Main menu

Background

ပြည်ပဲဈေးကွက်အတွင်း နှစ်အလိုက် ကာလတူ ပဲဈေးနှုန်း နှိုင်းယှဉ်ချက်

Mon, 01/06/2025 - 15:23 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ပြည်ပအဝယ်ရှိသော ပဲများနှင့် ပြည်တွင်း စားသုံး မှုများပြီး ဒေသတွင်း ဝယ်လိုအားများသော ပဲများ လက်လီ/လက်ကား အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 
မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံသီးနှံများမှာ ပြည်ပဝယ်လိုအားရှိသည့်အတွက် လက်ကားရောင်းဝယ်မှု အဖြစ်များခဲ့ကာ စားတော်ပဲ၊ ပဲနီပြား စသည့် သီးနှံများကတော့ ပြည်ဈေးကွက်အတွင်း   ပြည်တွင်းစားသုံးမှု များသည့်အတွက် လက်လီသမားအပြင် လက်ကားဝယ်ယူမှုလည်း ရှိကြသည်။
အဆိုပါပဲများ၏ နှစ်အလိုက် ဒီဇင်ဘာလအတွင်း ကာလတူအချိန် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများကို လေ့လာရာတွင် အောက်ပါအတိုင်း တွေ့ရှိ ရပါသည် -                                                                                                   
  တင်းဈေး/ကျပ်
    စဉ်    ပဲအမျိုးအစား    ၂၀၂၁ ခုနှစ်    ၂၀၂၂ ခုနှစ်    ၂၀၂၃ ခုနှစ်    ၂၀၂၄ ခုနှစ်
    ၁။    မတ်ပဲ               ၄၀၅၀ဝ         ၅၈၀ဝ၀    ၉၅၅၀ဝ           ၁၁၀ဝ၀ဝ
    ၂။    ပဲတီစိမ်း            ၄၀ဝ၀ဝ         ၅၀ဝ၀ဝ    ၆၄၀ဝ၀             ၉၈၀ဝ၀
    ၃။    ပဲစင်းငုံ              ၂၅၀ဝ၀         ၅၇၀ဝ၀    ၉၃၀ဝ၀           ၁၁၀ဝ၀ဝ
    ၄။    ပဲနီပြား             ၆၀ဝ၀ဝ        ၅၃၀ဝ၀    ၁၄၀ဝ၀ဝ          ၁၈၀ဝ၀ဝ
    ၅။    စားတော်ပဲ        ၈၀ဝ၀ဝ      ၁၂၅၀ဝ၀    ၁၂၀ဝ၀ဝ           ၁၆၀ဝ၀ဝ
၂၀၂၃ ခုနှစ်မှစ၍ မတ်ပဲသီးနှံ ဈေးမြင့်တက်လာမှုကြောင့် ပဲတစ်တင်း  ကျပ် ၉၅၅၀ဝ  ရရှိလာသည့် အတွက် ပြည်ပဝယ်လက် ပဲများတွင် ဈေးကောင်းဝင်နေခဲ့သည်။၂၀၂၄ ခုနှစ်တွင် ပဲသစ်ပေါ်ချိန်မှစ၍ ဈေးမြင့်တက်လာခဲ့သည့်အတွက် ဧပြီလနောက်ပိုင်းတွင် ပဲတစ်တင်း ကျပ်တစ်သိန်းကျော်ထိ အရောင်း အဝယ်ဖြစ်ခဲ့ကြပြီး ဒီဇင်ဘာလကုန်တွင် တစ်တင်း ကျပ် ၁၁၀ဝ၀ဝ အထိ ဈေးကောင်းရရှိခဲ့သည်။
ပဲစင်းငုံဈေးမှာ ၂၀၂၁ ခုနှစ်တွင် မတ်ပဲသီးနှံဈေးထက် ဈေးလျော့နေခဲ့ပြီး ၂၀၂၃ ခုနှစ်မှစ၍ ပဲစင်းငုံ ဈေး တစ်နှစ်ထက်တစ်နှစ် ဈေးမြင့်တက်လာခဲ့သည်။  ၂၀၂၄ ခုနှစ်တွင်  သိသိသာသာ ဈေးကွက်အတွင်း မြင့်တက်ခဲ့သည့်အတွက် တစ်တင်း ကျပ်တစ်သိန်းအထက် ရရှိနေခဲ့ကြောင်း သိရသည်။ 
၂၀၂၃  ခုနှစ်မှစ၍ ဈေးကွက်တွင် ဈေးမြင့်တက်ခဲ့သည့် ပဲနီပြားမှာ  ၂၀၂၄ ခုနှစ်တွင် ဈေးဆက်လက် မြင့်တက်ခဲ့ခြင်းကြောင့် နှစ်ကုန်ပိုင်းတွင် တစ်တင်းလျှင် ကျပ် ၁၈၀ဝ၀ဝ  ဖြင့် ရောင်းဝယ်လျက်ရှိသည်။ ပဲဈေးကွက်အတွင်း ဈေးအမြင့်ဆုံးဖြင့် စံချိန်တင်ရရှိခဲ့သည့် ပဲသီးနှံဖြစ်သည်။
စားတော်ပဲသီးနှံသည် နှစ်စဉ်ဈေးကောင်းရလျက်ရှိပြီး ပဲနီပြား သီးနှံဈေးထက် အနည်းငယ် လျော့ နည်း ရောင်းဝယ်မှုရှိကြကြောင်း  သိရသည်။

ခင်ဆွေဝင်း(ပြည်)