မြေပဲ
မကွေးတိုင်းဒေသကြီး မကွေးဈေးကွက်၌ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများမှ မိုးမြေပဲများ လှိုင်လှိုင် ထွက်ရှိပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
အောက်တိုဘာလ စတုတ္ထပတ်တွင် မြေပဲ(နီ)တောင့် တစ်တင်းလျှင် ကျပ် ၂၅၀ဝ၀-၃၀ဝ၀ဝ၊ မြေပဲ(ဖြူ)တောင့် တစ်တင်းလျှင် ကျပ်၂၂၀ဝ၀-၂၇၀ဝ၀၊ မြေပဲလုံးဆန်နီ တစ်ပိဿာလျှင် ကျပ် ၇၈၀ဝ-၈၀ဝ၀ ၊ မြေပဲလုံးဆန် ဖြူ တစ်ပိဿာလျှင် ကျပ် ၇၃၀ဝ-၇၇၀ဝ တို့ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဈေးကွက်အနေဖြင့် ဒေသတွင်း ဆီကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းရှင်များ နှင့် မြေပဲဆားလှော်လုပ်ငန်းများမှ ဝယ်ယူကြကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့များသို့ တင်ပို့ကြောင်း၊ မြေပဲအရည်အသွေးကောင်းမွန်မှုကြောင့် ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။
ပဲတီစိမ်း
မကွေးခရိုင် မကွေးမြို့နယ်ရှိ ကျေးရွာများ၌ သြဂုတ်လတွင် ပဲတီစိမ်း သီးနှံကို စိုက်ပျိုးပြီး အောက်တိုဘာလလယ်တွင် စတင်ခူးဆွတ်ကြကြောင်း သိရသည်။ အောက်တိုဘာလ စတုတ္ထပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် ငွေကျပ် ၇၅၀ဝ၀-၇၇၀ဝ၀ ပေါက်ဈေးရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်တွင်းကြီး မြို့နှင့် မကွေးမြို့သို့ သွားရောက်ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ ယခုရာသီတွင် မိုးရွာသွန်းမှု များပြားခြင်းကြောင့် သီးနှံအထွက်နှုန်း လျော့နည်းသော်လည်း ပဲစင်းငုံသီးနှံကို သီးညှပ်အဖြစ် စိုက်ပျိုးကြသည့်အတွက် တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကုလားပဲ
မကွေးဈေးကွက်၌ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူး ခရိုင်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသည့် ကုလားပဲသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ အောက်တိုဘာလ စတုတ္ထ ပတ်တွင် ကုလားပဲဝါ(၉၂၉) တစ်တင်းလျှင် ငွေကျပ် ၉၉၀ဝ၀၊ ကုလားပဲဝါ(ူံ) တစ်တင်းလျှင် ငွေကျပ် ၉၇၀ဝ၀၊ ကုလားပဲဝါသေး တစ်တင်းလျှင် ငွေကျပ် ၉၂၀ဝ၀ ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့များသို့ တင်ပို့လျက်ရှိကြောင်းနှင့် ပြည်ပပို့ကုန် အဖြစ် တရုတ်၊ အိန္ဒိယနိုင်ငံများသို့ တင်ပို့ကြောင်း သိရသည်။
ထောပတ်ပဲ
မကွေးခရိုင် မကွေးမြို့နယ် ကရင်ကျေးရွာတွင် နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံ သီးနှံတို့ကို စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲ(ဆောင်း)သီးနှံကို စက်တင်ဘာ လတွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီလတွင် ရိတ်သိမ်းကြကြောင်းသိရသည်။ ဈေးနှုန်းအနေဖြင့် အောက်တိုဘာလ စတုတ္ထပတ်တွင် ထောပတ်ပဲ(ဖြူ) တစ် တင်းလျှင် ငွေကျပ် ၁၁၂၀ဝ၀-၁၃၅၀ဝ၀ ပေါက်ဈေးရှိပြီး ဈေးကွက်အနေဖြင့် ဒေသတွင်းပွဲရုံများနှင့် ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များမှ ဝယ်ယူကြကြောင်း၊ ထို့အပြင် ပွဲရုံများမှတစ်ဆင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချ ကြောင်း၊ ယခုအချိန်တွင် ထောပတ်ပဲသီးနှံများ ဖူးပွင့်ဝေဆာ၍ အောင်မြင် ဖြစ်ထွန်းလျက်ရှိသောကြောင့် အထွက်နှုန်း ကောင်းမွန်ပြီး ဈေးကောင်းရရှိ ပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်ကြောင်း သိရသည်။
တင့်တင့်ထွန်း(မကွေး)