Main menu

Background

ကရင်ပြည်နယ်တွင် ပဲပုပ် ဈေးကောင်းလာ

Tue, 12/03/2024 - 11:27 -- journal_editor

ကရင်ပြည်နယ်တွင် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို ဒေသအနှံ့အပြား စိုက်ပျိုးကြသော်လည်း သံလွင်မြစ် ကြောင်းတစ်လျှောက်ရှိ နုန်းတင်မြေနု စိုက်ခင်းများတွင် ပဲပုပ်ကို အဓိကစိုက်ပျိုးကြသည်။ ပဲပုပ်သည် စိုက်ပျိုးရန် လွယ်ကူပြီး တစ်ဧက ကုန်ကျစရိတ် သက်သာသော သီးနှံဖြစ်သောကြောင့် သံလွင်မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာ များတွင် အဓိကစိုက်ပျိုးပြီး တောင်သူတွက်ခြေကိုက်သော သီးနှံဖြစ်ကြောင်းနှင့် နှစ်စဉ် မြစ်ရေကျချိန် တော်သလင်း လဆန်းတွင် စတင်စိုက်ပျိုးကြောင်းနှင့် ပြာသိုလဆန်းတွင် စတင်ရိတ်သိမ်းကြောင်း သိရသည်။ 
ဒေသခံ တောင်သူများအနေဖြင့် ပဲပုပ်စိုက်ပျိုးရာတွင် မြစ်ရေကျချိန် ပေါ်ထွက်လာသော မြေနုကျွန်းများတွင် မြေပြုပြင်ခြင်းမရှိဘဲ ကြဲပက်စိုက်ပျိုးကြကြောင်းနှင့် တစ်ဧက အထွက်နှုန်း ၁၃ တင်းမှ ၁၅ တင်းခန့်  ရရှိကြောင်း သိရသည်။ 
 ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ပဲပုပ် တစ်ပိဿာလျှင် ကျပ် ၃၉၀ဝ ဖြင့် ဈေးနှုန်းစဖွင့်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး  ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ဈေးကွက်ပေါက်ဈေးမှာ  ကျပ် ၇၅၀ဝ ထိ မြင့်တက်ခဲ့ကြောင်းနှင့် ယခုကဲ့သို့ ပဲပုပ်များဈေး ကောင်းရလာခြင်းနှင့်အတူ လက်ရှိစိုက်ပျိုးထားရှိသော ပဲပုပ်များထွက်ပေါ်လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပဲပုပ် ပေါ်ချိန်တွင် အမြတ်အစွန်း ပိုမိုရှိနိုင်မည်ဟု တောင်သူများက မျှော်မှန်းလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းနိုင် DOCA Kayin