ပဲခူးတိုင်းဒေသကြီး ပြည်ဈေးကွက်အတွင်း ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားရှိသော ပဲများအားလုံး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက် ရှိကြရာ မတ်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ စသည့် သီးနှံများမှအိတ် ၇၀ဝ-၈၀ဝ ကျော် အဝင်ရှိသလို ဝယ်လိုအားအနေဖြင့်လည်း လှောင်ပဲသမားနှင့် လက်ကား ဝယ်ယူမှုများရှိသည့်အတွက် ဝင်ရောက်မှုရှိခဲ့သလောက် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။
ပဲစင်းငုံသီးနှံအနေဖြင့် ယခုကာလ ပဲအဝင်မရှိသလောက် ဖြစ် ခဲ့ပြီး တစ်ခါတစ်ရံ အိတ် ၂၀ဝ-၃၀ဝ ကျော်ဝင်ရောက်ခဲ့သည်ဟု သိရ သည်။ မတ်ပဲ၊ ပဲကြီး၊ ကုလားပဲစသည့် သီးနှံများသာ တစ်နှစ်ပတ်လုံး ရောင်းဝယ်မှုရှိပြီး ပဲစင်းငုံသီးနှံမှာ ပဲအထွက်လျော့ချိန်၊ အဝင်များ ချိန်တွင်သာ အရောင်းအဝယ်သွက်ကြောင်း သိရသည်။ ပြည်ပဲမျိုးစုံ ဈေးကွက်တွင် ရောင်းဝယ်မှု အဖြစ်များသည့် ပဲများ၏ သင်္ကြန်မတိုင်မီ ကာလဈေးနှုန်းနှင့် သင်္ကြန်ပြီးကာလဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြ လိုက်ပါသည်-
တစ်တင်း/ကျပ်
စဉ် ပဲအမျိုးအစား သင်္ကြန်မတိုင်ခင်ကာလ(ဈေး) သင်္ကြန်ပြီးကာလ(ဈေး)
၁။ မတ်ပဲ ၉၃၀ဝ၀ ၉၇၀ဝ၀
၂။ ပဲစင်းငုံ ၉၃၅၀ဝ ၉၃၀ဝ၀
၃။ ကုလားပဲ (ဟော်လန်) ၈၀ဝ၀ဝ ၈၅၀ဝ၀
ကုလားပဲ (မြကြေးမုံ) ၉၀ဝ၀ဝ ၉၂၅၀ဝ
၄။ ပဲကြီး (ရွှေကျွန်း) ၇၈၀ဝ၀ ၈၀ဝ၀ဝ
(ကမ်းနား) ၇၅၀ဝ၀ ၇၅၀ဝ၀
၅။ ဗိုလ်ကိတ် ၇၃၀ဝ၀ ၇၁၀ဝ၀
အထက်ဖော်ပြပါဈေးနှုန်းနှိုင်းယှဉ်မှုဇယားအရ မတ်ပဲသီးနှံမှာ သင်္ကြန်မတိုင်ခင်ကာလ ဈေးဆက်တိုက်အေးသောကြောင့် ပိဿာ ၂၀ တစ်တင်း ကျပ် ၉၃၀ဝ၀ ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး သင်္ကြန် ပြီးကာလတွင် ပဲဝင်ရောက်မှုမှာ နည်းသွားသော်လည်း ဝယ်လိုအား ရှိနေသည့်အတွက် နေ့စဉ် ရောင်းချမှုရှိကာ ပဲဈေးနှုန်းမှာ သင်္ကြန် မတိုင်ခင်ကာလထက် ဈေးပိုရရှိနေပြီး ပိဿာ၂၀ တစ်တင်း ကျပ် ၉၇၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု သိရသည်။
ပဲစင်းငုံသီးနှံမှာ ပိဿာ၂၀ တစ်တင်းလျှင် ကျပ် ၉၃၅၀ဝ ဖြင့် သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ပြီးကာလ ဈေးအတက်အကျမရှိဘဲ ဈေး ငြိမ်နေခဲ့သည်။ ကုလားပဲသီးနှံဈေးနှုန်းမှာ သင်္ကြန်ပြီးကာလတွင် ဈေးအနည်း ငယ်တက်လာသည်ပြီး ဟော်လန်အမျိုးအစားမှာ တစ်တင်း ကျပ် ၈၅၀ဝ၀၊ မြကြေးမုံပဲအမျိုးအစားမှာ တစ်တင်း ကျပ် ၉၂၅၀ဝ တို့ဖြင့် ခွဲစက်သမားများနှင့် ရန်ကုန်ဝယ်လက်သမားများမှ နေ့စဉ်ဝယ်ယူနေ ရသည်ဟုသိရသည်။ပဲကြီးသီးနှံမှာလည်း သင်္ကြန်ပြီးကာလတွင် ဈေးတက်ရိပ်ပြ လာခဲ့ပြီး ပဲကြော်ဖိုလုပ်ငန်းသမားများ ဝယ်ယူမှုရှိကြသည်ဟု သိရ သည်။ ဗိုလ်ကိတ်ပဲသီးနှံမှာ ပဲဈေးကွက်တွင် ဈေးနိမ့်နေသလို ဈေး ထပ်မံလျော့နည်းခဲ့သောကြောင့် ပိဿာ ၂၀ တစ်တင်း ကျပ် ၇၁၀ဝ၀ ဖြင့် အိတ် ၂၀ဝ-၃၀ဝ ကျော် အဝင်ရှိသလောက် အရောင်းအဝယ် ဖြစ်ခဲ့သည်ဟု သိရသည်။
ခင်ဆွေဝင်း (ပြည်)