Main menu

Background

ပြည်ဈေးကွက်တွင် သင်္ကြန်ပြီးကာလ မြေပဲဆန်နှင့် မြေပဲဆီဈေးနှုန်းများ မြင့်တက်လာ

Mon, 05/05/2025 - 10:20 -- journal_editor

ပြည်ခရိုင် ပြည်မြို့တွင်  မြေပဲဆန်ဈေးနှုန်းများ  သင်္ကြန်ပြီး ကာလတွင် ပြန်လည်မြင့်တက်လာခဲ့သည်။ ပြည်မြို့သို့ မင်းတုန်းမြို့ နှင့် ပေါက်ခေါင်းမြို့ဘက်မှ မြေပဲဆန်အိတ် တစ်နေ့လျှင် ၂၀ဝ-၃၀ဝ ခန့်သာဝင်ရောက်မှု ရှိတော့သဖြင့် မြေပဲဆန် လက်ကျန်များရှားပါး လာပြီး ဝယ်လက်ဝယ်ယူမှုများသဖြင့် ဈေးနှုန်းများပြန်လည်မြင့်တက် လာသည်ဟု သိရသည်။ 
အရောင်းအဝယ် ဖြစ်မှုအနေဖြင့်လည်း နယ်စုံမှဝယ်ယူမှုရှိပြီး အဓိက ဝယ်ယူမှုရှိသော မြို့များမှာ ရန်ကုန်နှင့် မကွေးမြို့တို့ဖြစ်ပြီး လုံးဆန်ကိုသာ အဓိကထား၍ ဝယ်ယူကြသည်။ 
မကွေးမြို့ရှိ ဆီစက်လုပ်ငန်းရှင်များက ဆီကြိတ်ရန်အတွက် ဆီကြိတ်ဆန်ကို ဝယ်ယူမှုရှိသဖြင့်   တစ်နေ့လျှင် အိတ် ၃၀ဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
မြေပဲဆန်ဈေးနှုန်းများအနေဖြင့် ဧပြီလနောက်ဆုံးပတ်တွင် မြေပဲဆီကြိတ်ဆန်(အဖြူ)တစ်ပိဿာလျှင် ကျပ် ၈၂၀ဝ၊ (အနီ)တစ် ပိဿာလျှင် ကျပ် ၈၀ဝ၀ နှင့် မြေပဲလုံးဆန်(အဖြူ)တစ်ပိဿာလျှင် ကျပ် ၉၀ဝ၀၊ (အနီ)တစ်ပိဿာ လျှင် ကျပ် ၈၇၀ဝ ဖြင့် ရောင်းဝယ်လျက် ရှိသည်။ 
သင်္ကြန်မတိုင်ခင်ကာလနှင့်နှိုင်းယှဉ်လျှင် ဆီကြိတ်ဆန် (အဖြူ) တစ်ပိဿာလျှင် ကျပ် ၅၀ဝ၊ (အနီ) တစ်ပိဿာလျှင် ကျပ် ၅၀ဝ နှင့် လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ကျပ် ၆၀ဝ ၊ (အနီ) တစ်ပိဿာလျှင် ကျပ် ၅၀ဝ ဈေးတို့ဖြင့် အသီးသီး ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ 
မြေပဲဆီဈေးနှုန်း များအနေဖြင့်လည်း သင်္ကြန်မတိုင်ခင် ကာလ တွင် တစ်ပိဿာလျှင် ကျပ်  ၁၆၀ဝ၀၊ သင်္ကြန်ပြီးကာလလျှင် တစ် ပိဿာလျှင်  ကျပ် ၁၈၀ဝ၀ ဖြင့်ရောင်းချသဖြင့် တစ်ပိဿာကို ကျပ် ၂၀ဝ၀ ခန့် ဈေးနှုန်းများမြင့် တက်လာသည်။ 
ထို့ကြောင့်  ပြည်ဈေးကွက်၌    ဧပြီလနောက်ဆုံးပတ်တွင် မြေပဲဆန်နှင့် မြေပဲဆီဈေးများ ဆက်လက်မြင့်တက်လာကြောင်း သိရသည်။

 

ဝေဝေမင်း(ပြည်)