Main menu

Background

မကွေးဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ကုလားပဲ၊ ပဲစင်းငုံနှင့် မတ်ပဲဈေးနှုန်း အခြေအနေ

Mon, 05/05/2025 - 10:27 -- journal_editor

မကွေးတိုင်းဒေသကြီး   မကွေးမြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်ရွာ ဟောင်းကန်၊သစ်ရာ ကောက်စသည့်  ကျေးရွာများနှင့်  စလင်း၊  ဆင်ဖြူကျွန်း၊ နတ်မောက်၊ တောင်တွင်းကြီး၊ မြို့သစ်မြို့တို့မှ  ထွက်ရှိသော   ပဲတီစိမ်း၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲ၊ ကုလားပဲနှင့် နှမ်းသီးနှံများ မကွေးဈေးကွက်သို့ နေ့စဉ် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ 
ကုလားပဲ
မကွေးဈေးကွက်၌ မြို့သစ်၊ တောင်တွင်းကြီး၊ နတ်မောက် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသည့် ကုလားပဲ သီးနှံ များ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဈေးနှုန်း အနေဖြင့် ဧပြီလ စတုတ္ထပတ်တွင် ကုလားပဲ(ဟော် လန်)တစ်တင်းလျှင် ကျပ် ၇၆၀ဝ၀၊ ကုလားပဲ (၉၂၉) တစ်တင်း လျှင် ကျပ် ၇၇၀ဝ၀ ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကုလားပဲ (ဟော်လန်) ကျပ် ၃၃၀ဝ၊ ကုလားပဲ(၉၂၉) ကျပ် ၂၇၀ဝ ဈေးနှုန်း မြင့်တက်လာကြောင်း သိရသည်။ 
ဈေးကွက်အနေဖြင့်   တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ ကုလားပဲအိတ်ရေ ၁၀ဝ၀ ၊ ပဲခူးမြို့သို့ အိတ်ရေ  ၂၀ဝ၀ တင်ပို့ပြီး တန်ချိန် ၁၅၀ ခန့် အရောင်းအဝယ် ဖြစ် ကြောင်း သိရသည်။ 
ပဲစင်းငုံ
ဧပြီလစတုတ္ထပတ်တွင် ပဲစင်းငုံနီ တစ်တင်းလျှင် ကျပ် ၉၆၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ် နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများသို့ တင်ပို့ လျက်ရှိကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ ပဲစင်းငုံအိတ်ရေ ၁၀ဝ၀ တင်ပို့ပြီး တန်ချိန်၁၀ဝ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။
မတ်ပဲ
ဧပြီလ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ် နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊ ဈေး ကွက် အနေဖြင့် တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ မတ်ပဲအိတ်ရေ ၂၀ဝ၀ တင်ပို့ပြီး တန်ချိန် ၅၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

 

ရဲမင်းသာ (မကွေး)