ပဲစင်းငုံ(နီ)
မန္တလေးတိုင်းဒေသကြီးအတွင်း ပဲစင်းငုံကို မိုးသီးနှံအဖြစ် စိုက်ပျိုးကြပြီး ယခင်နှစ် ဧပြီလနှင့် မေလများအတွင်းက စတင် စိုက်ပျိုး သည့် ပဲစင်းငုံများ ယခုဇန်နဝါရီလဆန်းပိုင်းစ၍ ကုန်စည်ဒိုင်ဈေး ကွက်သို့ စတင်ဝင်ရောက်လာပြီး ဇန်နဝါရီ နောက်ဆုံးပတ်တွင် လှိုင် လှိုင်ဝင်ရောက်လာကြောင်း သိရသည်။
လတ်တလောတွင် မြင်းခြံခရိုင်အတွင်းရှိ ပုဂံ၊ ညောင်ဦး၊ ပုပ္ပား နှင့် ကျောက်ပန်းတောင်းနယ်တို့မှ ပဲစင်းငုံအသစ်များ ဝင်ရောက် လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းမှု သက်တမ်းကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးမြှင့်ပေးလိုက်ခြင်းကြောင့် အရောင်း အဝယ် သွက်၊ ဈေးကောင်းရလာကြောင်း မန္တလေး ကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။
မန္တလေးကုန်စည်ဒိုင်တွင် ဖြစ်ပေါ်လျက်ရှိသော ပဲမျိုးစုံဈေး နှုန်းများအနက်မှ ဇန်နဝါရီလ ပထမပတ်တွင် ပဲစင်းငုံ(နီ) ၆၀ ပိဿာ ဝင် သုံးတင်းတစ်အိတ်လျှင် ကျပ် ၂၇၅၀ဝ၀ ဖြစ်ပြီး နောက်ဆုံးပတ် တွင် ကျပ် ၂၈၀ဝ၀ဝ မှ ၂၈၁၀ဝ၀ ဖြစ်သည်။ ပထမပတ်နှင့် နှိုင်းယှဉ် ပါက ကျပ် ၅၀ဝ၀ မှ ကျပ် ၆၀ဝ၀ မြင့်တက်လာသည်။
မတ်ပဲ
အိန္ဒိယနိုင်ငံမှ ဝယ်ယူသည့် ပဲတစ်မျိုးဖြစ်သည့် မတ်ပဲမှာလည်း အရောင်းအဝယ်သွက်လာပြီး မတ်ပဲ ၆၀ ပိဿာဝင် သုံးတင်း တစ် အိတ်လျှင် ဇန်နဝါရီနောက်ဆုံးပတ်တွင် ကျပ် ၂၅၀ဝ၀ဝ မှ ၂၇၀ဝ၀ဝ ခန့် ဖြစ်ပေါ်ခဲ့ပြီး မတ်ပဲဈေးအနည်းငယ်ကျ/တက်ဆင်းခဲ့ကြောင်းသိရသည်။
ကုလားပဲ
ဇန်နဝါရီလ နောက်ဆုံးပတ်တွင် မန္တလေးကုန်စည်ဒိုင်သို့ ကုလားပဲအသစ်များ သဲတော၊ ဝမ်းတွင်း၊ ကျောက်ဆည်၊ ကူမဲနှင့် စစ်ကိုင်းတို့မှ စတင်ဝင်ရောက်နေပြီး ကြိတ်ခွဲရန်သင့်တော်သည့် အစို ဓာတ်မရောက်သေးခြင်းကြောင့် ပဲခွဲစက်များဝယ်ယူမှုအေး၍ ဈေး ကွက်အေးကာ ဈေးနိမ့်နေကြောင်း သိရသည်။
ကုလားပဲဖြူကြီး(ဠ-၂) ၅၇ ဒသမ ၂၅ ပိဿာဝင် သုံးတင်း တစ် အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၃၂၀ဝ၀မှ ၂၃၃၀ဝ၀၊ ယခင်တစ် ပတ် ကျပ် ၂၇၀ဝ၀ဝ၊ ယခင်လ ကျပ် ၂၉၃၀ဝ၀မှ ၂၉၅၀ဝ၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၇၀ဝ၀ မှ ၃၈၀ဝ၀၊ ယခင်လထက် ကျပ် ၆၁၀ဝ၀ မှ ၆၂၀ဝ၀ နိမ့်ကျလာသည်။
ကုလားပဲဖြူကြီး(ဠ-၇) ၅၇ ဒသမ ၂၅ ပိဿာဝင် သုံးတင်း တစ် အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၃၅၀ဝ၀၊ ယခင်တစ်ပတ် ကျပ် ၂၇၂၀ဝ၀မှ ၂၇၃၀ဝ၀၊ ယခင်လ ကျပ် ၂၉၃၀ဝ၀မှ ၂၉၅၀ဝ၀ ဖြစ် သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၇၀ဝ၀မှ ၃၈၀ဝ၀၊ ယခင်လထက် ကျပ် ၅၈၀ဝ၀မှ ၆၀ဝ၀ဝ နိမ့်ကျလာသည်။
ကုလားပဲဖြူကြီး(ထိုင်ဝမ်) ၅၆ ဒသမ ၂၅ ပိဿာဝင် သုံးတင်း တစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၃၅၀ဝ၀၊ ယခင်တစ်ပတ် ကျပ် ၂၅၈၀ဝ၀မှ ၂၆၀ဝ၀ဝ၊ ယခင်လ ကျပ် ၂၇၅၀ဝ၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက် ကျပ် ၂၃၀ဝ၀မှ ၂၅၀ဝ၀၊ ယခင်လထက် ကျပ် ၄၀ဝ၀ဝ နိမ့်ကျလာသည်။
ကုလားပဲဖြူကြီး(၉၂၉) ၅၆ ဒသမ ၂၅ ပိဿာဝင် သုံးတင်း တစ် အိတ်လျှင် ယခုတစ်ပတ် ၂၃၈၀ဝ၀ ၂၃၉၀ဝ၀ကျပ်၊ ယခင်တစ်ပတ် ကျပ် ၂၆၀ဝ၀ဝ၊ ယခင်လ ကျပ် ၂၈၀ဝ၀ဝမှ ၂၈၂၀ဝ၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၁၀ဝ၀မှ ၂၂၀ဝ၀၊ ယခင်လထက် ကျပ် ၄၂၀ဝ၀မှ ၄၃၀ဝ၀ နိမ့်ကျလာကြောင်းသိရသည်။
Myantrade(မန္တလေး)