မကွေးတိုင်းဒေသကြီး မကွေးမြို့အနီးပတ်ဝန်းကျင်ရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများ၊ နတ်မောက်၊ တောင် တွင်းကြီး၊ မြို့သစ်မြို့နှင့် မြစ်အနောက်ဘက်ကမ်းရှိ စလင်း၊ ဆင်ဖြူကျွန်းတို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲ၊ ကုလားပဲနှင့် နှမ်းသီးနှံများ မကွေးဈေးကွက်သို့ နေ့စဉ် ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ကုလားပဲ
မကွေးဈေးကွက်၌ မြို့သစ် တောင်တွင်းကြီး နတ်မောက် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသည့် ကုလားပဲသီးနှံ များ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် ဇွန်လ စတုတ္ထပတ်တွင် ကုလားပဲ(ဟော် လန်)တစ်တင်းလျှင် ကျပ် ၈၅၅၀ဝ၊ ကုလားပဲ (၉၂၉)တစ်တင်း လျှင် ကျပ် ၈၆၄၀ဝ ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ယခင်တစ်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ဈေး နှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။ ဈေးကွက်အနေဖြင့် တစ်လအတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ ကုလားပဲအိတ်ရေ ၃၀ဝ၀၊ မန္တလေးမြို့သို့ အိတ်ရေ ၂၀ဝ၀၊ ပဲခူးမြို့သို့ အိတ်ရေ ၅၀ဝ တင်ပို့ပြီး တန်ချိန် ၅၀ဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ပဲစင်းငုံ
ဇွန်လ စတုတ္ထပတ်တွင် ပဲစင်းငုံနီ တစ်တင်းလျှင် ကျပ် ၈၆၄၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်လအတိုင်း ဈေးနှုန်း တည်ငြိမ်နေကြောင်း သိရသည်။ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများသို့ တင်ပို့လျက်ရှိကြောင်း၊ တစ်လအတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ ပဲစင်းငုံအိတ်ရေ ၂၀ဝ၀ တင်ပို့ပြီး တန်ချိန် ၂၀ဝ ခန့် အရောင်းအဝယ်ဖြစ် ကြောင်း သိရသည်။
မတ်ပဲ
ဇွန်လ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ ဖြင့် အရောင်း အဝယ် ဖြစ် လျက်ရှိပြီး ယခင်လအတိုင်း ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တစ်လအတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ မတ်ပဲအိတ်ရေ ၃၀ဝ၀တင်ပို့ပြီး တန်ချိန် ၁၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ပဲကြီး
ဇွန်လ စတုတ္ထပတ်တွင် ပဲကြီး တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ကျပ် ၅၀ဝ၀ ဈေးနှုန်းမြင့်တက်လာ ကြောင်း၊ ဈေးကွက်အနေဖြင့် တစ်လအတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ ပဲကြီးအိတ်ရေ ၂၀ဝ၀ တင်ပို့ပြီး တန်ချိန်၁၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ရဲမင်းသာ (မကွေး)