Main menu

Background

မကွေးခရိုင်ပဲမျိုးစုံဈေးနှုန်းဈေးကွက်

Tue, 12/03/2024 - 11:25 -- journal_editor

ပဲတီစိမ်း
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အတွင်းရှိ  ကျေးရွာများတွင်  ပဲတီစိမ်းသီးနှံကို သြဂုတ်လကုန် စက်တင်ဘာလဆန်းတွင် စတင် စိုက်ပျိုးပြီး  နိုဝင်ဘာလတွင် လှိုင်လှိုင်ထွက်ပေါ် လျက်ရှိကြောင်း သိရသည်။ 
နိုဝင်ဘာလ စတုတ္ထပတ်တွင် ပဲတီစိမ်း တစ် တင်းလျှင် ငွေကျပ် ၉၇၀ဝ၀-၉၈၀ဝ၀ဖြင့် အရောင်း အဝယ်ဖြစ်ပြီး ဈေးကွက်အနေဖြင့် တောင်တွင်း ကြီးမြို့နှင့် မကွေးမြို့သို့  ရောင်းချပြီး ထိုမှတစ်ဆင့်  ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ပဲတီစိမ်း  အထွက်နှုန်း အနည်းငယ် လျော့နည်း သော်လည်း ဈေးကောင်းရရှိသောကြောင့် အကျိုး အမြတ်များရရှိကြောင်း သိရသည်။
ဆောင်းမြေပဲ
မကွေးခရိုင်    မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်းမြေပဲကို မိုးနှမ်းရိတ်သိမ်း ပြီးသည့် စိုက်ခင်းမြေများတွင် ထွန်ယက်၍ သြဂုတ် လတွင်  စိုက်ပျိုးပြီး  အောက်တိုဘာလကုန်တွင်  လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း   သိရသည်။ နိုဝင်ဘာလ စတုတ္ထပတ်တွင် မြေပဲတောင့် တစ် တင်းလျှင် ကျပ် ၂၆၅၀ဝ-၃၀ဝ၀ဝ ဈေးနှုန်းများဖြင့် အရောင်းအဝယ်  ဖြစ်လျက်ရှိပြီး ထွက်ရှိသည့် ဆောင်းမြေပဲများကို မကွေးမြို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချပြီး  ထိုမှတစ်ဆင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ လည်းကောင်း၊ ဒေသတွင်းရှိ ဆီစက်လုပ်ငန်းရှင်များနှင့် မြေပဲကို တန်ဖိုးမြှင့် ထုတ်ကုန် (ဠေူကန ဗိနိ) ပြုလုပ်၍ ပြန်လည် ရောင်းချသည့် လုပ်ငန်းရှင်များမှ လည်းကောင်း ဝယ်ယူကြကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုများ ပြီး အထွက်နှုန်း အနည်းငယ်လျော့နည်းသော်လည်း ဈေးကောင်း ရသောကြောင့်  ထိုက်သင့်သည့် အကျိုးအမြတ်များ ရရှိကြောင်း၊ မြေပဲပင်များကို အခြောက်ခံနေလှန်း၍    တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သဖြင့် တိရစ္ဆာန်အစာဖူလုံမှုရှိသည့် သီးနှံဖြစ်သောကြောင့်   တောင်သူများအနေဖြင့် နှစ်စဉ်တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း  သိရသည်။
ကုလားပဲ
မကွေးဈေးကွက်၌ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများမှထွက်ရှိသည့်   ကုလားပဲသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ သည်။ ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ စတုတ္ထပတ် တွင် ကုလားပဲ(ဟော်လန်)တစ်တင်းလျှင် ကျပ် ၉၆၀ဝ၀-၉၆၅၀ဝ ၊ ကုလားပဲ ၉၂၉ တစ်တင်းလျှင်  ငွေကျပ် ၉၇၀ဝ၀ ပေါက်ဈေးဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း၊ ကုလားပဲသီးနှံ ထွက်ပေါ်  ရာသီ မဟုတ်သည့်အတွက် အရောင်းအဝယ်  အေး ကြောင်း၊   ဈေးကွက်အနေဖြင့်  မကွေးမြို့နှင့် တောင်တွင်းကြီးမြို့ရှိ  သီးနှံပွဲရုံများ သို့ တင်ပို့ ရောင်းချပြီး ထိုမှတစ်ဆင့် ဒေသတွင်းရှိ ပဲကြော်၊ ပဲလှော်၊ မုန့်လုပ်ငန်းရှင်များမှ ဝယ်ယူကြကြောင်း နှင့် ရန်ကုန်၊ မန္တလေးမြို့များသို့  တင်ပို့ကြောင်း သိရသည်။
ပဲကြီးဖြူ 
မကွေးမြို့နယ်အတွင်းရှိ လယ်ယား၊ ပေါက် တော၊ ကိုးပင် ကွေ့ကျေးရွာများတွင် ပဲကြီးဖြူသီးနှံ များ စိုက်ပျိုးလျက်ရှိရာ နိုဝင်ဘာ စတုတ္ထပတ်တွင် ပဲကြီးဖြူတစ်တင်းလျှင် ကျပ် ၈၅၀ဝ၀-၉၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် မကွေးမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်း ချပြီး ထိုမှတစ်ဆင့် ဒေသတွင်းရှိ ပဲကြော်ပဲလှော်လုပ်ငန်းရှင်များမှလည်း ဝယ်ယူကြကြောင်း၊ ပဲကြီး ဖြူသည် ကုန်ကျစရိတ်သက်သာပြီး စိုက်ပျိုးရ လွယ်ကူသည့် သီးနှံဖြစ် သောကြောင့် တောင်သူ များအနေဖြင့် နှစ်စဉ် စိုက်ပျိုးလျက်ရှိပြီး ယခုအခါ ပဲကြီးဖြူများ ဖူးပွင့်ဝေဆာ၍ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

 

တင့်တင့်ထွန်း(မကွေး)