိုက်ပျိုးခဲ့ပြီး သြဂုတ်လကုန်တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိ သည်။  ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ စတုတ္ထပတ်တွင် ပဲတီစိမ်း တစ် တင်းလျှင် ကျပ် ၅၅၀ဝ၀-၅၈၀ဝ၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး တစ်ဧက အကျိုးအမြတ်အနေဖြင့် ကျပ် ၆၅၀ဝ၀ဝ ခန့်ရရှိ ကြောင်း၊ ထွက်ရှိသည့် ပဲတီစိမ်းများကို အောင်လံမြို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့ ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့နှင့် ပြည်ပနိုင်ငံများသို့လည်း တင်ပို့ကြောင်း၊ ယခင်နှစ်ကထက် အထွက်နှုန်း ကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များ ရရှိကြောင်း  သိရသည်။                                                       
     

 

တင့်တင့်ထွန်း(မကွေး)