မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူ၊ ဆိပ်ဖြူ၊ ရေစကြို၊ ဂန့်ဂေါ မြို့နယ်များတွင် မြေပဲ၊ ကုလားပဲ၊ စား တော်ပဲ၊ ပဲတီစိမ်းခေါ် ပဲနောက်၊ မတ်ပဲ၊ ထောပတ်ပဲစိုက်ပျိုးထွက်ရှိမှုနှင့် ဈေး နှုန်းဈေးကွက် အခြေအနေများကိုစုစည်းဖော်ပြ လိုက်ပါသည်-
မြေပဲ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ပဲမျိုးစုံ နှင့် ဆီထွက်သီးနှံမျိုးစုံ ရောင်းဝယ်ရေး ဈေးကွက် တွင် ဆီထွက်သီးနှံ မြေပဲများ နေ့စဉ် အရောင်း အဝယ်ဖြစ်လျက်ရှိရာစိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ၊ ယောနယ်ဒေသ များနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာများမှထွက်ရှိသော မိုးမြေပဲ အတောင့်အဆန်များ ပခုက္ကူဈေးကွက် သို့ နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ မိုးမြေပဲ တူးဖော်ရိတ်သိမ်းပြီး ဆောင်း မြေပဲစိုက်ပျိုးချိန် ကြားကာလတွင် မြေပဲသစ်များ ဝင်ရောက်မှုနည်းသော်လည်း ဈေးကွက်သို့ ဝင် ရောက်လာသည့် မြေပဲဆန်နှင့် မြေပဲအတောင့် များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် သွက်နေကြောင်း၊ ဒီဇင်ဘာလ စတုတ္ထပတ်တွင် မြေပဲ အမြင့်ဈေးဖြင့် ဈေးငြိမ်၍ အရောင်းအဝယ် ဖြစ်ခဲ့သည်။ ဈေးကွက်သို့ ဝင်ရောက်လာသော မြေပဲ အတောင့်နှင့် အဆန်များကို မြို့ပေါ်ရှိ လှောင်လက်သမားများ၊ ဆီစက်လုပ်ငန်းရှင်များ အဝယ်လိုက်ခြင်းအပြင် ပြည်ပ တရုတ်နိုင်ငံမှ လည်း ဝယ်လိုအားများလျက်ရှိ၍ ဈေးနှုန်းမြင့် တက်ကြောင်း၊ မြေပဲဆန်အရည်အသွေးနှင့် ဝယ် လိုအားပေါ်မူတည်၍ ဈေး အနိမ့်၊ အမြင့်ရှိ ကြောင်း သိရှိရသည်။
ပြည်တွင်း စားသုံးဆီဈေးကွက်တွင် ကျန်းမာရေးနှင့်ညီညွတ်သည့် မြေပဲဆီသန့် သုံး စွဲမှုမြင့်မားလျက်ရှိ၍ ဒေသတွင်းဆုံ/ဆီစက်များ တွင်ကျယ်စွာ ထုတ်လုပ်လျက်ရှိ၍ မြေပဲဆန်ဝယ် လိုအားကောင်းပြီး ဈေးကွက်ကျဆင်းခြင်းမရှိဘဲ အရောင်းအဝယ် သွက်လျက်ရှိပြီး ပဲဖတ်ဈေးမှာ လည်း ပြည်တွင်းတိရစ္ဆာန် အစားအစာအဖြစ် မြန်မာနိုင်ငံအောက်ပိုင်း ငါးမွေးမြူရေးလုပ်ငန်း များမှ ဝယ်ယူမှုများ၍ အရောင်းအဝယ်သွက် ကြောင်း သိရသည်။
ပခုက္ကူပွဲရုံဈေးကွက်တွင် ဖြစ်ပေါ်နေ သော မြေပဲဈေးနှုန်းများမှာ ယခု ဒီဇင်ဘာလ စတုတ္ထပတ် အစောပိုင်းတွင် သီးနှံအရည်အသွေး လိုက်၍ မြေပဲအတောင့်(အခြောက်) တစ်ပိဿာ လျှင် ကျပ် ၆၂၀ဝ-၄၈၀ဝ၊ မြေပဲလုံးဆန်နီ တစ် ပိဿာလျှင် ကျပ် ၉၀ဝ၀-၈၄၀ဝ၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာလျှင် ကျပ် ၈၈၀ဝ-၈၄၀ဝ၊ ဆီဆန် တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ-၇၁၀ဝ၊ မြေပဲဖတ် တစ်ပိဿာလျှင် ၆၀ဝ၀-၅၉၅၀-၅၆၅၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဈေးကွက်မှ သိရ သည်။
