Main menu

Background

ပြည်ပဲဈေးကွက်အတွင်းရှိ ပဲများ၏ လအလိုက် ဈေးနှုန်းနှိုင်းယှဉ်မှု

Mon, 07/07/2025 - 12:26 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်ပဲမျိုးစုံဈေးကွက်တွင် လက်လီ၊ လက်ကား အရောင်းအဝယ် ဖြစ်နေခဲ့သော ပဲသီးနှံများမှာ မတ်ပဲ၊ ပဲစင်းငုံ၊ ထောပတ်ပဲ၊ ပဲနီပြား ၊စားတော်ပဲ စသည့် သီးနှံများဖြစ် သည်။ ယခင်နှစ်က မတ်ပဲ၊ ပဲစင်းငုံနှင့် ထောပတ်ပဲမှာ တစ်တင်းလျှင် ကျပ်တစ်သိန်းအထက် ဈေးဖြင့် ရောင်းဝယ်နေခဲ့ပြီး ယခုနှစ်တွင် ထိုပဲများမှာ ကျပ်တစ်သိန်းအောက်ကို ကျဆင်းလာခဲ့သည်။ 
ထိုပဲများမှာ ဒေသတွင်းသာ ရောင်းဝယ်လျက်ရှိပြီး ရန်ကုန်ဝယ်လက်နှင့် လက်လီ/လက်ကား သမား အချို့သာ ဝယ်ယူမှုရှိ၍ ဈေးမှာ မြင့်လာခြင်းမရှိကြောင်း တွေ့ရသည်။ ပဲနီပြားနှင့် စားတော်ပဲ သာ ကျပ်တစ်သိန်းအထက် ရပ်တည်နေခဲ့သည်။  ပြည်ဈေးကွက်တွင် ရောင်းဝယ်နေခဲ့သော ပဲများ၏ ယခုနှစ်အတွင်း လအလိုက်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများကို အောက်ပါအတိုင်းလေ့လာတွေ့ ရှိရသည်-                               
ရေတွက်ပုံ ပိဿာ ၂၀/တင်း (ကျပ်)
    စဉ်               ပဲအမျိုးအစား                     ၂၀၂၅       ၂၀၂၅        ၂၀၂၅         ၂၀၂၅    
                                                               ဧပြီ             မေ          ဇွန်    ဇူလိုင်လဆန်း

    ၁။    မတ်ပဲ                                            ၉၇၀ဝ၀     ၉၈၀ဝ၀     ၉၇၀ဝ၀     ၉၇၀ဝ၀
    ၂။    ပဲစင်းငုံ                                           ၉၅၀ဝ၀    ၉၂၅၀ဝ       ၈၇၀ဝ၀     ၈၇၀ဝ၀
    ၃။    ထောပတ်ပဲ                                     ၉၀ဝ၀ဝ    ၉၀ဝ၀ဝ      ၉၀ဝ၀ဝ     ၉၅၀ဝ၀
    ၄။    ပဲနီပြား                                         ၁၄၅၀ဝ၀   ၁၄၀ဝ၀ဝ    ၁၄၀ဝ၀ဝ    ၁၅၀ဝ၀ဝ
    ၅။    စားတော်ပဲ                                    ၁၄၀ဝ၀ဝ    ၁၅၅၀ဝ၀    ၁၆၀ဝ၀ဝ    ၁၆၅၀ဝ၀
မတ်ပဲသီးနှံသည် လက်ကားရောင်းဝယ်မှုရှိပြီး ဧပြီလမှစ၍ ဇူလိုင်လဆန်းပိုင်းအထိ ဈေးသိသိ သာသာမြင့်တက်မှုမရှိဘဲ ဈေးငြိမ်နေခဲ့သည်။ ရန်ကုန်အဝယ်ရှိသဖြင့် ပဲလက်ကျန်များလိုသလောက် ရောင်းချမှုရှိကြောင်း သိရသည်။ 
ပဲစင်းငုံသီးနှံသည် ယခုနှစ်အတွင်း ပြည်ပဝယ်လိုအား နည်းသွားသည့်အတွက် ဈေးမှာ ယခင် နှစ်ကထက် သိသာစွာ ကျဆင်းလာခဲ့သည်။ ရန်ကုန်ဝယ်လက်သမားများ အဓိကထား ဝယ်ယူပြီး တစ်ရက်လျှင် အိတ် ၂၀ဝ-၃၀ဝ ကျော် ရောင်းဝယ်မှုဖြစ်ခဲ့ကြောင်း သိရသည်။ 
ပြည်တွင်း လက်လီဝယ်လက်သမားများနှင့် ပြည်တွင်းစားသုံးမှုများသော ထောပတ်ပဲသီးနှံ သည် ယခုကာလ ပဲဟောင်းလက်ကျန်များသာရှိခဲ့သည့်အတွက် လက်လီသမားများဖြင့်သာ နေ့စဉ် ရောင်းဝယ်နေကြရပြီး ဇူလိုင်လဆန်းပိုင်းတွင် တစ်တင်းလျှင် ကျပ် ၉၅၀ဝ၀ ဖြင့် ဈေးများ ပြန်လည် မြင့်တက်လာခဲ့သည်။ ထောပတ်ပဲသီးနှံမှာ ယခင်နှစ်လောက် ဈေးမရသော်လည်း ဒေသတွင်း စားသုံး မှုများသဖြင့် အရောင်းအဝယ် ပုံမှန်ဖြစ်ပြီး တစ်ရက်လျှင် လက်လီ/လက်ကား ဝယ်ယူမှုအနေဖြင့် အိတ် ၄၀-၅၀ ခန့် အရောင်းအဝယ်ဖြစ်သည်ဟု သိရသည်။ 
ထောပတ်ပဲနှင့်  ပဲနီပြားသီးနှံများသည် ပဲပေါ်ချိန် အထွက်လှိုင်ချိန်များတွင် ဈေးကွက်သို့ ဝင်ရောက်မှုများသလို အရောင်းအဝယ်ဖြစ်မှုမှာလည်း လက်ကားအဝယ်ရှိသည့်အတွက် ရောင်းအား သွက်ခဲ့သော်လည်း ကျန်ကာလများတွင် လှောင်ပဲလက်ကျန်များဖြင့်သာ ရောင်းချနေကြရသော သီးနှံများဖြစ်ကြသည်။
နေ့စဉ်စားသုံးမှုများသော စားတော်ပဲသီးနှံသည် လက်လီရောင်းဝယ်မှုများပြီး နေ့စဉ်အရောင်း အဝယ်ဖြစ်လျက်ရှိသည်။   စားတော်ပဲမှာ ပြည်တွင်းစားသုံးသူများပြီး  ထမင်းနှင့်  လည်းကောင်း သရေစာလုပ်၍ လည်းကောင်း စားသုံးကြသည်။ 
မတ်ပဲ၊ ပဲစင်းငုံ၊ ထောပတ်ပဲမှာ ယခင်နှစ်ထက်စာလျှင် ဈေးနှုန်းများ ကျဆင်းလာပြီး လ အလိုက်လည်း သိသိသာသာ  မြင့်တက်မှုမရှိဘဲ ဈေးငြိမ်နေကြောင်း  တွေ့ရသည်။ ပဲနီပြားနှင့်  စားတော်ပဲသီးနှံမှာ ယခင်နှစ်ထက် ဈေးများမြင့်တက်လာကြောင်း သိရသည်။                                                                                      

ဝေဝေမင်း(ပြည်)