ကုလားပဲ
ပခုက္ကူမြို့တွင် ကုလားပဲဈေးကွက်အနေ ဖြင့် ဒီဇင်ဘာ စတုတ္ထပတ်တွင် ကုလားပဲ(ဠ၂) တစ်တင်းလျှင် ကျပ် ၉၈၀ဝ၀၊ ကုလားပဲ(ူံ)တစ်တင်းလျှင် ကျပ် ၁၀၁၀ဝ၀၊ ကုလားပဲ(ဠ၆) တစ်တင်းလျှင် ကျပ် ၉၂၅၀ဝ၊ ကုလားပဲ(၉၂၉)တစ်တင်းလျှင် ကျပ် ၉၅၀ဝ၀၊ ကုလားပဲဈေးကွက် အရောင်းအဝယ်အေးပြီး ဈေးငြိမ်နေကြောင်း၊ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်သည့် ကုလားပဲ များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြုပြင်ထုတ် လုပ်လျက်ရှိသော မြို့ပေါ်ရှိ ပဲခွဲစက်လုပ်ငန်းရှင် များ၊ ပဲကြော်/ပဲမှုန့် (အစိမ်း/အကျက်) ထုတ် လုပ်သော လုပ်ငန်းရှင်များမှ ဝယ်ယူမှုများ ကြောင်း၊ ယခုအချိန် ပခုက္ကူပဲဈေးကွက်တွင် ပဲလက်ကျန်နည်းကြောင်း၊ လာမည့် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ကုလားပဲသီးနှံများ လှိုင်လှိုင် ရိတ်သိမ်းမည်ဖြစ်၍ ဈေးကွက်သို့ ကုလားပဲ အသစ်များ ဝင်ရောက်မည်ဖြစ်ကြောင်း၊ ကုလား ပဲသီးနှံသည် ကျန်းမာရေးနှင့် ညီညွတ်ခြင်း ကြောင့် ပြည်တွင်းစားသုံးမှုများ၍ အရောင်း အဝယ်သွက်ကြောင်း သိရသည်။
စားတော်ပဲ
ပခုက္ကူမြို့ရှိ စားတော်ပဲဈေးနှုန်း မြင့်တက် လျက်ရှိရာ စက်တင်ဘာလတွင် ကျွန်းစားတော်ပဲ တစ်တင်းလျှင် ကျပ် ၉၅၀ဝ၀ ဖြင့် အောက်တိုဘာ လတွင် ကျပ် ၁၄၅၀ဝ၀၊ နိုဝင်ဘာလတွင် စား တော်ပဲတစ်တင်းလျှင် ကျပ် ၁၄၆၀ဝ၀၊ ဒီဇင်ဘာ လ စတုတ္ထပတ်တွင် စားတော်ပဲတစ်တင်းလျှင် ကျပ် ၁၇၀ဝ၀ဝ ဈေးဖြင့် ဈေးနှုန်း တစ်ရိပ်ရိပ် မြင့်တက်လာခဲ့သည်။ ပွဲရုံဈေးကွက်တွင် သီးနှံ (အသစ်) ဝင်ရောက်ခြင်းမရှိသေး၍ ယခုအချိန် တွင် စားတော်ပဲသီးနှံ (အဟောင်း)မှာ လက်ကျန် နည်းနေပြီဖြစ်ကြောင်း၊ အရောင်းအဝယ်ဖြစ်မှု အနေဖြင့် တစ်ပတ်အတွင်း ပိဿာ ၃၀ ဝင် အိတ် ၁၅ မှ ၂၀ အထိ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှုအနေဖြင့် စားတော်သီးနှံကို နေ့စဉ်စားသုံးခြင်းဖြစ်၍ တစ်နှစ်ပတ်လုံး စားသုံး သည့် သီးနှံတစ်မျိုးဖြစ်ခြင်းကြောင့် အရောင်း အဝယ် သွက်လျက်ရှိကြောင်း၊ ဆောင်းအကုန် နွေအကူး မတ်လဆန်းပိုင်းတွင် ကိုင်းကျွန်းမြေ စိုက် စားတော်ပဲနှင့် ယောနယ်ဒေသထွက် စား တော်ပဲ(အသစ်)များ ဈေးကွက်သို့ စတင်ဝင် ရောက်လာမည်ဖြစ်ကြောင်း သိရသည်။
ပဲတီစိမ်း(ခေါ်) ပဲနောက်
ပခုက္ကူဈေးကွက်သို့ သြဂုတ်လမှစ၍ ပဲနောက်သီးနှံအသစ်များ ဈေးကွက်သို့ စတင် ဝင်ရောက် အရောင်းအဝယ်ဖြစ်ခဲ့ပြီး လှိုင်လှိုင် ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပဲတီစိမ်း(ခေါ်) ပဲနောက် သီးနှံသည် တစ်နှစ်လျှင် မိုး၊ ဆောင်း နှစ်ရာသီ စိုက်ပျိုးကြသည်။ ပခုက္ကူ မြို့နယ်နှင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော ပဲနှောက်သီးနှံများ အများဆုံး ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရ သည်။
ဈေးနှုန်းဈေးကွက်အနေဖြင့် သီးနှံပေါ်စ အချိန် သြဂုတ်လတွင် ပဲနောက်သီးနှံ တစ်တင်း လျှင်ကျပ် ၇၂၅၀ဝ-၇၃၅၀ဝ၊ စက်တင်ဘာလ နှင့်အောက်တိုဘာလတွင် ဈေးအတက်အကျမရှိ ဈေးငြိမ်ပြီး နိုဝင်ဘာလမှစ၍ ဈေးမြင့်တက်လာ ခဲ့သည်။ ပဲနောက်သီးနှံ တစ်တင်းလျှင် ငွေကျပ် ၁၀၄၀ဝ၀-၁၀၅၀ဝ၀ ဈေးဖြင့် အရောင်းအဝယ် ဖြစ်၍ သီးနှံပေါ်စနှင့် ယခုအချိန် ဈေးနှုန်းနှိုင်း ယှဉ်ပါက တစ်တင်းလျှင် ငွေကျပ် ၃၂၅၀ဝ ခန့် ဈေးမြင့်တက်လာခဲ့သည်။ ဈေးကွက်အနေဖြင့် ဒေသတွင်း ဝယ်ယူစားသုံး မှုများအပြင် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့လျက်ရှိပြီးထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရ သည်။
မတ်ပဲ
ရေစကြိုမြို့နယ်အတွင်း မိုးသီးနှံများဖြစ် သည့် ပဲစင်းငုံ၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ဃဏ ပြောင်း ဖူးစေ့နှင့် မတ်ပဲသီးနှံများကို အများအပြား စိုက်ပျိုးလျက်ရှိသည်။ ရေစကြိုမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသည့် ချင်းတွင်းမြစ်၏ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ ကျေးရွာများ တွင် မြစ်ရေကျချိန် သြဂုတ်လနှင့် စက်တင်ဘာလ များမှာ စတင်စိုက်ပျိုးကြသည်။
ယခုနှစ်တွင် ရာသီဥတု အခြေအနေ ကောင်းသဖြင့် တစ်ဧကလျှင် အထွက်တင်း ၂၀ မှ ၂၅ တင်းခန့်ထွက်ရှိပြီး ဒီဇင်ဘာလတွင် စတင် ရိတ်သိမ်း၍ ဇန်နဝါရီလတွင် ဖြိုင်ဖြိုင်ထွက်မည် ဖြစ်သည်။ ဈေးနှုန်းအနေဖြင့် ရေစကြိုမြို့နယ် တွင် မတ်ပဲတစ်တင်းလျှင် လက်ရှိ ဈေးနှုန်းကျပ် တစ်သိန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မတ်ပဲစိုက် တောင်သူများအနေဖြင့် တစ်ဧက အကျိုးအမြတ် ကျပ် ၁၃ သိန်းခန့်ရရှိကြောင်း ယခုနှစ် မတ်ပဲစိုက်တောင်သူများမှာ အကျိုး အမြတ်များရရှိပြီး တွက်ခြေကိုက်သည့်အတွက် မိုးမတ်ပဲသီးနှံများ ရိတ်သိမ်းပြီးလျှင် နွေမတ်ပဲ သီးနှံများကို ဖေဖော်ဝါရီလတွင် ပြန်လည်စိုက် ပျိုးသွားမည်ဖြစ်ကြောင်း မတ်ပဲစိုက် တောင် သူ တစ်ဦးထံမှ သိရသည်။
ထောပတ်ပဲ
ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ထောပတ်ပဲ စိုက်ပျိုးဧက၂၅၀ဝ ကျော်ရှိပြီး ယခုအချိန်တွင် ထောပတ်ပဲများ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိကြောင်းသိရသည်။
ထောပတ်ပဲဈေးနှုန်းဈေးကွက်အနေဖြင့် ပခုက္ကူမြို့ပေါ်၌ ဖြစ်ပေါ်နေသော ထောပတ်ပဲ ဈေးမှာ တစ်တင်းလျှင် ကျပ် ၈၅၀ဝ၀ မှ ၁၀ဝ၀ဝ၀ ဖြစ်ပြီး ထောပတ်ပဲအဟောင်းများကိုသာ မြန်မာ ပြည် အောက်ပိုင်းသို့ တင်ပို့လျက်ရှိကြောင်း သိရ သည်။
လှိုင်ဥမ္မာဦး ၊ မြင့်မြင့်သန်း၊ မြတ်မင်း